Detox Water

Words
98
Reading
1 min
Listen
Play
1y

မင်္ဂလာပါ အမျိုးတို့ရေ။ ဒီနေ့တော့ လိုင်းပေါ်မှာခေတ်စားနေတဲ့ Detox Water လုပ်နည်းလေးအကြောင်းကို မျှဝေသွားပါမယ်။ Detox Waterလုပ်နည်းကို တွေ့နေတာတော့ ကြာပါပြီ။ ကိုယ်တိုင် မစမ်းသပ်ဖူးသလို အဓိက က အကျိုးကျေးဇူးတွေကို သေချာမသိတာလည်း ပါပါတယ်။

Detox Waterလုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ် သိပ်မဝပဲ ဗိုက်ဆူနေတဲ့ ကိုယ့်ဟာကို သတိထားမိသွားလို့ ဖြစ်ပါတယ်။ ဒါနဲ့ ပူနေတဲ့ ဗိုက်ကို ချပ်စေချင်တာကြောင့် နည်းလမ်းတွေ ရှာကြည့်ပါတော့တယ်။ အမျိုးသမီးဆိုတော့ အသက် ဘယ်လောက်ဖြစ်ဖြစ် လှချင်ရှာတာကိုး။

ဒါနဲ့ပဲ Detox Waterသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို လေ့လာဖြစ်ပါတယ်။ ရရှိလာမည့် အကျိုးကျေးဇူးကတော့ စုံပါတယ်။ ခံတွင်းနံ့ နံတာတွေ အူမကြီးမှာ ကျန်ရှိနေတဲ့ စားကြွင်းစားကျန်နဲ့ မစင်တွေကို ရှင်းထုတ်ပေးပါသတဲ့။ ဘယ်လိုပဲ သွားတိုက်တိုက် စကားပြောရင် ခံတွင်းနံ့နံတာက အူမကြီး မသန့်ရှင်းတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် အူမကြီးကို တပတ် ၂ကြိမ်လောက်Detox Waterသောက်ပြီး သန့်ရှင်းပေးရင် ဗိုက်ချပ်သလို အဆီပိုတွေလည်း ကျပါသတဲ့။

ဒါကြောင့် ကျွန်မကတော့ အခုတပတ်ကနေ Detox Waterကို စတင်သောက်သုံးနေပါပြီ။ လုပ်ရတာလည်း လွယ်ကူလှပါတယ်။ သခွားသီး သံပုရာသီး ဂျင်း ပူစီနံတို့ကို ရောပြီးတော့ ဖန်ခွက်ထဲမှာ ၄နာရီကြာ စိမ်ပြီး ရလာတဲ့ အရည်ကို သောက်သုံးပေးရုံပါပဲ။ အဖတ်တွေ စားစရာမလိုပါဘူးနော်။ ကဲ... ဒါဆိုရင် အဆီကျပြီး ဗိုက်ချပ်ခင်တဲ့ဘအမျိုးတွေရှိရင် စမ်းသောက်ကြည့်လိူက်နော်။ ကျွန်မလည်း စတင်နေပါတယ်လို့ မျှဝေလိုက်ပါတယ်။

Detox Water | Ecency