အစိုးရ​သောမင်း King

soeyan(47)
Published in
#myanmar
Words
127
Reading
1 min
Listen
Play
9y

ဒီ​နေ့​တော့ အစိုးရ​သောမင်းအ​ကြောင်းကို​ပြောချင်​ပါတယ်​ အစိုးရဆိုလို့နိုင်​ငံ​တော်​ အုပ်​ချုပ်​​နေ​သော အစိုးရမင်းများကို ​ပြောခြင်းမဟုတ်​ပါ အစိုးရဆို သည်​မှာ မိမိပိုင်​ဆိုင်​​သောနယ်​​မြေ. မိမိသြဇာရှိ​သောနယ်​​မြေမှာ အုပ်​ချုပ်​ခွင့်​ရ​သောသူ မိမိသ​ဘောအတိုင်း လုပ်​ပိုင်​ခွင့်​ရှိ​သောသူကို အစိုးရမင်း ဒါမှမဟုတ်​ ဘုရင်​ ​ခေါ်ကြပါတယ်​ image
ဒီလိုပဲ လူ​တွေအားလုံးဟာ မိမိပိုင်​ မျက်​စိ နား နား​ခေါင်း လျှာ ကိုယ်​ စိတ်​ဆိုတဲ့ နယ်​​မြေကြီး၆ခုကို ပိုင်​ဆိုင်​ ထားတဲ့ ဘုရင်​​တွေ မင်း​တွေ​ပါ ဒါ​ပေမဲ့ အုပ်ချုပ်​ပိုင်​ခွင့်​ (သို့)အစိုးရ ဖို့​တော့လိုမယ်​ အစိုးမရရင်​​တော့ မငြိမ်းချမ်းနိုင်​ဘူး ဆင်းရဲဒုက္ခ​ရောက်​ကြရမယ်​ image
တစ်​ခါတစ်​ခါ အဆင်းနဲ့တိုက်​ရင်​ မျက်​စိဆိုတဲ့နယ်​​မြေကပုန်​ကန်​မယ်​ အသံနဲ့တိုက်​ရင်​ နားဆိုတဲ့နယ်​​မြေကပုန်​ကန်​မယ်​ အနံ့နဲ့တိုက်​ရင်​ နှာ​ခေါင်းဆိုတဲ့နယ်​​မြေကပုန်​ကန်​မယ်​ အရသာနဲ့တုက်​ပြန်​ရင်​လည်း လျှာကပုန်​ကန်​မယ်​ အထိအ​တွေ့နဲ့တိုက်​ပြန်​ရင်​လည်း ကိုယ်​ဆိုတဲ့နယ်​​မြေက
ပုန်​ကန်​မယ်​ မ​နောကနဲ့တိုက်​ပြန်​ရင်​လည်း စိတ်​ဆိုတဲ့နယ်​​မြေကပုန်​ကန်​မယ်​ အဲဒီနယ်​​မြေ​တွေကပုန်​ကန်​လာရင်​ ​လော​ဘ ​ဒေါသ​ ​မောဟ မာန ဒိဠိ ဆိုတဲ့ရန်​သူ​မျိုး ၅ပါး ၀င်​လာမယ်​အဲ့ဒီ ရန်​သူဝင်​လာရင်​ကိုယ်​အုပ်​ချုပ်​တဲ့နယ်​​မြေကို အစိုးမရ​တော့ဘူးငြိမ်းချမ်းမှု လည်းမရှိနိုင်​​တော့ဘူး ပျက်​စီးဆုံးရှုံးမှု​တွေ အနည်းနဲ့အများဖြစ်​မယ်​ ယခုဘ၀တွင်​သာမက ​နောင်​ဘ၀များစွာ ပျက်​စီးဆုံးရှုံးနဲကြုံရမယ် image
နိုင်​ငံတစ်​ခုမှာ အစိုးရ​သောမင်း​တွေဟာ စစ်​လက်​နက်​​တွေ တပ်​ဆင်​ စစ်​အင်​အား​တွေတိုးချဲ့ ပြီး မိမိပိုင်​နယ်​​မြေကို ရန်​သူ​တွေ မ၀င်​​ရောက်​ မကျူး​ကျော်​နိုင်​​အောင်​ ကာကွယ်​ကြတယ်​ တချို့နိုင်​ငံ​တွေဆို နယ်​စပ်​ခြံစည်းရိုး ​တောင်​ခတ်​ကြ ရတယ်​ ဒါ​ကြောင့်​ ကျွန်​​တော်​တို့ဟာလည်း မိမိတို့အုပ်​ချုပ်​ခွင့်​ရ​သော မျက်​စိ နား နှာ​ခေါင်း လျှာကိုယ်​ စိတ်​ ဆိုတဲ့နယ်​​မြေ​တွေကို ရန်​သူ​တွေ မ၀င်​လာ​အောင်​ သီလ သမာ ဓိ ပညာဆိုတဲ့လက်​နက်​ တပ်​ဆင်​ပြီး သတိပဋ္ဌာန်​ တရားနဲ့​စောင်​ကြည့်​နိုင်​မှ ငြိမ်းချမ်း​​မှုရပြီးအမှန်​တကယ်​ မိမိကိုယ်​ကို တကယ်​အစိုးရ​သောမင်း ဖြစ်​မှာပါ image
ဒီအတွက်​​ကြောင့်​ လူသားအားလုံး ရန်​သူဝင်​​ရောက်​ ခြင်း ကင်းပြီး မိမိကိုယ်​ကိုငြိမ်းချမ်းပြီး​သောက ကင်း​ဝေး​သော အစိုးရ​ မင်းများဖြစ်​နိုင်​ကြ ပါ​စေလို့ ဆု​တောင်း​မေတ္တာ ပို့သရင်းးး image
‌steemit member များကို​ကျေးဇူးတင်​လျက်
Msc236
soeyan@soeyan
credit photo google&facebook

အစိုးရ​သောမင်း King | Ecency