အိပ်၍ မပျော်သော

Words
44
Reading
1 min
Listen
Play
1y

ညတာက ရှည်လွန်းလှသည် ထင်မိသည်။ ပြင်ဦးလွင် နွေရာသီက မန္တလေးဆောင်းညထက်ပင် အေးနေသလားထင်ရသည်။ စောင်ထူထူခြုံရင်း ညနက်သည်အထိ အိပ်မပျော်။

အိပ်မပျော်တော့ အတွေးတွေက စုံလင်လှသည်။ ဖြစ်ပြီးသမျှအတွက် ကြောက်စိတ် မဖြစ်လာသေးသည့်ကာလအတွက် ပူပန်စိတ် အနာဂတ်အတွက် တွေးပူစိတ် စသည်ဖြင့် မေမြို့ညကို ခက်ခဲစွာ ဖြစ်သန်းနေရသည်။

ညသည် အေးစက်စက်။ အတွေးများသည်လည်း အေးစက်စက်။ အနာဂတ်သည်လည်း အေးစက်စက်။ တနည်းဆိုရသော် အေးစက်သည့် အရသာကို မှောင်မိုက်ခြင်းနှင့် တွဲဖက်စားသုံးနေရသကဲ့သို့ ဖြစ်ပေသည်။ အော်....သည်တိုင်းပြည်မှာ လူဖြစ်ရသည်က ခက်ခဲလေစွ။

ဤသို့ဖြင့် မေမြို့၏ ညပေါင်းများစွာကို အိပ်စက်ခြင်းကင်းမဲ့စွာ မည်သို့ ဖြတ်ကျော်ရမည်နည်း။