ရောက်တတ်ရာရာ

Words
83
Reading
1 min
Listen
Play
8y

ရောက်တတ်ရာရာ ထွေရာလေးပါး

img01.jpeg
Credit image source

တနေ့ကျွန်တော် တစ်ယောက် ဟိုသွားဒီသွားနှင့် ဘာတွေလုပ်နေမှန်းမသိအောင်ကို အလုပ်များရှုပ်နေခဲ့ရပါသည်။ အလုပ်ရှုပ်ဆို အလုပ်တွေကိုက ရှုပ်နေတာပါ။

ဘာတွေရှုပ်နေလဲ ပြောရရင် အတော်လေး ဆိုးပါတယ်။ ကလေးထိန်းရတယ်ဗျာ။
ကလေးကိုကျောင်းလိုက်ပို့ရတယ်ဗျာ။ ဒါတင်ပဲလား မဟုတ်သေးပါဘူး ကလေးကျောင်းကိုရောက်တော့ ဆရာမက တိုင်တယ်ဗျာ လူကြီးမင်းကလေးက အတော်ဆိုးပါတယ် သေချာထိန်းသိမ်းဆုံးမပေးစေချင်ပါတယ် လို့ပြောလာတယ်ဗျာ။ ကျနော်စိတ်ညစ်သွားတယ် ကျနော့သားက အခုမှ မူကြိုကျောင်းသားလေးအရွယ် ဘာတွေဆိုးလို့ ဘာတွေစည်းကမ်းဖောက်သလဲ၊ ဆရာမကြီးကိုပြန်မေးမိတယ်ပေါ့ဗျာ။

ဆရာမကြီး ကပြောတယ်ဗျာ လူကြီးမင်းကလေးက ဆိုးတယ် ဘယ်လိုဆိုးလဲဆိုတော့ ကျောင်းမုန့်ဆိုင်ဈေးတန်းမှာ မုန့်တွေယူစားတယ် ပီးတော့ ပိုက်ဆံမပေးဘူးတဲ့ဗျာ။အော်ဖြစ်ရလေ ကလေးတစ်ယောက်မုန့်စားပီး ပိုက်ဆံမပေးနိုင်တာ ဆိုးတာမှမဟုတ်တာ ကျနော်ဖြေရှင်းပေးပါမယ်။ စိတ်မဆိုးပါနဲ့ပေါ့ဗျာ အဲလိုအဲလို ဆရာမကို ချော့ပီး ကလေးမုန့်ဘိုးပိုပေးဖို့ စဉ်းစားရပါတော့တယ်လေ။

ကလေးကျောင်းက ပြန်လာပီးပြန်တော့် မိန်းမက ဖုန်းဆက်ခေါ်တယ် ဈေးရောင်းရတာ မနိုင်လို့ လာကူပါအုန်းတဲ့ဗျာ။

img02.jpeg
Credit Image Source

အော်ခက်တယ် ခက်တယ်

လူ့လောက ထမင်းတစ်နပ်စားရဘို့ အတော်ရှုတ်ပါလားလေ။ ဒီလိုစဉ်းစားရင်း မိန်းမရှိရာ ဈေးကို ပြေးရတာပေါ့။

ကဲအခုတော့ ရေးတာ များသွားပီ စာအများကြီးမရေးတတ်ဘူး ဒီလောက်ပဲ နောက်မှဆက်ရေးတော့မယ်။ ။

လာရောက်အားပေးသူများကို ကျေးဇူးတင်ပါတယ်ဗျာ။

img03.jpeg

ရောက်တတ်ရာရာ | Ecency