The truth

skylay(44)
Published in
#myanmar
Words
41
Reading
1 min
Listen
Play
8y

truth_set_free.jpg
photo credit>>https://goo.gl/images/SSPibv

မရှိပါဘူး ကောင်မလေးတစ်ယောက်ကို
ဆွဲဆောင်နိုင်တဲ့ရုပ်မျိုး
မပြောတတ်ပါဘူး ကောင်မလေးတစ်ယောက်ကို
ကြွေသွားလောက်အောင်
မပြောရဲပါဘူး ကောင်မလေးတစ်ယောက်ကို
လွယ်လွယ်နဲ့ချစ်တယ်လို့
ကြိုးစားခဲ့ဖူးတယ် မင်းကို
အကြိမ်ကြိမ်ဖွင့်ပြောဖို့
ရှုံးနိမ့်ခဲ့တယ် အကြိမ်ကြိမ်
စုဆောင်းထားပါတယ် မင်းကိုပြောဖို့စကားတွေကို
စွန့်အသွားခဲ့တယ် မင်းရှေ့ရောက်တိုင်း
မကြည့်ရဲပါဘူး မင်းနဲ့မျက်နှာချင်းဆိုင်တောင်
ဒီလိုနဲ့မပြောဖြစ်ခဲ့ဘူး ရင်ထဲကစကားတွေကို
ငါပြောမယ် ငါပြီးပြည့်စုံလာတဲ့တစ်နေ
ဘာကြောင့်ဆို မခေါ်ရက်ဘူး
မပြည့်စုံတဲ့ဘဝထဲကို
ငါစိုးရိမ်တယ် အခြေအနေပြောင်းလဲသွားမှာကို
ပြောင်းလဲသွားရင်တောင် တစ်ခုတော့သိထားပါ
အချိန်ဘယ်လောက်ပြောင်းပြောင်း
ငါ့စိတ်တွေမပြောင်းလဲသွားဘူးဆိုတာကို

written by >>>MinThi Ha @ skylay

The truth | Ecency