နွေဦးပုံပြင်

Words
360
Reading
2 min
Listen
Play
9y

image

steemit အဖွဲ့သူအဖွဲ့သားများအားလုံးမင်္ဂလာပါ
များမကြာမီအချိန်မှာတော့နွေးဦးကိုရောက်ရှိလို့လာတော့မှာဆိုတော့ နွေဦးကိုကြိုဆိုလိုက်ကြရအောင်လညးဗျာ
image
credit- google image

" ဥသြ…ဥသြ… ဥသြ…"
ထနောင်းပင်တန်းမှ ဥသြကူသံက နွေသရုပ်ကို
လွမ်းဆွတ်ဖွယ်ကောင်းအောင် ထပ်လောင်းဖြည့်
သွင်းနေသည်။ထန်းပင်ပုလေးအနီးရှိ ထန်းရွက်မိုးထားသော ယာစောင့်တဲလေးထဲမှနေ၍ သာအေးတစ်ယောက် ယာပြင်အလွတ်တွင် အစာစားနေ
ကြသော သူ၏ နွားအုပ်ကြီးရှိရာသို့  လှမ်းမျှော
်ကြည့်ရှုနေလေသည်။ တပေါင်းလ၏ နေက အရှိန်
ပြင်းစွာ ပူနေသည်။လေပွေလေရူးအချို့ က ဟိုမှ
သည်မှ တိုက်ခတ်နေသောကြောင့် သာအေး၏
စိတ်များလည်း ဘယ်ဆီလွမ်းမိ တပ်မသိအောင်
ဖြစ်နေရ၏။ယာခင်းအစပ်ရှိ အရွက်ကြွေကာ
သွေ့ခြောက်နေသော ဇီးပင်တန်းရှိရာသို့ လှမ်းမျှော်
ကြည့်ရင်း ဇီးသီးကြိုက်သော စာဥကို သတိရမိပြန်သည်။ရွာဘက်ဆီမှ ခပ်သဲ့သဲ့ ပျံ့ လွင့်လာသော ယက်ကန်းခတ်သံများကြောင့် နွေနေ့ လည်ခင်းက ပို၍ပူပြင်းကာ ပျင်းရိစဖွယ်ကောင်းနေတော့သည်။

image
credit-facebook image

သာအေးနှင့်စာဥက ငယ်စဉ်ကတည်းက ဘဘုန်းကျောင်းတွင် ပညာအတူသင်ခဲ့သော
သူငယ်ချင်းများဖြစ်ပြီး ပခုံးဖက်ကာ ကစားခဲ့ကြ
လေသည်။အတန်းပညာလေးတန်းအထိ သင်ပြီး
သည့်အချိန်တွင် ရွာထုံးစံအရ ကျောင်းထွက်ကာ သာအေးက တစ်ရွာလုံးရှိနွားများကို အငှါးကျောင်း
ပြီး စာဥကတော့ မိန်းကလေးပီပီ ထမင်းချက်ရေခပ် ယက်ကန်းခတ်ရင်း အတူတကွ ကြီးပြင်းလာခဲ့
ကြ၏။ယခုဆိုလျှင် စာဥကော သာအေးကော
၁၅ နှစ် ၁၆နှစ် အရွယ်သို့ ရောက်ခဲ့ပေပြီ။စိတ်များလည်း မရိုးမသားဖြစ်လာကာ သာအေးရင်ထဲတွင် အပျိုချော စာဥကို ချစ်ခင်နေမိပေပြီ။
image
credit- facebook image

အနောက်ဆီတွင် နေလုံးက တဖြည်းဖြည်း တောင်အောက်သို့ လျှိုဝင်မည့်ဟန်ပြင်နေ၏။
ခေါင်းတွင်ပေါင်းထားသော ဖျင်သဘက်ပိုင်းလေးကို ဖြုတ်ကာ မျက်နှာတစ်ပြင်လုံးတွင် ဒီးဒီကျနေသော ချွေးများကို သုပ်လိုက်သည်။နွားအုပ်ကို ရွာပြန်
သည့်လမ်းဘက်ဆီသို့ စုရုံးမောင်းနှင်ရင်း ရွာထိပ်လက်ပံပင်တွင် စာဥလက်ပံပွင့်ကောက်နေပါစေဟု ဆုတောင်းလိုက်မိပြန်သည်။ ခမောက်ကို ခပ်ငိုက
်ငိုက်ဆောင်းလိုက်ရင်း ရောက်တက်ရာရာ တေးသီချင်းများကို အော်ဆိုကာ ရွာဘက်ဆီသို့ မောင်းနှင်ခဲ့လေသည်။
"ချစ်ဧည့်သည် ချစ်ဧည့်သည်ဗျို့ 
ရွာနဲ့ မောင့်ကို ခွဲခွာပြီး မြို့ ကြီးကိုတဲ့
ပြန်တော့မယ်ဆို ပြန်တော့မယ်ဆို
နှလုံးသားရင်မှာ တံတားခင်းပေးလိုက်တယ်
မင်းသွားတော့ပျို "
ခလောက်သံဂျိုးဂျိုးဂျောင်ဂျောင်နှင့်အတူ သီချင်းတကြော်ကြော် အသံကိုကြားလျှင် သာအေး
တစ်ယောက် နွားအုပ်သွင်းလာပြီဆိုတာ လူတိုင်း သိကြလေသည်။
နီရဲနေသော လက်ပံပွင့် အဆုပ်လိုက်
အဆုပ်လိုက်များကို ကောက်ကာ ယူလာသော
ဂုံးဇကာထဲသို့ ထည့်ရင်း စာဥတစ်ယောက်
သီချင်းလေးပင် ညည်းလိုက်သေးသည်။
"နွေမိန်တပေါင်း နေရှိန်လောင်း
ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီကွယ်
လေရူးသုန်သုန် မြူမှုန်လွင့်ပါး
စပါးပြန့် ပြူး ရာသီဦးဝယ်
ကြည်နူးစရာဒို့ ရွာဖျားမယ်
ကြီးမားပင်စည် ပွင့်နီလက်ပံ
ဝဲပျံမြေပေါ် လျောင်း စက်ပျော်တယ်"
စာဥ လက်ပံပွင့်ကောက်နေစဉ်တွင်ပင် ရွာအ၀င်လမ်းအတိုင်း မောင်းလာသော သူငယ်ချင်းဖြစ်သူ သာအေး၏ နွားအုပ်ကြီးကို မြင်လိုက်သောကြောင့် ပို၍ ပျော်ရွှင်သွားလေသည်။မိန်းကလေးပီပီ စာဥ
သိတာပေါ့ သာအေးက သူမအပေါ်မရိုးမသား
ဖြစ်နေသည်ဆိုတာ ။သို့ သော် မိန်းကလေးပဲလေ သူဖွင့်ပြောရင်တောင် မူရပေအုံးမည်။
ဖျင်ထမိန်တိုတိုကို ဒူးဆစ်အထိဝတ်ကာ
ဖျင်အင်္ကျီရင်ဖုံးကလေးနှင့် နက်မှောင်သော ဆံပင်ဆံတောက်နွဲ့ နွဲ့ လေးပိုင်ရှင် စာဥတစ်ယောက်
လက်ပံကောက်နေသည့် မြင်ကွင်းကို မြင်လိုက်ရ
သော သာအေးအဖို့ ပျော်လည်းပျော်ကာ ရင်လည်းခုန်သွားသည်။ စာဥကလည်း သူ့ ကိုမြင်သည့်
ဟန်နှင့် လက်ဝှေ့ ရမ်းပြလေသည်။နွားများကို
လက်ပံပင်ကြီးအနီးတွင် ခဏကျောင်းကာ စာဥ၏ဂုံးဇကာလေးကို ကောက်ကိုင်လိုက်သည်။

image
credit- facebook image

"ဟဲ့သာအေး နင်ဒီနေ့ စောလှချည်လား လက်ပံပွင့်
များကို တစ်ပွင့်ခြင်းကောက်နေရင်း စာဥမေးလိုက်
သည်"
" စောဆို နင့်ကိုလွမ်းလို့ မြန်မြန်ပြန်လာတာဟ"
" ဟင် "
ရုတ်တရက် ထွက်ပေါ်လာသော သာအေးရင်မှ
စကားကြောင့် စာဥမျက်နှာတစ်ပြင်လုံးနီသွား
သည်။
"ဟဲ့ နင်ဘာတွေပြောနေတာလဲ"
သာအေးလည်း မထူးတော့ပြီမို့  ဆက်၍ပြောလိုက်သည်။ ငါပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ
စာဥရ။ဒီနေ့ ကတော့ တပေါင်းလကလည်းဖြစ် နွေနေကပူ လေရူးကမွှေနဲ့ နွားကျောင်းရင်း ယာပြင်ထဲမှာ နင့်ကိုပဲ လွမ်းနေတော့တာ။ငါ့ဘက်က
သေချာနေတာကြာပီဟ။စာဥငါနင့်ကို ချစ်နေမိပြီ။
နင်သဘောတူရင်နင့်အမေ အရီးထွေးကို ပြောပြီး တန်ခူးလကြရင်လာတောင်းချင်တယ်"
စာဥရင်ထဲတွင်လှိုက်ခနဲပျော်သွား၏။
သို့သော် မိန်းကလေးပီပီ အမူပိုလိုက်သည်။
"အမယ် ငါကနင့်ကို ဘာလို့ တန်းပြန်ကြိုက်ရမလဲသာအေးရဲ့။ငါစဉ်းစားအုံးမှာပေါ့  သုံးနှစ်သုံးမိုး
လောက်"
"နင်ကလဲဟာ သုံးနှစ်တော့ မလုပ်ပါနဲ့ "
"အေးလေဒါဆိုလည်းကောင်းပြီ နောင်နှစ် တပေါင်းလ ဒီလိုအချိန် ဒီလက်ပံပင်ကြီးအောက်မှာပဲ ငါနင့်ကို အဖြေပေးမယ်"
သာအေးအတိုင်းမသိအောင်ပျော်သွား၏။
"တကယ်နော် စာဥ ငါပျော်လိုက်တာဟာ"
စာဥက မျက်စောင်းထိုးလိုက်ရင်း အပျော်လွန်မနေနဲ့ ငါ့ကို လက်ပံပွင့် မြန်မြန်ကူကောက်ပေးအုံး။
"အေးပါဟာ စိတ်ချပါ နင်လိုချင်တယ်ဆိုရင် ငါလက်ပံပင် တစ်ပင်လုံးတောင် ခုတ်ပေးအုံးမှာ"
သာအေး၏စကားကြောင့် စာဥတစ်ယောက်
သာအေးကို ပိုရန်ကော ဟူသောအကြည့်ဖြင့်
ကြည့်လိုက်သော်လည်း မျက်နှာကတော့ ပြုံးနေ
လေသည်။လက်ပံပင်ပေါ်မှ ချိုးညီနောင်က
မယ်နှင့်မောင်ကို ငုံ့ ကြည့်ရင်း သာယာစွာ
တွန်ကြူးနေကြ၏။

"တကူကူး…ကူး
တကူကူး…ကူး"
image
credit-facebook image

ဖုံလုံးကြီးများက လေပွေနှင့် အတူ ဟိုမှဒီမှ
ရွေ့လျားတိုက်ခတ်နေကြလေသည်။ သစ်ရွက်
ခြောက်များနှင့်ရွက်ကြွေ ၀န်းရံထားသော နီစွေး
သည့် လက်ပံပွင့်များ ကြွေရာ အရပ်ဆီမှ သံပြိုင် သီဆိုလိုက်သော သီချင်းသံတစ်ပိုင်း တစ်စ ပျံ့လွင့်လာလေတော့သည်။

"နွေမိန်တပေါင်း နေရှိန်လောင်း
ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီကွယ်
လေရူးသုန်သုန် မြူမှုန်လွင့်ပါး
စပါးပြန့် ပြူး ရာသီဦးဝယ်
ကြည်နူးစရာဒို့ ရွာဖျားမယ်
ကြီးမားပင်စည် ပွင့်နီလက်ပံ
ဝဲပျံမြေပေါ် လျောင်း စက်ပျော်တယ်"

ဆက်လက်ကြိုးစားပါဦးမည်

image

Author-Soe Tha Khin
MSC-172

နွေဦးပုံပြင် | Ecency