မပြောချင်ပေမဲ့ နည်းနည်းတော့ ပြောပါရစေ။ ကိုယ်က အမျိုးသမီးဆိုတော့ အမျိုးသမီးတွေကိုဘဲ ပြောပါ့မယ်။ ဒီဘက်ခေတ်မှာ social mediaတွေ အသုံးပြုတာနဲ့ ပတ်သက်ပြီး လွှဲမှားစွာ အသုံးချကရာကနေ အရှက်တခွဲဖြစ်ရတဲ့ ဖြစ်ရပ်တွေဟာ သိပ်မဆန်းကြယ်လှတော့ဘူးတောင် ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေကြောင့် တစ်ချို့ အသက်သေသည်အထိ တစ်ချို့ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲလောက်အောင်အထိ ဘဝကော နာမည်ကော သေဆုံးသွားရတက်လို့ပါ။ Social media တွေထဲကမှ viber face book နဲ့wechatတို့ဟာ ထင်ရှားပြီး လူသုံးများလှပါတယ်။ အထူးသဖြင့် facebookဟာ သုံးရအလွယ်ကူဆုံးနဲ့ လူကြိုက်အများဆုံး social mediaဖြစ်ခု ဖြစါပါတယ်။ ကိုယ့်စိတ်ကြိုက်ပိုလ့်တွေ တင်နိုင်တယ်။ ဓာတ်ပုံလှလှလေးတွေ ရိုက်တင်နိုင်တယ်။ ဒါအပြင် chat boxလို့ ခေါ်တဲ့ messangerကနေလည်း စာလေးတွေ ပို့နိုင်ပါတယ်။
messangerဆိုတာက လူမသိ သူမသိ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာပို့လို့ ရတဲ့နေရာ။ ဒီမှာ မိန်းကလေးတွေ Fbသုံးတယ်။ လာ addတဲ့ Friတွေကို စိစစ်လေ့လာခြင်းမရှိဘူး။ တွေ့ရာလက်ခံကျတယ်။ နောက်တော့ အပြောလေးနဲ့ သာယာပြီး ချစ်သူတွေဖြစ်ကျတယ်။ အဆင်မပြေတော့ ပြောထားတဲ့ စကားတွေ Ssရိုက် Fbပေါ်တင် အရှက်ခွဲခံရတယ်။ ပြောချင်တာက အပြင်မှာဘဲ ဖြစ်ဖြစ် FBမှာဘဲ ဖြစ်ဖြစ် မိန်းကလေးတွေ ကိုယ့်ကိုကိုယ်တန်ဖိုးထားစေချင်တာပါဘဲ။ စိတ်ကွယ်ရာမို့ လူမသိဘူးဆိုပြီး တစ်ကိုယ်လုံးပုံပြီး မအပ်စေချင်ပါ။ မွေးထားရတဲ့ မိဘတွေ ရင်ကျိုးရမဲ့ လုပ်ရက်မျိုးကို မိန်းကလေးတွေ အနေနဲ့ရှောင်စေချင်ပါတယ်။
Social ခေတ်မို့ Fbသုံးချင်သပဆို သုံးပါ။ ဒါပေမဲ့ အပြစ်ကင်းအောင် သုံးကျပါ။ Fbပေါ်ဘဲ လေလှိုင်းပေါ်အန္တရာယ်မရှိဘူး မထင်ပါနဲ့။ မိန်းကလေးလေးတွေအဖို့ အန္တရာယ်ဆိုတာ နေရာတိုင်းမှာရှိနိုင်ပါတယ်။ သတိထားရှောင်ရှားနိုင်ရန်သာလိုပါတယ်။ FB သုံးမယ်ဆိုရင် အမျိုးသမီးတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေ သိသလောက်ပြောပြချင်ပါတယ်။ Fbအကောင့်ကို ကိုယ်တိုင်မဖွင့်တက်ရင် သူများကို ဖွင့်ခိုင်းလို့ ရပါတယ်။ ဒါပေမဲ့ အကောင့် ဖွင့်ပြီးတာနဲ့ ဘာမှ မတင်ရသေးခင် pass ပြောင်းနည်းလေးပါ တစ်ခါတည်းသင်ခဲ့ပါ။ ဘယ်လောက်ယုံကြည်ရတဲ့သူက အကောင့်ဖွင့်ပေူသည်ဖြစ်စေ မိမိလက်ထဲ အကောင့်ရောက်တာနဲ့ pass ပြန်ချိန်းပါ။ ဒါဆိုရင် စိတ်ချရပြီလားဆိုတော့ မဟုတ်သေးပါဘူး။ စကျူ ရတီထဲ ဝင်ပြီး mail ဒါမှ မဟုတ် ဖုန်းနဲ့ ဖွင့်ခဲ့တယ်ဆိုရင် only me ထားပေးပါ။ Fri လက်ခံတဲ့နေရာမှာလည်း ကိုယ့်ကိုလာပြီး comfirnတာနဲ့ သူ့ အကောင့်ကို ဝင်စစ်ပါ။ အကောင့်အတုလား အစစ်လား ဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လိုလူတွေနဲ့ သူငယ်ချင်းလည်းဆိုတာ လေ့လာပါ။ နောက်ဆုံး Fbမှာ ချစ်သူထားမယ်ဆိုရင်တောင် လွန်ကျူးတဲ့ စကားလုံးတွေ အပြောတွေ မပို့နိစေဖို့ သတိထားစေချင်ပါတယ်။ ဒါတွေဟာ တစ်ချိန်မှာ ကိုယ့်လည်ပင်းကို ကိုယ်စွတ်နိုင်လို့ပါဘဲ။ ဒီလောက်ဆိုရင် နည်းနည်းတော့ သဘောပေါက်လောက်ပြီထင်ပါတယ်ရှင့်..
အားလုံးကို ကျေးဇူးတင်လျှက်
@suhlaing
msc 175