အစားထိုး၍ မရသော မေတ္တာ

Words
71
Reading
1 min
8y
Listen to this post
~1 min

အလုပ်ပြုတ်တာ ပြန်ရှာလို့ရတယ်

ငွေကုန်တာ ပြန်ရှာလို့ရတယ်

မိန်းမ၊ယောက်ျား သေရင် နောက်လူ အစားထိုးလို့ရတယ်

မိဘမရှိရင်တော့ ပြန်ရှာလို့ မရတော့ဘူး။



ရည်းစားနဲ့ပြတ်သွားရင် နောက်ရည်းစားရှာလို့ရတယ်

ပညာမတတ်ရင် ပိုက်ဆံရှိအောင်ကြိုးစားလို့ရတယ်

အမှားသိရင် အမှန်ပြင်လို့ရတယ်

မိဘ သေသွားရင်တော့ မိဘမေတ္တာကို ပြန်ရှာလို့မရတော့ဘူး။



လောကမှာ....

ပျောက်ဆုံးသွားရင် ပြန်ပြီးရှာလို့မရတော့သလို

ပြန်ပြီးအစားထိုးလို့မရတာက မိဘမေတ္တာပါ

အဲ့ဒါကြောင့် မိဘ မသေခင် ၊ မိဘရှိတုန်းလေးပြုစုပါ

မိဘ မစားနိုင်တဲ့ အချိန်ကျမှ ကျွေးချင်လို့ မရသလို

မိဘမရှိတော့မှ နောင်တ ရနေလည်း အသုံးမဝင်တော့ပါဘူး။



ကိုယ့်ကို မွေးပေးခဲ့တဲ့ မိဘ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ

တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ

မိဘကို ပြန်ပြီး ကျေးဇူးသိတတ်ခြင်းက

သားသမီးတွေရဲ့ ဝတ္တရားပါ။



အခွင့်​အ​ရေး ဆိုတာ နှစ်ခါမရတတ်ပါဘူး

အခွင့်​အ​ရေး ရတုန်းလေး မိဘကို ကျွေးမွေးပြုစုသော

သားသမီးတိုင်း သေသွားသည့်တိုင် ဒုက္ခကြီးကြီးမားမား

မတွေ့ရဘဲ ချမ်းချမ်းသာသာ နေနိုင်တယ်ဆိုတာ အမှန်ပါ။



"နောင်မှတော့ နောင်တ တွေ မရစေနဲ့နော်"

အစားထိုး၍ မရသော မေတ္တာ | Ecency