တစ်ခါတလေကျရင် ဘဝက "အပြေးပြိုင်ပွဲ" တစ်ခုလိုပါပဲ။
မနက်လင်းတာနဲ့ စတင်လိုက်တဲ့ အလုပ်တာဝန်တွေ၊ ဖြေရှင်းရမယ့် ပြဿနာတွေနဲ့ ရုန်းကန်ရတဲ့ လောကဓံကြားမှာ ကိုယ်ဝါသနာပါတဲ့ဘက်ကို လှည့်ကြည့်ဖို့တောင် အချိန်မပေးနိုင်ခဲ့ဘူး။
တကယ်တော့...
စိတ်ထဲမှာ ရေးချင်တဲ့အကြောင်းအရာတွေက တောင်ပုံရာပုံပါ။
တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံသစ်တွေ
မျှဝေချင်တဲ့ ဗဟုသုတတွေ
ပြီးတော့... ခင်မင်ရတဲ့ Community သားတွေနဲ့ စကားလက်ဆုံ ပြောချင်တာမျိုးတွေပေါ့။
ဖုန်းကို ကိုင်လိုက်တိုင်း "ဒီနေ့တော့ Hive မှာ စာတစ်ပုဒ်လောက် တင်ဦးမယ်" လို့ တွေးမိပေမယ့်၊ လက်တွေ့မှာတော့ မျက်တောင်တစ်ခါခတ်လိုက်ချိန်မှာပဲ ညဉ့်နက်သွားခဲ့ပြန်ပြီ။
အားလုံးကို နှုတ်ဆက်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုယ် ပြန်နှုတ်ဆက်ဖို့တောင် အားအင်က မကျန်တော့တဲ့ နေ့ရက်တွေပေါ့ရှင်။
"အချိန်မရဘူး" ဆိုတာထက် "အချိန်တွေက လုယူသွားတယ်" ဆိုတာက ပိုမှန်ပါလိမ့်မယ်။
ဒါပေမဲ့ ကျွန်မ Hive ကို မေ့မသွားပါဘူး။ ဒီ Community က ကျွန်မအတွက် စာရေးရုံတင်မကဘဲ မိတ်ဆွေတွေနဲ့ ခင်မင်ခွင့်ရတဲ့နေရာလေးတစ်ခုဖြစ်လို့ပါ။
အခုလောလောဆယ် "ပျက်ကွက်" နေတာကို နားလည်ပေးကြဖို့နဲ့၊ မကြာခင်မှာ အားအင်အပြည့်နဲ့ ပြန်လာနိုင်မှာပါ။
ခဏတာ ဝေးကွာနေပေမယ့် အားလုံးကို သတိရနေဆဲပါ။
ပုံလေးတွေကတော့ မပြောင်းလဲနိုင်သေးတဲ့ SAMSUNG A 21Sလေးနဲ့ ရိုက်ထားတာပါ။