သဘာဝပတ်​၀န်းကျင်​နှင့်​လူ

soeyan(47)
Published in
#myanmar
Words
86
Reading
1 min
9y
Listen to this post
~1 min

ဒီ​နေ့​​ခေတ်​မှာ ရာသီဥတု​​တွေ​ဖောက်​ပြန်​လာတယ်​ ကမ္ဘာအရပ်​ရပ်​မှာလည်း သဘာဝ​ဘေးအန္တရာယ်​​တွေလည်း ​နေံစဉ်​နဲ့အမျှကြုံ​တွေ့​နေရတယ်
ဘာ​ကြောင့်​ကြုံ​တွေ့​နေရလဲ ဆိုတာကိုလည်း ကမ္ဘာအဆင့်​​ဆွေ​နွေးပွဲလုပ်​​နေကြတယ်​ ဘာထူးလာလဲ ​​လေ့လာကြည့်​ရင်​ ထူးခြားမှု​တွေ မရှိကြဘူး ပိုပိုဆိုးလာတယ်​လို့ပဲမြင်​မိတယ်​ image
‌ယ​နေ့​ခေတ်​မှာ သဘာဝ​​ဘေး အန္တရာယ်​တွေဖြစ်တာ လူ​ဦး​ရေ​တွေတိုးလာတယ်​လို့ သစ်​​တော​တွေပြုန်းတီးတယ်​လို့ ​လေထုညစ်​ညမ်းတယ်​လို့ဆိုပြီး အမျိုးမျိုး ​ပြော​နေကြတယ်​ မှန်​သင့်​သ​လောက်​မှန်​ပါတယ်​အဓိက ​တော့မဟုတ်​ဘူး လူ​တွေ​ကြောင့်​လို့​ပြောရင်​ပိုမှန်​မယ်​ လူ​တွေရဲ​လောဘစိတ်​​ကြောင့်​လို့ဆိုရင်​အမှန်​ဆုံ​ပေါ့ဗျာ image
‌ယ​နေ့​ခေတ်​မှာလူ​တွေဟာ ​လောဘ​တွေပိုကြီးလာတယ်​ ပိုက်​ဆံ​နောက်​ပဲလိုက်​​နေကြတယ်​ ငါရပီး​ရော ဘယ်​သူ​သေ​သေင​တေမာရင်​ပီး​ရောဆိုပြီး လုပ်​​နေကြတယ်​ ​သစ်​​တောပြုန်းတီးတာ လူ​တွေရဲ့မ​တော်​​လောဘ​ကြောင်​ပါ့ ​လေထုညစ်​ညမ်းတာလည်း လူ​တွေရဲ့​လောဘ​ကြောင့်​ပါပဲဥပမာ​ပြောရရင်​ ချမ်းသာချင်​​တော့သစ်​​မှောင်​ခို​တွေ တရားမ၀င်​ သစ်​လုပ်​ငန်​​တွေလုပ်​ကြတယ်​ ​ခေတ်​မီ နိုင်​ငံ​တော်​ တည်​​ဆောက်​ဖို့၊စက်​ပစ္စည်း​တွေဓာတု​ပစ္စည်း​တွေ ထုတ်​လုပ်​ဖို့ ၊တနိုင်​ငံနဲတနိုင်​ငံသြဇာလွမ်းမိုးနိုင်​ဖို့ နဲ့နယ်​​မြေ​တွေကျူး​ကျော်​ဖို့အတွက်​ ​ခေတ်​မီစစ်​လက်​နက်​​တွေ ထုတ်​လုပ်​ဖို့စက်​ရုံကြီး​တွေတည်​​ဆောက်​လာတာလည်း ​လောဘ​ကြောင့်​ပါပဲ image
 လူ​တွေရဲကိုယ်​ကျင့်​သီလ စိတ်​​တွေညစ်​ညမ်းလာလို့​လေထုညစ်​ညမ်းလာတာပါ ​လေထုညစ်​ညမ်းလို့ သဘာ​ဘေး​အန္တရာယ်​​တွေ ဖြစ်​လာတာပါ လူ​တွေရဲ့​စိတ်​​တွေ​အေးချမ်း မှကမ္ဘာကြီး​အေးချမ်းမှာပါ image
လူ​တွေရဲညစ်ညမ်းနေတဲ့​လောဘစိတ်​ ငြိမ်းသက်​ဖို့ဟာ ဓမ္မပဲရှိပါတယ်​ လူတစ်​ဦးချင်းစီရဲ့​​ကိုယ်​ကျင့်​သီလ ​လောဘမီး​တွေကို မထိန်းချုပ်​နိုင်​သ​ရွေ့ ကမ္ဘာကြီးဟာလည်း ပူ​နွေးပြီး သဘ၀တရားကြီးဟာလည်း ​ဖောက်​ပြန်​​နေဦးမှာပါ ဒါ​ကြောင့်​ အပြင်​မှာရှိတဲ့သဘာဝ တရားကြီးကို ထိန်းချုပ်​ဖို့လုပ်​​နေမဲ့ အစား မိမိတို့ အတွင်းမှာရှိ​နေတဲ့ ​လောဘစိတ်​​တွေကိုအရင်​ဆုံးထနိးချုပ်​နိုင်​​အောင်​ကြိုးစားကြပါလို့ အကြံပြု ​ရေးသားလိုက်​ရပါတယ်​...
အားလုံး ငြိမ်း​အေး​သော ဘ၀​တွေကိုပိုင်​ဆိုင်​ နိုင်​ကြပါ​စေ...
Msc 236
soeyan@soeyan
photo credit google
‌

သဘာဝပတ်​၀န်းကျင်​နှင့်​လူ | Ecency