စိတ်ကူးယဉ်ခြင်းဟူသည် မဖြစ်သေးသော အဖြစ်အပျက်များအား မြင်အောင် ကြည့်ခြင်းပင်ဖြစ်သည်။ မျှော်လင့်ချက်လေးနှင့် အလုပ်လုပ်နေလျှင် ဘဝသည် နေပျော်သည် ဖြစ်သည်။ စိတ်ကူးကောင်းလေးများ လူတိုင်းတွေးနိုင်ပါသည်..။ သို့ရာတွင် စိတ်ကူးမှ လက်တွေ့ မလုပ်နိုင်သဖြင့် ကျဆုံးသူများ အများအပြားပင် ရှိပေလိမ့်မည်။ စဉ်းစားခြင်း စိတ်ကူးယဉ်ခြင်း အကြောင်းအရာကိုလိုက်၍ အကောင်အထည်ဖော်ခြင်းဖြင့် အောင်မြင်မူ့များ ကွဲပြားသွားမည် ဖြစ်သည်။
စိတ်ကူးယဉ်ခြင်း၊ လေထဲတိုက်အိမ်ဆောက်ခြင်းသည် အကျိုးမဲ့အလုပ်ဖြစ်သည် သင်ထင်ပါသလား။ ငယ်ရွယ်စဉ်အခါက ဆရာဝန်၊အင်ဂျင်နီယာ၊ စစ်ဗိုလ်ကြီး စသဖြင့် လေထဲ တိုက်အိမ်ဆောက်ခဲ့ဖူးကြမည်။ ထိုစဉ်းစားသည့်အတိုင်း အိပ်မက်တွေ အကောင်အထည်ပေါ်သည်ကို လက်တွေ့တွင် မြင်တွေ့နိုင်ပါသည်..။ အကြီးကျယ်ဆုံး အောင်မြင်မူ့မှန်သမျှ အစသည် စိတ်ကူးယဉ် ခြင်းသာဖြစ်သည်။ ကြီးမားသော ညောင်ပင်ကြီး ၏အစသည် ညောင်စေ့ကလေးတစ်စေ့သာဖြစ်သည်။ အိပ်မက်ဟူသည် ကျွန်ုပ်တို့ အောင်မြင်မူ့အတွက် မျိုးစေ့ပင်ဖြစ်သည်။ ယခု ကျွန်ုပ်တို့ သည်လည်း steemit တွင် အိပ်မက်ကြီးကြီးမားမားထား၍ မျှော်လင့်ချက် အိပ်မက်တွေ မက်နေကြပြီဖြစ်သည်။
ကျွန်ုပ်တို့ မည်သည့်အတိုင်းအတာထိ ဖြစ်ချင်သနည်း။ ကျန်ုပ်တို့အပေါ်မူတည်ပါသည်။ အခြားသူများပိုစ့်တွင် $ ရာချီ ၊ ထောင်ချီ ရနေခြင်းကို ကျွန်ုပ်တို့ အားကျမိကြမည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့ နားလည်ထားရမည်မှာ ထိုကဲ့သို့ ကျွန်ုပ်တို့ အားကျနေသူများမှာ တစ်ချိန်က 0.00 မျှသာ ရရှိခဲ့ကြသူများ ဖြစ်မည်မှာ ဧကန်မုချ ပင်ဖြစ်ပေမည်။ အားမလျော့ကြပဲ မိမိတို့အိပ်မက်ကို ကြီးကြီးမက်ကြပြီးဖြစ်လိုသည်များကို အတူတကွ အကောင်အထည်ဖော်ကြပါစို့ဟု ဆွေးနွေး နိဂုံးချုပ်လိုက်ပါသည်။
Author @steemitarrman
Photo google image