အဆင်းကြီးကို ဂီယာကြီးဖြင့်

Words
72
Reading
1 min
Listen
Play
1y

ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ ပြန်ဆင်းရာတွင် အဓိက အဆင်းကြီး ၂ခုကို တွေ့ရပါသည်။ ပထမအဆင်းကြီးမှာ ပြင်စာရွာအလွန် ၆ထပ်ကွေ့ဖြစ်ပြီး ဒုတိယအဆင်းကြီးမှာ ၂၁မိုင်အကျော် အဆင်းကြီး ဖြစ်သည်။ ကျွန်မသည် ပြင်ဦးလွင်သို့ အတက်တွင် ဆိုင်ကယ်ကို ကားဖြင့်တင်ဆောင်ခဲ့သော်လည်း မန္တလေးသို့ ပြန်ဆင်းရာတွင် ကိုယ်တိုင်မောင်းဆင်းခဲ့သည်။

ကားဖြင့်လာစဥ်က အတက်ကြီးမှာ မြင့်မားလှသည်ဟုထင်ရသော်လည်း တကယ်တမ်း ဆိုင်ကယ်ဖြင့် ဆင်းသောအခါ ထင်သလောက် အမြင့်မကြီးပေ။ ကျွန်မသည် တရုတ်ပြည် လွယ်ဂျယ်လမ်းကို ဆိုင်ကယ်ဖြင့် သွားလာဖူးသူဖြစ်သဖြင့် ထိုသို့ ထင်မြင်မိခြင်းလည်း ဖြစ်နိုင်ပါသည်။ အန္တရာယ်တော့ အတော်များသည့် အဆင်းအတက်များဖြစ်သော်လည်း ဂီယာကြီးဖြင့် ဖြည်းဖြည်းဆင်း ဖြည်းဖြည်းတက်ပါက လုံခြုံနိုင်သည်ဟု ထင်မိပါသည်။

ဂီယာကြီးဖြင့် တလိမ့်ခြင်းဆင်းလာခဲ့သော ကျွန်မတို့ သားအမိသည် ပြင်ဦးလွင်မှ မန္တလေးသို့ ဆင်းရာတွင် အချိန်အားဖြင့် ၃နာရီကြာခဲ့ပါသည်။ ပြင်ဦးလွင်မှ မနက် ၆နာရီတွင် မန္တလေးမြို့သို့ ၉နာရီ အချိန်တွင် အန္တရာယ်ကင်းစွာ ရောက်ရှိပါသည်။ မန့ညကတော့ မန္တလေးအိမ် ၄ထပ် မြေညီထပ်တွင် နှစ်ခြိုက်စွာ အိပ်ပစ်လိုက်ပါသည်။ လှုပ်ချင်လည်း လှုပ်စေတော့ ငလျှင်ရေ.....

အဆင်းကြီးကို ဂီယာကြီးဖြင့် | Ecency