“ လူသားတို့ သဘာဝ”

Words
142
Reading
1 min
Listen
Play
8y

“ လူသားတို့ သဘာဝ”

ယမန်နေ့က ကျွန်တော်တင်ပြခဲ့သည်မှာ ကြွယ်ဝချမ်းသာလိုခြင်းဆိုသည့် လိုအင်ဆန္ဒအား နည်းမှန်လမ်းမှန်ဖြင့် ကြိုးစားမှသာ အောင်မြင်ချမ်းသည်မည်ဖြစ်ကြောင်းတင်ပြခဲ့ပါသည်။ အခုဆက်လက်ပြီးတင်ပြလိုသည်မှာ ထိုသို့ ကြွယ်ဝချမ်းသာလာသူတို့သည် လူသားတို့ သဘာဝအလျောက် ထပ်မံ၍ အလိုရှိလာသောဆန္ဒမှာ ထင်ပေါ်ကျော်ကြားလိုခြင်းဖြစ်သည်။

img.jpeg
Credit Image Source

လူ့လောကသဘာဝတွင် စီးပွားတိုးတက် ချမ်းသာလာကြသည့်အလျောက် မိမိတို့၏ နာမည်ဂုဏ်သတင်းအားလည်း ကျော်ကြားလိုကြသည်မှာ ဓမ္မတာပင်ဖြစ်ဖြစ်သည်။ သို့ဖြစ်၍ လူသားတို့သည် မိမိတို့၏ နာမည်ဂုဏ်သတင်းအား ကျော်ကြားလိုကြပါတယ်။ ဂုဏ်သတင်းကြီးလိုကြပါတယ်။ ထိုသို့ ကျော်ကြားဂုဏ်သတင်းကြီးလိုသည့်အတွက် သူတို့ဟာ နည်းလမ်းပေါင်းစုံကို ကြိုးစားအားထုတ်ကြပါတော့တယ်။

ဒီလို လိုအင်ဆန္ဒတွေနဲ့ လူသားတို့ဟာ တစ်ခုပြီးတစ်ခု တမ်းတကြပါတယ်။ ရရှိအောင်လည်း ဆောင်ရွက်ကြပါတယ်။ ဤသို့ဖြင့် လူသားတို့သည် နောက်ဆုံးတော့ တစ်ချိန်မှာ ချမ်းသာလိုခြင်း၊ ဂုဏ်သတင်းကြီးလိုခြင်းနဲ့ အားမရနိုင်သော ဆန္ဒများဟာလည်း ထပ်ကာထပ်ကာ ပေါ်ပေါက်ကြပါတယ်။

img.jpeg
Credit Image Source

ကောင်းပါပီ ချမ်းသာကြွယ်ဝလာပီ၊ ဂုဏ်သတင်းကြီးမားလာပီဆိုပါစို့ နောက်ထပ် တောင့်တသော လိုခြင်တပ်မက်မှု ဆန္ဒမှာကား ကျန်းကျန်းမာမာဖြင့် အသက်ရှည်လိုခြင်းဖြစ်ပေသည်။ အဘယ့်ကြောင့်နည်းဆိုမူကား သူတို့သည် သူတို့ ခံစားစံစားရရှိနေသော ချမ်းသာခြင်း၊ ဂုဏ်ကြီးခြင်းတို့ကို အသက်ရှည်ရှည် ခံစာစံစားလိုခြင်းကြောင့်ပေ။ ထိုသို့ အသက်ရှည်ခြင်းကို ဖြစ်ပြန်လျင်လည်း ကျန်းမာခြင်းဆိုသည်ကိုပါ လိုချင်ကြပြန်သည်။ မကျန်းမမာနှင့် အသက်ရှည်ခြင်းကိုကား မနှစ်သက်ကြချေ။ ထို့ကြောင့် လူသားတို့သည် သက်ရှည်ကျန်းမာ ချမ်းသာကြွယ်ဝ ဂုဏ်ကြီးလိုကြသော လူသားများပါပေ။

ဆက်လက်၍ တင်ပြလိုသည်မှာ ထိုလူသားတို့သည် ဤမျှနှင့် ကျေနပ်ကြပီလားဆိုမူ မကျေနပ်နိုင်ကြသေးချေ။ သို့သော် ချမ်းသာနေလို့ ဒီလူသားဟ မသေတော့ဘူးလား။ မဟုတ်ပါ လူသားတို့ သဘ၀အလျောက် အချိန်တန်လျင် မနေရလို့ သေကြရမှာပါ။ ဒီအချိန်မှာ နောက်ထပ်လိုခြင်သော တပ်မက်မှု ဆန္ဒမှာကား နောက်ဆုံးအချိန် သေကြမည့်အချိန်တွင် အလိုချင်ဆုံး ဆန္ဒမှာကား ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်ရှိလိုကြပါတယ်။

img.jpeg
Credit Image Source

သေခြင်းတရားသည် သတ္တ၀ါအပေါင်းအား ချမ်းသာသည်၊ ဆင်းရဲသည် ခြွင်းချက်မထားပေ။ အချိန်တန်လျင် သေကြရမည်ဖြစ်သည်။ မည်သည့် ဘာသာဝင်ပဲဖြစ်ဖြစ် ယခုဘ၀လွန်ပီး နောက်ဘ၀ဆိုသည့်ဘ၀မှာ ကောင်းရာသုဂတိဘုံဘ၀ကို ရောက်လိုကြသည်သာဖြစ်သည်။ ဤမျှော်လင့်ချက် မှာကား နောက်ဆုံးမျှော်လင့်ချက်ပင် ဖြစ်ပေတော့သည်။

Original Work By shwemon@shwemon

“ လူသားတို့ သဘာဝ” | Ecency