B & women

Words
80
Reading
1 min
Listen
Play
8y

ရင်သားထွက်အောင် ပဲနီလေးစေ့ လိမ်းနည်းကို တစ်ခါက တင်ပေးဖူးတယ်။ အဲဒီနည်းက မိန်းကလေးတွေကြား တော်တော်လေးကို ရေပန်းစားခဲ့ပါတယ်။ လက်တွေ့စမ်းသူတွေ မနည်းလှပါ။



 တကယ်တင်းရင်းလာတယ်ဆိုတဲ့ အသံတွေကြားရလို့ ဝမ်းသာရတယ်။ တချက်ပဲ။ ပဲနီလေး လိမ်းပြီး အနည်းဆုံးနာရီဝက်ထားရတာကြောင့် တချို့ သိပ်အဆင်မပြေကြဘူး။



 ဒါ့ကြောင့် အခုဒုတိယနည်းဆကိပြောပါမယ်။ အဆင့်နှစ်ဆင့် ရှိတယ်။ တစ်ဆင့်ကို ဆယ်မိနစ်ကြာတယ်။



ပထမအဆင့်



ပဲနံ့သာစေ့(Fenugreek) အမှုန့် ခွက်လေးပုံတပုံစာယူပြီး ရေနွေးနညိးနည်းရောကာ ခပ်ပျစ်ပျစ်ဖြစ်အောင်ဖျော်ပါ။ ရင်သားမှာ လိမ်းပြီး နှိပ်ပေးပါ။



 Fenugreekက အင်တီအောက်စီးဒင့်အာနိသင်ရှိပြီး ရင်သားအရေပြားကို တင်းရင်းစေတဲ့အာနိသင်ရှိတယ်။ ဆယ်မိနစ်ပဲထားပြီး ရေအေးနဲ့ပြန်ဆေးပါ။
image
ဒုတိယအဆင့်

ရေဆေးပြီးတာနဲ့ အဝတ်နဲ့ ပြန်သုတ်ပါ။ ပြီးရင် ရင်သားကို သံလွင်ဆီသုံးပြီး ဆက်လက် နှိပ်နယ်ပေးသင့်တယ်။ သံလွင်ဆီထဲမှာ အရေပြားအားဖြည့်တဲ့ ဖက်တီးအက်ဆစ်တွေပါတယ်။



ပျော့တွဲနေတဲ့ရင်သားကို တင်းရင်းစေမယ်။ သံလွင်ဆီကို ရင်သားမှာလိမ်းပြီး ဆယ်မိနစ်ခန့်ကြာအောင် နှိပ်ပါ(စက်ဝိုင်းပုံ နှိပ်ပေးရင်ပိုထိရောက်တယ်)။ ပြီးရင် ရေအေးနဲ့ပြန်ဆေးဖို့လိုတယ်။



ပဲနံ့သာစေ့မှာ diosgenin ဆိုတဲ့ဓာတ်တမျိုးပါတယ်။ ဒီဓာတ်က အီစတိုဂျင် ပမာဏကို မြင့်တက်စေတယ်။

တချို့က သဘာဝနို့ထွက်ဆေးအနေနဲ့လည်း သုံးကြသေးတယ်။ နို့ထွက်ကောင်းရုံမက ရင်သားကို

ကြီးထွားစေသတဲ့။ တပတ်နှစ်ကြိမ် ပြုလုပ်ရုံနဲ့ ထူးခြားချက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

B & women | Ecency