အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ဆိုရိုးစကားကိုလူတိုင်းကြားဖူးကြမှာပါ ဒါပေမဲ့ လူတော်များများဟာ ရောဂါတစ်ခုခုဖြစ်မှ အရေးကြီးမှန်း သတိထားမိကြတယ် ဘုရားရှင်ကတော့ ကျန်းမာခြင်းဟာလာဘ်ကြီးတစ်ပါးလို့ပြောတာလဲဆိုရင် ကျန်းမာမှ သံသရာလွတ်ကြောင်းတရားကို အားထုတ်တဲ့နေရာမှာ ပိုမို အာရုဏ်စိုက်နိုင်ပြီး အကျိုးထူးနိုင်လို့ပါ
လောကီနဲ့ပြောမယ်ဆိုရင် လူကိုသေစေတဲ့အရာဟာ ကံ, စိတ် ,ဥတု ,အဟာရပါ ဒီခေတ်မှာ လူကိုအမျာဆုံးသတ်တဲ့ကင်ဆာ အပါအဝင် ရောဂါတော်တော်များများဟာ ကျွန်တော်တို့စားသုံးသေသောအစားအသောက်တွေ ကြောင့်ပဲဖြစ်ပါတယ် ဘာလို့စားရလဲ အဟာရဖြစ်ဖို့ စားရတာပါ ဒါပေမဲ့ သတိနဲ့စားဖို့ ပြောချင်တာပါ ဒီနေ့ခေတ်မှာ လူတွေရဲ လောဘကြောင့် အစားအစာတွေကို ဆေးဝါးတွေနဲ့လိုသလို လုပ်နေတာတွေကြောင့် ကျန်းမာဖို့အဟာရဖြစ်အောင်စားရတာကို အဟာရမဖြစ်ပဲ ကျန်းမာရေးထိခိုက်နေတဲ့အတွက်ကြောင့်သတိပေးလိုက်ရပါတယ်
Steemit အဖွဲ့အားလုံး အာရောဂျံ ပရမံလာဘံဆိုတဲ့အတိုင်း
ကျန်းမာချမ်းသာကြပါစေဗျာ
Msc 236
@soeyan
Photo facebook