MYANMAR STEEMIT COMMUNITY ORGANIZATION CHART

Words
162
Reading
1 min
Listen
Play
9y

MYANMAR STEEMIT  COMMITTEE CHART-1-page-001.jpg

Myanmar Steemit Community members များ ခင်ဗျား ယခုဖေါ်ပြပေးလိုက်သော organization chart မှာ အသစ်ပြန်လည် ဖွဲ့စည်းထားသော MSC admin team ၏ Organization Chart ဖြစ်ပါသည်။ Leader အနေဖြင့် ကျွန်တော် Henry Aung မှ တာဝန်ယူထားပြီး ဆရာတင်လှိုင်ဦး မှ MSC ၏ အကြံပေး ပုဂ္ဂိုလ် အဖြစ် နှင့် MSC Newbies များအား နည်းပညာ ၊ စိတ်ဓါတ်ရေးရာများ မြှင့်တင်ပေးသော ၊ တနည်း အားဖြင့် သင်တန်းပေး၍ morales support ပေးသောတာဝန်ယူထားပါသည်။

ဆရာတင်လှိုင်ဦး နှင့် အတူ အစ်ကို ဒွန်မှ Best Author နှင့် Weekly Power up ရန်အတွက် တွဲဖက်တာဝန်ယူထားပါသည်။ MSC ၏ ကိစ္စအဝဝ တို့အား သက်ကို ဇော်မှ Domelay နှင့် ကိုစိုးတို့ နှင့်တွဲဖက်၍ တာဝန်ယူထားပါသည်။ ကိုညီညီဝင်မှာ MSC ၏ စာရင်းကိုင် အဖြစ် တာဝန်ယူထားပြီး အထွေထွေ အသုံးစရိတ်များအား Leader နှင့် Organizer များဖြင့် ညှိနှိုင်းပြီး လိုအပ်သော ငွေကြေး ထုတ်ပေးရန်နှင့် စာရင်း ဇယား မှန်ကန်မှုရှိစေရန်လုပ်ဆောင်လျက်ရှိပါသည်။

ပြည့်စုံခင်ခင် အနေဖြင့် အထွေထွေ အတွင်းရေးမှုတာဝန်ယူထားပြီး ဆရာတင်လှိုင်ဦးနှင့် organizers များဖြင့် လက်တွဲ၍ post promotion ပေးခြင်းကို တာဝန်ယူ လုပ်ဆောင်ပေးနေသည့် အပြင် MSC ၏ အစည်းအဝေးမှတ်တမ်းများ ရယူခြင်းနှင့် Members များအား ပြန်လည် ဝေငှခြင်း တာဝန်ကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။ ဤသည်မှာ လက်ရှိ MSC လမ်းခရီး အား ပိုမို အဆင်ပြေ ချောမွေ့စေရန် တာဝန်ယူ လမ်း ညွန် ပေးနေကြသော Admin များအား MSC Members များသိရှိနိုင်စေရန် ဖေါ်ပြပေးရခြင်းဖြစ်ပါသည်။

MSC ၏ ရေရှည် အကျိုးနှင့် ပါတ်သက်၍ မိမိတို့၏ အကြံပြုချက်များအား comment တွင် ချပြနိုင်ပါသည်။ ပိုမို ကောင်းမွန်သော Myanmar Steemit Community ကို ဖွဲ့စည်းနိုင်ရန်အတွက် members များ၏ အကြံပြုချက်များသည် များစွာ အထောက်အကူ ပြုနိုင်ကြောင်းလည်း အသိပေးလိုက်ပါသည်။

Henry Aung (MSC Leader )

MYANMAR STEEMIT COMMUNITY ORGANIZATION CHART | Ecency