Group 3 အပေါင်း သူတော်ကောင်းတို့ရေ...

Words
65
Reading
1 min
Listen
Play
8y

တနင်္လာ Proလေးကတော့ လူအင်အားနည်းပါးစွာနဲ့ ၃ယောက်တည်းရယ်ပါ။ အမြဲ တင်နေကျ ဖောက်သည်ကြီး ဦးထွေးရယ် မယ်ပြည့်နဲ့ မတ်မတ်စု ပိုလ့် ၃ခုသာ တွေ့ရပါတယ်။ အရင်က Proနေ့လေးဆို လူစည်ကားလှတဲ့ Groupချက်လေးလည်း ငြိမ်လို့။
ဦးဇင်းရဲ့ ဆုံးမစာလေးတွေလည်း ပျောက်နေခဲ့တယ်။
Slရဲ့ အတွေ့အကြုံတွေလည်း ဝေးနေခဲ့တယ်။
အောင်ကြီးကတော့ ခရီးသွားနေလို့ ထားပါတော့လေ။
ခိုဇာရဲ့ ဇာတ်လမ်းတွေလည်း လွမ်းနေခဲ့တယ်။
ဆိုလာပြား ဂြိုလ်တု အကြောင်းလေးလည်း မဖတ်ရတော့ တမျိုးလေးခံစားရတယ်။
ဂျပန်စာသင်နေတဲ့ ကောင်လေးလည်း သင်တန်းမှာပျော်နေပြီလား။ ကျန်တဲ့သူတွေ အားလုံးကိုလည်း သတိရပါတယ်။

IMG_20180806_004658.png
photo by me

Group 3က မိသားစုအားလုံး ရေးသမျှ တွေးသမျှလေးတွေလည်း တင်ကျ ရေးကျပါအုံးလို့။ အရင်လို ပျော်ပျော်ကြီး ဘုတ်ပေး မန့်ပေးချင်လို့ပါ။ စာရေးကျပါ ပိုလ့်တင်ကျပါ။ Groupလေးကို ပစ်မထားကျပါနဲ့လို့ တောင်းဆိုတိုက်တွန်းပါရစေခွယ်😂😂😂😂😂😂

မေတ္တာများဖြင့် မတ်မတ်စု

suhlaing@suhlaing
msc 175

Group 3 အပေါင်း သူတော်ကောင်းတို့ရေ... | Ecency