Beautiful Photo Edit & Snapshot

Words
77
Reading
1 min
Listen
Play
1y

မင်္ဂလာပါ။ မိတ်ဆွေတွေ အားလုံး နေကောင်းကြရဲ့လား။ ကျွန်မကတော့ ကျန်းမာပါတယ်။ အခုတလော ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာတာတွေ အဖြစ်များနေကြတာမို့ ကျန်းမာရေးကို ဂရုစိုက်ကြပါ။

ကျွန်မလည်း Hiveပေါ်မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ စာတွေလည်း မရေးဖြစ်တော့ပါဘူး။ ရေးမယ်လုပ်လိုက် လေ့လာစရာတွေက ပေါ်လာလိုက်နဲ့ အချိန်တွေ အတော်များများက Youtubeပေါ်မှာ ကုန်နေခဲ့ပါတယ်။

အခုတလောမှာတော့ ကျွန်မက ဓာတ်ပုံပညာကိုလေ့လာဖြစ်ပါတယ်။ အလှဓာတ်ပုံတွေ ရိုက်ကူးရတာ ဝါသနာပါပေမဲ့ အမြဲတမ်း စားဝတ်နေရေးအလုပ်တွေကိုသာ အချိန်ပေးနေရတာမို့ ဝါသနာကို မလုပ်ဖြစ်ခဲ့ပါဘူး။

အခုတော့ ဘဝနေမဝင်ခင် ဝါသနာပါတာလေး ထ လုပ်ဖြစ်တယ်ဆိုပါတော့။ တောရိုက်တောင်ရိုက်ကနေ စနစ်တကျ ရိုက်တက်လာဖို့ သင်ယူနေဆဲ ရှိသေးတာမို့ တောရိုက်တောင်ရိုက်ပုံလေးတွေကို မျှဝေလိူက်ပါတယ်။

Before

After

ဒီပုံလေးတွေ​ကတော့ Samsung A21sလေးနဲ့ ရိုက်ကူးထားတဲ့ ဆောင်းစံပယ်ပန်းပုံလေးဖြစ်ပါတယ်။ ပြီးတော့မှ Photographyသမားတွေ အသုံးပြုလေ့ရှိတဲ့ Liferoomနဲ့ Editထားတာ ဖြစ်ပါတယ်။

Before

After

Photoတွေကို4:3နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Liferoomမှာ Lifeနဲ့ Colour အနည်းငယ် Editလုပ်ထားပါတယ်။

ဒီပုံလေးကတော့ Cool Colourကို အသုံးပြုရိုက်ကူးထားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Beautiful Photo Edit & Snapshot | Ecency