ဆောင်းငွေ့လွင့်ပျယ် သည်ရာသီဝယ်

Words
80
Reading
1 min
Listen
Play
8y

နှင်းမှုန်တွေပျယ်တဲ့ ဒီရာသီမှာ ဆောင်းကြွင်းရနံ့ ကလည်း မြောက်လေနဲ့အတူ အဝေးဆီိကို လွင့်ပါးသွားပါပြီ။ အအေးဓာတ်လေးကတော့ မနက်ပိုင်းမှာ မဆိုသလောက်ကလေး အေးမြမြနဲ့ ရှိနေပါသေးတယ်။ ဟိုရက်တွေကတော့ မိုးရိပိမိုးသားတွေတက်ပြီး မိုးရွာသွားတာကြောင့် အအေးဓာတ် ပိုလာပေမဲ့ မတ်လဆန်းမှာ တော်တော်လေး နေလို့ ကောင်းလာပါတယ်။ ဒီရာသီလေးဟာ မအေး မပူနဲ့ လူတွေ အတော်နှစ်သက်တဲ့ ရာသီဥတုလည်း ဖြစ်ပါတယ်။

IMG_20190310_153003.png
source

ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်ရွက်နုလေးတွေဟာ ပင်ယံထက်မှာ အစီအရီ ထွက်နေကျပါတယ်။ လှပတဲ့ ရွက်နုတွေကိုယ်ဆီနဲ့ နွေဦးပေါက်ရာသီိကို ကြိုဆိုနေကျပါပြီ။ အရိပ်ရအပင်တွေဟာလည်း နွေရာသီအမီ အရိပ်အာဝါသပေးနိုင်ဖို့ အတွက် ပြင်ဆင်နေကျပါပြီ။ အိမ်ရှေ့က စံပယ်တွေလည်း ရွက်သစ်တွေနဲ့အတူ ဖူးတံစီစီလေးတွေ ထွက်လို့နေပါပြီ။ မိုးရာသီမှာ ပွင့်တဲ့ စံပယ်ထက် ဒီရာသီမှာ ပွင့်တဲ့ စံပယ်ဟာ ပိုပြီး ရနံ့မွှေးမြလို့ နေပါတယ်။ အရောင်အသွေးဟာလည်း ပိုပြီး ဖြူစင် တောက်ပတယ်လို့ မြင်မိပါတယ်။

နွေဥသြရဲ့ အသံကို မကြားမိပေမဲ့ သူလည်း လွမ်းဆွေးဖို့ရာ အဆင့်ဖြစ်နေလောက်ပါပြီ။ တန်ခူးအမီပွင့်လန်းလာကျမည့် ပိတောက်ပင်တွင်လည်း ရွက်နုလေးများအဆင့်မှ အစိမ်းရင့်ရောင်သို့ ပြောင်းလဲကာ လာကျလေပြီ။ သည်တစ်ဆောင်းပြောင်းလို့ သည်တစ်နွေရောက်ပြန်ပါလေပြီ။

IMG_20190310_153222.png
source

suhlaing@suhlaing
msc 175