Hello Hive friends, I am so happy to share a wonderful new milestone on my Hive journey today. I just received the 3000 HP payout badge for my posts, comments, and curation. My next target is 6000 HP, and I really appreciate everyone who supports me here.
မင်္ဂလာပါ Hive မိတ်ဆွေတို့ရေ၊ ဒီနေ့မှာတော့ ကျွန်မရဲ့ Hive ခရီးစဉ်လေးမှာ ဝမ်းသာစရာ မှတ်တိုင်အသစ်တစ်ခု ထပ်ရောက်ခဲ့လို့ မျှဝေပေးချင်ပါတယ်။ Post တွေ၊ Comment တွေနဲ့ Curation တွေကနေ စုစုပေါင်း 3000 HP ကျော် ရရှိခဲ့တဲ့ Badge လေး ရခဲ့တာပါ။ နောက်ထပ် ပစ်မှတ်ကတော့ 6000 HP ဖြစ်ပြီး အမြဲတမ်း အားပေးကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးအများကြီး တင်ပါတယ်။
Whenever red numbers in the market test my patience, focusing on Risingstar is always a nice distraction. Level 114 is definitely a serious grind, so I keep pushing through with music lessons and prolesson missions to level up.
ဈေးကွက်ထဲက နီရဲနေတဲ့ ဂဏန်းတွေကို ကြည့်ပြီး စိတ်ရှည်မှု စမ်းသပ်ခံနေရတဲ့ အချိန်တွေမှာ Risingstar ဂိမ်းထဲ အာရုံစိုက်လိုက်တာက တော်တော်စိတ်ပြေလက်ပျောက် ဖြစ်စေပါတယ်။ အခုဆိုရင် Level 114 အထိ ရောက်နေပြီဖြစ်ပြီး တကယ်ကို ကြိုးစားရတဲ့ အဆင့်မို့ Level ထပ်တက်ဖို့ Music Lesson Mission တွေနဲ့ Prolesson Mission တွေကို ဆက်ပြီး လုပ်နေပါတယ်။
Playing a music career game every day helps me relax and enjoy my routine even when things feel slow. Sometimes I also listen to songs I like, including music by Irene Zin Mar Myint and tracks like Kwe, which always make my day feel lighter.
နေ့တိုင်း ဂီမ်းထဲမှာ Mission တွေ လုပ်ရင်း ကိုယ့်ရဲ့ နေ့စဉ်ပုံစံလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတာ စိတ်အေးချမ်းစေပါတယ်။ တစ်ခါတလေလည်း ကိုယ်ကြိုက်တဲ့ သီချင်းတွေ နားထောင်ဖြစ်ပြီး အိုင်းရင်းဇင်မာမြင့်ရဲ့ သီချင်းတွေနဲ့ "ကွဲ" လို သီချင်းမျိုးတွေ နားထောင်ရတာလည်း စိတ်ပေါ့ပါးစေပါတယ်။
Checking the market on Binance today was refreshing because I saw green numbers coming back. HIVE/USDT was around $0.0341 with +3.02%, NEIRO/USDT was at 0.00004653 with +3.49%, BTC/USDT was around $59,689.75 with +3.36%, and BNB/USDT was at $545.21 with +4.55%.
ဒီနေ့ Binance ထဲ ဝင်ကြည့်လိုက်တော့ စိတ်ချမ်းသာစရာ အစိမ်းရောင်လေးတွေ ပြန်မြင်ရလို့ အားရှိသွားပါတယ်။ HIVE/USDT က $0.0341 နဲ့ +3.02% ရှိနေပြီး NEIRO/USDT က 0.00004653 နဲ့ +3.49%၊ BTC/USDT က $59,689.75 နဲ့ +3.36%၊ BNB/USDT က $545.21 နဲ့ +4.55% အသီးသီး တက်နေတာ တွေ့ရပါတယ်။
Even though my total value showed $3.39 and Today's PNL showed a tiny -0.00992598 USDT (-0.29%), I am not trading right now and just watching how the market moves. Seeing major coins like BTC and BNB bounce together makes the overall market feel a bit more hopeful.
စုစုပေါင်း တန်ဖိုးက $3.39 ပြနေပြီး Today's PNL က -0.00992598 USDT (-0.29%) လောက်ပဲ နည်းနည်း အနုတ်ပြနေပေမယ့် ကျွန်မက အခု အရောင်းအဝယ် မလုပ်ဘဲ ဈေးကွက် ဘယ်လိုသွားလဲ ဆိုတာကိုပဲ ကြည့်နေတာပါ။ BTC နဲ့ BNB လို Coin ကြီးတွေ ပြန်တက်လာတာကို တွေ့ရတော့ ဈေးကွက်အခြေအနေလေး နည်းနည်း အားတက်စရာ ဖြစ်လာပါတယ်။
Wishing you all a peaceful and happy day on Hive and in your games. Let's keep going step by step and enjoy every little win along the way.
Hive ပေါ်မှာရော ဂိမ်းထဲမှာပါ မိတ်ဆွေတို့အားလုံး စိတ်ချမ်းသာပြီး ပျော်ရွှင်တဲ့ နေ့ရက်လေး ဖြစ်ကြပါစေရှင်။ ကိုယ်သွားနေတဲ့ ခရီးလေးထဲက အောင်မြင်မှုလေးတွေကို ပျော်ရွှင်ရင်း တစ်ဆင့်ချင်း ဆက်ကြိုးစားသွားကြရအောင်ပါ။