Happy New Year ပါ.... ။
Happy New Year ပါ ချစ်ရတဲ့ မိတ်ဆွေအပေါင်းသင်းများ။
Happy New Year ပါ.....
Happy New Year ပါ...
ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီလေး ညီမလေး ဦးဇင်း
အပေါင်းအသင်း friများ အားလုံး မကြာမီ ရောက်တော့မည့် အချိန်လေးအတွက် Happy New Year ပါ...။
နှစ်တစ်နှစ်ကုန်ဆုံးသွားလို့ ကိုယ့်အသက် တစ်နှစ် ကြီးသွားပြီဆိုပြီး ပူဆွေးသောက ရောက်မနေကြ ပါနဲ့...။
လူတစ်ယောက်က ဆယ်ကျော်သက်အရွယ်မှာလဲ
လန်းလန်းဆန်းဆန်းလှပါတယ်။
နှစ်ဆယ်ကျော် အလှကလည်း တင့်တယ်နေပါ တယ်။
သုံးဆယ်ကျော်မှာလည်း တောက်ပနေအုံးမှာပါပဲ။
လေးဆယ်ကျော်သွားရင်လည်း အရောင်ထွက်နေဆဲပါ။
ငါးဆယ်ကျော် ခြောက်ဆယ်ကျော်သွားဦး လှပနေ ကြဦးမှာပါပဲ။
အသက်ကြီးလာတိုင်း အသက်ကြီးလာတိုင်း တည် ငြိမ်ရင့်ကျက်တဲ့ အလှလေးတွေနဲ့သာ လှနေအုံး မယ်ဆိုရင် လှတာက လှနေအုံးမှာပါပဲ။
အသက်၃၀မှာ ၁၈နှစ်အရွယ်လို သွားလှနေရင် လူရယ်ခံရပါလိမ့်မယ်။အသက်၄၀မှာ ၂၀ကျော်လူတစ် ယောက်လို လှချင်နေလည်း မရတော့ပါဘူး။
အသက်၅၀မှာ အသက်၃၀လို မနုပျိုတော့လို့  မလှပတော့ဘူးလို့ ၀မ်းနည်း အားငယ်နေစရာမလိုပါဘူး။မျက်နှာပေါ်က အရေးအကြောင်းတွေကိုသာ ဘ၀က ခြယ်သပေးတဲ့ မိတ်ကပ်လို့ သဘောထားလိုက်ပါ။ ကိုယ့်လောက်လှတဲ့သူ ကမ္ဘာ မှာတောင်ရှိမှာမဟုတ်တော့ပါဘူး။ ကျရှုံးမှု ၀မ်းနည်းပူဆွေးမှု တွေလည်း ဒီလိုပါပဲ။အဝေးကြီးကို ပြန်လှည့်ကြည့်တဲ့အခါ ကိုယ့်နာကျင်မှု ကိုယ့်ကျရှုံးမှုတွေက ပီပြင် ပြတ်သားနေအုံးမှာပါ။
မမေ့ပါနဲ့ ကိုယ်နာကျင်ခဲ့ရတဲ့အချိန်တွေကို။ ၂၀၁၈မှာ ပျော်ရွှင်မှုတွေ ရယူနိုင်အောင်လုပ်ပါ။ မမမေ့ပါနဲ့ ကိုယ်ကျရှုံးခဲ့ရတာတွေကို ။ ၂၀၁၈မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ပါ။
ကိုယ်အသက်ရှင်နေသမျှ ကိုယ့်ဘ၀ ကရှင်သန်နေအုံးမှာပါ။အဲ့လိုပဲ ကိုယ့်ရဲ့ New Year တွေလည်း တစ်နှစ်ပြီးတစ်နှစ် ရောက်လာအုံးမှာပါ။
၂၀၁၇ မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ၂၀၁၈မှာ ကျန်းမာ အောင်နေပါ။ ငွေစုပါ။ အချစ်ဟောင်းအပေါ်သစ္စာရှိပါ။ အချစ်သစ်ရသူများလည်းအချစ်သစ်နဲ့ ဘ၀သစ် မှာ ပျော်ရွှင်စွာနေထိုင်ပါ။ ဘုရားတရားလည်း လုပ်ပါ။ အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ။
Happy. New. Year. ပါ.......
MSC-172
Author- Soe Tha Khin