လောကကြီး၏ ရတနာ....(Mother & Father)

Words
58
Reading
1 min
Listen
Play
8y

လောကကြီးမှာ အမေ့လောက် ကိုယ့်အပေါ်ချစ်မြတ်နိုးနိုင်မယ့်သူ

မရှိသလို အဖေ့ထက်လည်း ကိုယ့်ရှေ့မှာ မားမားမတ်​မတ်

ရပ်တည်ပေးနိုင်တဲ့သူလည်း မရှိဘူးလေ။



အမေက အသွေးအသားထဲက နက်နက်ရိုင်းရိုင်းချစ်ခဲ့သလို

အဖေကလည်း မကြင်နာသလိုလိုနဲ့ နှလုံးသားထဲက

နက်နက်ရိုင်းရိုင်းချစ်ခဲ့တာပါ။



လောကကြီးမှာ ဖေဖေနဲ့ မေမေလောက် သားသမီးတွေအပေါ်

ချစ်နိုင်တဲ့သူ ရှိမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဘာလို့လဲဆိုတော့ မိဘဆိုတာ သားသမီးအတွက်ဆိုရင်

အသက်ပေးဖို့ ဝန်မလေးတတ်သလို လောကမှာ ကိုယ့်အပေါ်ကို

အနစ်နာအခံဆုံးလုတွေကလည်း ဖေဖေ နဲ့မေမေပါပဲ။



လောကကြီးမှာ ကိုယ့်အတွက်အနွေးထွေးဆုံးသူကလည်း မိဘတွေဖြစ်သလို အလုံခြုံဆုံးနှင့် အအေးမြဆုံးအရိပ်ကလည်း

မိဘတွေရဲ့ အရိပ်ပါပဲ။ကိုယ်ဘာဖြစ်ဖြစ် မပစ်ပယ်တာလည်း

မိဘတွေပဲ ရှိသလို ကိုယ်လိုချင်တာ တော်တော်များများကို

အလကားရနိုင်တာကလည်း မိဘအိမ်ပဲ ရှိပါတယ်။



မိဘတိုင်းက သားသမီးတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့

လောကကြီးက ပေးထားတဲ့ "ရတနာ"ဖြစ်သလို

အတုမရှိသော အနစ်နာခံတတ်သူတွေဆိုရင်လည်း မမှားပါဘူး။

လောကကြီး၏ ရတနာ....(Mother & Father) | Ecency