Hive Myanmar မိသားစုအားလုံး မင်္ဂလာပါ။ အားလုံး ကျန်းမာကြရဲ့လား။ ကျွန်မလည်း ကျန်းမာရေး ကောင်းမွန်ပါတယ်။
ဒီကနေ့မှာတော့ ကျွန်မက အာလူးနဲ့ မျှစ်ကို ငရုတ်သီးစပ်စပ်လေးနဲ့ ကြော်နည်းလေးကို မျှဝေသွားပါမယ်။
အရင်ဆုံး အာလူးလေးတွေကို အခွံ့သင်ပြီး အနေတော် တုံးထားပါမယ်။ မျှစ်လေးတွေကို အမျှင်သေးလေးတွေ ဖြစ်အောင် ခြစ်ထားပါမယ်။
ကြက်သွန် အဖြူအနီကို ထောင်းထားပါမယ်။ ငရုတ်သီး အကြမ်းမှုန့်ကို အသင့် ပြုလုပ်ထားပါမယ်။
ဆီပူလာပြီဆိုတာနဲ့ ထောင်းထားတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကို ဆီသတ်ပါမယ်။ အရောင်လေး ရဲလာတာနဲ့ ငရုတ်ကြမ်းမှုန့်ထည့်ပါမယ်။
ပြီးရင်တော့ အာလူးထည့်ပါမယ်။ အာလူးနူးလာအောင် ရေအနည်းငယ် ထည့်ပါမယ်။
အာလူးနူးလာပြီဆိုရင်တော့ မျှစ်ထည့်ပါမယ်။ ရေတွေကုန်ပြီး ဆီပြန်လာသည်အထိ ကြော်ပါမယ်။
အေးမြတဲ့ ရာသီလေးနဲ့ လိုက်ဖက်တဲ့ ဟင်းတစ်ခွက်ဖြစ်တာမို့ မိသားစုနဲ့ အတူ ထမင်းစားမြိန်ပါကြစေ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။