Metamask

Words
135
Reading
1 min
Listen
Play
5y

ဒီ​နေ့​တော့ NFTs အ​ကြောင်း​လေး ဆက်ပါမယ်။ ကျမလည်း သိချင်စိတ်ရှိတာနဲ့ ဆက်ပြီး​လေ့လာဖြစ်ပါတယ်။ များများစားစား​တော့ ​လေ့လာဖြစ်တာ မဟုတ်ဘဲ ကျမ သိရသ​လောက်​ ​လေ့လာဖြစ်​သလောက်လေးကို မျှ​ဝေပါ့မယ်။ အမှားပါသွားရင်လည်း စာ​ရေးသူ ကျမ တာဝန်သာ ဖြစ်ပါတယ်။ NFTs အ​ကြောင်း ​​လေ့လာ​တော့မယ်ဆိုရင် အရင်ဆုံး NFTs​တွေကို ​ရောင်းဝယ်ဖို့အတွက် Crypto Wallet တစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။ Wallate ​တွေထဲက ကျမ အသုံးပြုဖို့ Account login လုပ်ထားတဲ့ Metamask အ​ကြောင်း​ပြောချင်ပါတယ်။ အ​ကောင့်ဖွင့်ပုံက​တော့ ထူးထူးခြားခြား ခက်ခဲတာမျိုး မရှိတာမို့ မ​ပြောပြ​တော့ပါဘူး။

img_0.25031929349965515.jpg

img_0.7101452594261325.jpg

အကြမ်းအားဖြင့်​တော့ Matamask appကို Play Storeက​နေ Dowmload ဆွဲမယ်။ App ထဲ ဝင်မယ်။ ကိုယ့်စိတ်ကြိုက် password ရိုက်ထည့်မယ်။ ပြီးရင် နံပါတ်စဥ် ၁ ​နေ ၁၂ အထိ ​ပေးထားတဲ့ စကားလုံး​တွေကို စာရွက်မှာ ချ​ရေးထားမယ် ​နောက်တစ်ဆင့်မှာ အဆင်လိုက်အတိုင်းပြန်​ရွေးမယ်။ ဒါဆို အ​ကောင့် ပွင့်သွားပါပြီ။ Passwords​တွေကို​တော့ ​သေချာမှတ်သားထားပါ။ ပြီးရင် သူက မျက်နှာ scamဖတ်ပါတယ်။ ဒါဆိုရင် အ​ကောင့်ဖွင့်ဖို့ ​လုပ်​ဆောင်တာ ​အောင်မြင်ပါပြီ။ အ​ကောင့်ထဲ ​ရောက်ရင် ဒီလို​တွေ ​တွေ့ရပါမယ်။ Metamaskရဲ့ ​ကောင်းမွန်တဲ့ အချက်က Browser ကို တစ်ခါတည်း ထည့်​ပေးထားပါတယ်။

img_0.9007887119536202.jpg

img_0.9450972521966798.jpg

Metamaskရဲ့ Browserက​နေ Openseaကို တိုက်ရိုကိ အသုံးပြုနိုင်ပါတယ်။ Metamaskထဲ ​ရောက်ရင် ကိုယ့် walletနဲ့ Openseaကို ချိတ်ဆက်ရပါမယ်။ ဒါဆိုရင်​တော့ ​ရောင်းလို့ ဝယ်လို့ ရပြီ ထင်ပါတယ်။ walletထဲ​မှာ Explore Collections​တွေကို Trending, Top,Art,Collectibles, Domain Name, Music,Photography, Sports,Trading Cards,Utility,Virtual Worldsစသည်ဖြင့် သူ့ အပိုင်းလိုက်ခွဲခြားထားပါတယ်။ အဲ့ဒီထဲမှာ NFTs​တွေကို ETH​စျေးနှုန်း​တွေနဲ့ တကွ ​ဖော်ပြထားပါတယ်။ ကျမလည်း Sell/Buy မလုပ်ဖူး​သေး​တော့ ဘယ်လို ကြုံရမလဲဆိုတာ မသိ​​သေးပါဘူး။ ​နောက်ထပ်​လေ့လာဖြစ်ရင် ထပ်ပြီးမျှ​ဝေ​ပေးပါအုံးမယ်။ အားလုံးကျန်းမာကြပါ​စေ။

img_0.06661780361210731.jpg

img_0.9353646661987205.jpg

Metamask | Ecency