lesson knowleg

Words
193
Reading
1 min
Listen
Play
8y

ပညာရဲ့ အခန်း

ပြောရလျှင်စကားလုံးအသုံးအနှုန်းကအစ ယခင်နှင့်မတူတော့ပါ။ ပညာ ပေါက်ကွဲမှု ( Knowledge explosion) ဖြစ်သည်။ အထူးသဖြင့် ပေါက်ကွဲမှု ဆိုသည်မှာ သတိချပ်ရာသည်။ ယခင်က အင်အားအရှိဆုံး ဟု ယူဆခဲ့ကြသည့် တော်လှန်ရေး ဆိုသည်မှာ မျဉ်းတန်းသဘော အပြောင်းအလဲများကိုသာ ထပ်ဟပ်နိုင်ရာ မျဉ်းတန်းမဟုတ်သော အပြောင်းအလဲများကို ရှောင်မရဖြစ်လာသည်။ မျက်မှောက်ခေတ်အတွက် မလုံလောက်သလို ဖြစ်လာရသည်။ သို့အတွက် ပေါက်ကွဲမှုဆိုသောာ ဝေါဟာရကို တမင်ရွေးချယ်သုံးရသည်ဟုဆိုသည်။
image
ကျွန်တော်တို့က စက်မှုတော်လှန်ရေးဆိုသည်ကို သာမန်မျှနားလည်ထားစဉ် ပညာရှင်များက ဤဖြစ်စဉ်ကြီးကို အဆင့် သုံးဆင့်ခွဲ၍ လေ့လာကြသည်။ ယနေ့ကျွန်တော်တို့ မျက်မှောက်ပြုနေသည်မှာ ရေနွေးငွေ့အင်ဂျင်နှင့် စတင်ခဲ့သော (၁၈) ရာစု စက်မှုတော်လှန်ရေး (ပထမစက်မှုတော်လှန်ရေး) မဟုတ်။ လျှပ်စစ်ဓာတ်အား၊ တယ်လီဖုန်းစသည်တို့က အဓိကအင်ဂျင်နေရာမှ ပါဝင်ခဲ့သော (၂၀)ရာစုခေတ်ဦး စက်မှုတော်လှန်ရေး (ဒုတိယ စက်မှုတော်လှန်ရေး)ပင်မဟုတ်။ ကွန်ပျူတာမှစတင်ပြီး အင်တာနက်အထိ အပြန့်ကျယ်သွားသော မျိုးရိုးဗီဇပညာမှစတင်ပြီး ကလုန်းလူထိဦးတည်လာသော တတိယစက်မှုတော်လှန်ရေးခေတ်ကြီးဖြစ်သည်။ ဤဖြစ်စဉ်ကြီး၏ ထူးခြားချက်မှာ ပညာရပ်မျိုးစုံ ပေါက်ကွဲလျှံကျ လာခြင်းဟု အကဲဖြတ်ကြသည်။
image
ဤတွင် ပညာ၏လက်တံများမှာ ဘဝ၏ထောင့်တိုင်း နေရာတိုင်းသို့ ယှက်ဖြာသွားတော့သည် မျက်နှာစာမျိုးစုံတွင် ပညာအခံအား မကောင်းပါက၊ အဆက်ပြတ် ကျန်ရစ်တော့မည်။ အလားအလာတွေ ပေါ်လာသည်။ ပညာသည်သာ အရာရာဟု ဆိုရလောက်အောင်ပင် ပညာ၏ အခန်းက ရှေ့ရောက်လာသည်။ သမာရိုးကျ ဘောဂ ဗေဒပညာ က မြေ ယာနှင့်အရင်းလုပ်အားကိုသာ ထုတ်လုပ်ရေး အရင်းအမြစ် ဟုသဘောယူခဲ့ရာ ယခုမလုံလောက်တော့ပါ။ စတုတ္ထ အရင်းအမြစ်အဖြစ် ပညာကို ထိုက်ထိုက်တန်တန် နေရာပေးလာကြရသည်။ မြေယာအမှူးပြုသော သဘာဝသံယံဇာတအားလုံးကိုသော်လည်းကောင်း တစ်ခေတ်တစ်ခါက အမွမ်းတင်ခဲ့ကြသော၊ အရင်းတို့လုပ်အားတို့ကိုသော်လည်းကောင်း ပညာကဖြတ်တက်သွားသည်။ ဤသဘောကိုယူ၍ အရင်းလွန် လူ့အဖွဲ့အစည်း ဟူ၍လည်းကောင်း ပညာခေတ်(Age of knowledge) ဟူ၍လည်းကောင်း ဝိဂြိုလ်ပြလာကြခြင်းဖြစ်သည်။
image
ဤအပြောင်းအလဲတွင် တစ်ခေတ်တစ်ခါက နန်းရင်ပြင်ဧည့်ခန်းဆောင်နှင့်တက္ကသိုလ် ကျောင်းတိုက်ကြီးများတွင်သာ လူ့အဖွဲ့အစည်း၏ အဆင်တန်ဆာအဖြစ် စံပယ်ခဲ့သော ပညာမှဘဝထဲသို့ ခုန်ဆင်းလာသည်။ လူတို့၏ဘဝ ရှင်သန်ရေးအတွက် မရှိမဖြစ် “ဘဝဂီယာ” ဖြစ်လာသည်။ ပညာ၏ကိန်းတည်ရာမှာ စာအုပ်၊ ဒေတာဘဏ်၊ ဆော့်ဝဲ(လ်) ပရိုဂရမ် စသည်တို့မဟုတ်၊ ၎င်းတို့က သိုမှီးထားသည်မှာ ပညာမဟုတ် ။ အင်ဖော်မေးရှင်း တွေသာဖြစ်သည်။ တကယ့်ပညာအစစ်မှာ လူနှင့် ခွဲခွာမရဖြစ်လာသည်။

ပညာကို ဖန်တီးရာ ပညာကိုပွားစည်စေရာ ပညာကိုဖြန့်ဝေရာ ပညာကိုအသုံးပြုရာမှာ လူသားကိုယ်တိုင်ဖြစ်လာသည်။ ပြောရလျှင် ပညာခေတ်သို့ရောက် လာသည်နှင့် ပညာနှင့်ကင်းကွာ၍မရသော လူမှာလူ့အဖွဲ့အစည်း၏ ပင်မဗဟိုချက်မနေရာသို့ ရောက်လာသည်။
image
ဤတွင် ပညာတတ်ဆိုသည်၏ အဓိပ္ပါယ်ကို ပြန်လည်ဖွင့်ဆိုဖို့အကြောင်းဖန်လာရတော့သည်။ “တက္ကသိုလ် ကောလိပ် တစ်ခုခုက ဘွဲ့ရရင်ပညာတတ်ပေါ့” ရှေးကလို လွယ်လွယ်ကောက်ချက်ချ၍ မရတော့။ “နိုက်ခေါ်” မြင်းစီးသူရဲကောင်းမှာ အလယ်ခေတ်၏ ပြယုဂ်ဖြစ်သလို၊ “ဘူဇွာ” ခေါ်ကြေးရတတ်မှာ အရင်းရှင်းစနစ်၏ သင်္ကေတဖြစ်သလို ပညာတတ်ပုဂ္ဂိုလ်သည် အရင်းလွန်ခေတ်(တစ်နည်း) ပညာခေတ်၏ အမှတ်အသား သရုပ်ဖြစ်လာရသည်။ သို့နှင့်အမျှ ပညာတတ်ဆိုသည်၏ အနွတ္တ ကိုယ်တိုင်မှာပင် အဓိပ္ပါယ်သစ်များ ပါဝင်လာရတော့သည်။ “ဘာလဲပညာတတ်………………..”။

photo google
https://medium.com/thrive-global/how-and-why-to-keep-a-commonplace-book-ea80e25b63f1

lesson knowleg | Ecency