မနက်​ခင်းလား

skylay(44)
Published in
#myanmar
Words
21
Reading
1 min
Listen
Play
9y

လောကကြီးကိုအလင်း​​ပေးရန်​အတွက်​​​နေမင်းကြီးသည်​ထွက်​သစ်​စပြု​လေပြီ။ကျွန်​​တော်​သည်​မနက်​ခင်း​စော​စောထ​လေ့မရှိ​နေဖင်​ထိုးမှထ​လေ့ရှိသည်​😜😜။ဒီက​နေ့မှဘာစိတ်​ကူး​ပေါက်​သည်​မသိမနက်​​ခြောက်​နာရီမထိုခင်​ကပင်​ထ​နေမိ၏။ကျွန်​​တော်​အိပ်​ရာမှထ၍ထိုင်​လိုက်​၏။ထိုအချိန်​တွင်​ကျွန်​​တော့နားထဲကိုအသံတစ်​ခုဝင်​လာ၏။ထိုအသံကိုနားစွင့်​မိရာထိုအသံသည်​အခြားအသံမဟုတ်​ဌက်​က​လေးများ၏အသံပင်​ဖြစ်​သည်​။မနက်​ခင်းတိတ်​ဆိတ်​​နေချိန်​ဖြစ်​၍ထိုအသံသည်​"တကျီကျီ"နှင့်​ရှင်​လင်းစွာကြားရသည်​။အသုံကိုနာ​ထောင်​ရသည်​မှာကြည်​နူးဖွယ်​​ကောင်း၍ပြန်​အိပ်​ချင်းပင်​​ပျောက်​၍အိပ်​ယာမှထ၍​စောင်​​ခေါက်​အိပ်​ယာသိမ်းကာတံခါသို့သွား၍တံခါးကိုဖြည်းညင်းစွာတွန်းဖွင့်​လိုက်​သည်​။ထိုအချိန်​တွင်​ကျွန်​​တော်​မြင်​လိုက်​ရသည်​မှာခါတိုင်းကဲ့သို့မဟုတ်မြင်​​ကွင်းများသည်​ရင်​သက်​ရှု​မောဖွယ်​ဖြစ်​​နေ၏။ခါတိုင်း​မြင်​ရသည်​မှာဆူးရှ​သော​နေ​ရောင်​​အောက်​တွင်​ရှိ​နေ​သောအရာများကိုကျွန်​​တော်​မျက်​လုံးဖြင့်​မနည်းကြည်​​နေရ၏။ဒီ​နေကာအဲ့လိုမဟုတ်​မိန်​​ဖျော့​နေ​ရောင်​​အောက်​တွင်​မြင်​ရသည့်​သစ်​ပင်​ပန်းပင်​များသည်​လှပစွာရှိ​နေကြ၏။

FB_IMG_1521259940490.jpg
photo>>>facebook image

ကျွန်​​တော်​​နေမင်းကြီးကိုကြည်​လိုက်​မိ၏။ခါတိုင်​က့သို့မဟုတ်​​နေမင်းကြီးကိုကြည်​ရသည်​မှာပူ​လောင်​​နေခြင်းမရှိ​အေးမြ​နေ၏။ကောင်းကင်​ကြီးကလည်းကြည်းလင်း၍မြင်းရသူ​တွေအဖို့ကြည်​မဝဖြစ်​​နေမိ၏။ကျွန်​​တော်​အ​တော်​ကြာ​ကြည်​​နေ၍သတိပြန်​လှည်​ကာမျက်​နားသစ်​၍​ဈေးသို့ထွက်​လာလိုက်​သည်​။လမ်းတွင်​မြင်​ရ​သောအရာတိုင်းသည်​အ​ရောင်​ကိုယ်​စံပုံစံကိုယ်​စီနှင့်​လှပ​နေ၏။လမ်း​လျောက်​ပြီးခနအကြာတွင်းဆွန်းခံထွကလာ်​​သောသံဃာ​တော်​​တွေကီု​တွေလိုက်​ရသည်​။အလွန်​ပင်​စိတ်ထဲတွင်​ကြည်​နူး​နေမိ၏။

FB_IMG_1521259938109.jpg
photo>>>facebook image

ကျွန်​​တော်​သည်​​ဈေးသို့​ရောက်​​လေပြီ။ဈေးထဲသိုးဝင်​ရန်​​ခြေ​လှမ်းလိုက်​ပြီးမြင်​လိုက်​ရသည့်​မြင်​ကွင်းမှာနှလုံပင်​ခုန်​​သေးရဲ့လာဟူ၍ပင်​စမ်း​နေမိသည်​။ဈေးသည်​များနှင့်​​ဈေးဝယ်​သူးများ၏မိန်​​ပျော့​ပျော့​နေ​ကောင်​​အောက်​တွင်​လှုပ်​ရှာ​နေမှုများသည်​​ကျွန်​​တော်​မျက်​လုံးထဲတွင်းနှစ်​သက်​ဖွယ်​​ကောင်းလှသည်​ကျွန်း​တော်​ရပ်​၍ကြည်​​နေမိ၏။ဈေးသည်​တစ်​​ယောက်​ကလမ်းဖယ်​​ပေးရန်​​ပြောမှသတိပြန်​ဝင်​ကားကော်​ဖီ​ဆိုင်​သို့ဆက်​​လျေက်​သွား၏။ကော်​ဖီဆိုင်​သို့​ရောက်​ကာ​ကော်​ဖီမှာ၍ဖုန်​ပင်​ကြည်​ဖို့​မေ့၍​ဈေထဲသို့ပင်​ကြည်​​နေမိသည်​။ကောက်​ဖီခွက်​​ရှေ့​ရောက်​​နေသည်​ကိုပင်းသတိမထားမိကြည့်​မြဲသာကြည်​​နေမိ၏။ဆိုင်​ရှင်းက​ကော်​ဖီရပြီ​နော်​ဟု​သတိ​ပေးမှဟုတ်​ဟုတ်​လို့​ပြော၍​ကော်​ဖီခွက်​ကိုကိုင်​ကာတစ်​​မော့​သောက်​လိုက်​၏။

IMG_20180321_141237.jpg
photo>>>google image

မျက်​လုံပင်​ပြူးသွားသည်​။သောက်​​နေကြ​နေ​ကော်​ဖီဟုတ်​ရဲ့လာဟူ၍ပင်​စိတ်​ထဲတွင်​​တွေးလိုက်​မိသည်​။ကော်​ဖီ၏အရသားမှာအလွန်​ပင်​ထူးကဲ​ကောင်းမွန်​​နေ၏။ထိုအချိမန်​တွင်​ကျွန်​​တော်​​တွေးလိုက်​မိသည်​ဒါမနက်​ခင်းလားဒီ​လောက်​အလှတရား​တွေနဲ့ပြည့်​နက်​​နေတဲ့မနက်​ခင်းကိုအရင်းကတည်းကသတိမထားမိသည်​ကိုပင်​​နောင်​တရ​နေမိ၏။

IMG_20180321_141556.jpg
photo>>>google image

မကြာမီပင်​​နေင်းကြီးသည်​လူသားများလုပ်​​ဆောင်​စရားအသီးသီးကိုလုပ်​​ဆောင်​နိုင်​ရန်​အားအင်​အပြည့်​ဖြင့်​ထွန်းလင်း​တောက်​ပလာ​တော့သည်​။ကျွန်​​တော်​သည်​အချိန်​အ​တော်​ကြာမနက်​ခင်းတွင်​မြင်းခဲ့ရ​သောပုံရိပ်​များကို​တွေးကာတပြုံးပြုံးဖြစ်​​နေမိ​တော့သည်​။

IMG_20180319_175851.jpg

Steemit ​ပေါ်​မှညီအကို​မောင်းနှမများအားလုံး​ပျော်​ရွှင်​စရာ​နေရက်​​လေးကိုပိုင်​ဆိုင်​ကြပါ​စေ။
ဆု​တောင်းရင်းနဲ့ကျွန်​​တော်

မင်းသီဟ
@ Min Thi Ha

မနက်​ခင်းလား | Ecency