၃မိုင် သဘာဝကမ်းခြေသို့

Words
72
Reading
1 min
Listen
Play
1y

မိုးလေးပျက်သည်နှင့် မန္တလေးအပူက စ လာပြန်သည်။ ဟိုဘက်ညတွေက မိုးအေးအေးနှင့် အိပ်လို့ကောင်းလှသည်။ အိပ်လို့ ကောင်းလှသည်ဆိုသော်လည်း ငလျှင်ကြောင့် ထပြေးရသည့် ညများလည်း ရှိသည်။ မနေ့ညကပင် ၃.၅နှင့်ကြုံလို့ ည ၁နာရီကျော်ကြီး လမ်းပေါ်ပြေးတက်ရသေးသည်။ ညကောင်းကောင်း မအိပ်ရသည်နှင့်စာလျှင် မိုးအေးညများက တော်သေးသည်။

မိုးရွာ​ကျဲသွားတော့ စိတ်ပေါက်ပေါက်နှင့် ၃မိုင်ကမ်းခြေဘက် ရောက်ဖြစ်သည်။ ၃မိုင်သာဆိုသည် တကယ်က ၁၆မိုင် တိုးဂိတ်ကျော် ကျောက်ချောရွာလမ်းမှ မိနစ်၂၀ခန့်တော့ ဝင်ရသေးသည်။ ပြင်ဦးလွင် အတက်ပဲဆိုပါတော့။ ပြင်ဦးလွင် လမ်းမှ ဖဲ့ဆင်းရသည့် ကျောက်ဆည်လမ်းပေါ်တွင်ရှိသည်။ လမ်းမပေါ်တော့မဟုတ်။ အတွင်းသို့ ဝင်ရသေးတယ်။

သာယာသော ဒုတ္ထဝတီမြစ်ခေါ် မြစ်ငယ်မြစ် ကမ်းဖြစ်ပါသည်။ တခြား နေရာများထက်စာလျှင် သဘာဝနှင့် အတော်လေး နီးစပ်နေသေးသည်။ လူတွေ ပြုပြင်ထားတာ အများကြီးမရှိသေးပေ။ မြစ်ရေမှာ အေးမြကညြ်လင်နေသည်။ အမှိုက်များပယကင်းစင်သေးသည်။ မြင့်မားလှသည့် တောင်တန်းနောက်ခံ၊ ပြာလဲ့သည့် ကောင်းကင်အလှ၊ ကြည်လင်သည့် ရေပြင် ပေါင်းစပ်ကာ လှချင်တိုင်းလှနေသည်။ အပူတွေအေးငြိမ်းကာ ခဏတော့ ဘဝအမောတွေ ပြေသွားပါသည်။

Photo by me

၃မိုင် သဘာဝကမ်းခြေသို့ | Ecency