This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

White phosphorous ဆိုတာ ဘာလဲ

Words
106
Reading
1 min
Listen
Play
3y

ဗီဒီယို

Aljazeera သတင်း ဌာနက လွှင့်သွားတာ တွေ့လိုက်ရတယ်

Isreal က Gaza နဲ့ Lebanon မှာ white phosphorous တွေ သုံးတယ်တဲ့

Google မှာ ရှာကြည့်တဲ့အခါ white phosphorous တွေကို စစ်ပွဲတွေမှာ ရန်သူက ကိုယ်တပ်ဖွဲ့ဝင်တွေကို မမြင်အောင် ကာကွယ်ဖို့ သုံးကြပါတယ်တဲ့

White phosphorous ကို ဗုံး သို့မဟုတ် ဒုံးနဲ့ ထည့်ပစ်လိုက်တဲ့အခါ smokescreen ဆိုတဲ့ မီးခိုးကန့်လန့်ကာကြီး ဖြစ်ပေါ်လာပါတယ်

ဒီတော့ ရန်သူက ကိုယ့်တပ်ဖွဲ့ကို မမြင်နိုင်တော့ဘူးပေါ့

ဒါပေမယ့် ဒီလက်နက်ကို လူနေသိပ်သည်းတဲ့ နေရာတွေမှာ သုံးရင် အရပ်သား ပြည်သူတွေကို ထိခိုက်နိုင်ပါတယ်

White phosphorous ကို ပေါက်ကွဲသွားတဲ့အခါ အပူဓါတ်က ၈၁၅ ဒီဂရီ စင်တီဂရိတ်အထိ ထွက်လာပါတယ်

အနီးအနား တဝိုက်က လူတွေကို အရေပြား ကိုယ်အင်ဂါ လောင်ကျွမ်းခြင်းကို ဖြစ်စေနိုင်တယ်

အဝေးက လူတွေကိုလည်း အသက်ရှုလမ်းကြောင်း ရောဂါတွေ ဖြစ်စေနိုင်တယ်

White phosphorous ကို chemical weapon စာရင်းထဲတော့ ထည့်မထားပါ ဘာလို့ဆို အဆိပ်အတောက် မပါလို့ ဖြစ်ပါတယ်

ဒါပေမယ် လူနေထူထပ်တဲ့ နေရာတွေမှာ မသုံးဖို့ နိုင်ငံတကာ ဥပဒေက တားမြစ်ထားပါတယ်

ဒါကို Isreal က လူနေထူထပ်တဲ့ Gaza ဒေသတွေမှာ သုံးကြောင်း သက်သေအထောက်အထား တွေ့ရကြောင်း သတင်းမှာ ပြောသွားတာပါ

သတင်းကို အထက်က ဗီဒီယို မှာ ကြည့်နိုင်ပါတယ်

White phosphorous ဆိုတာ ဘာလဲ | Ecency