Michelangelo

Words
75
Reading
1 min
Listen
Play
9y

image
Michelangeloဟာဘာလို့ယနေ့တိုင်ထိထင်ရှားသေးနေရတာလဲဆိုတဲ့အကြောင်းရင်းကိုပြောပြမှာဖြစ်ပါတယ်။
အမည်မသိ ပန်းရန်ဆရာကြီးနှင့် ထပ်တူကျသော စကားကိုဆိုခဲ့သည့်ပုဂ္ဂိုလ်ကျော်ကြီး တစ်ယောက်ရှိသည်။သူက''ပန်းချီ၊ပန်းပု၊ဗိသုကာ၊ကဗျာ'' စွယ်စုံတတ်မြောက်သော မိုက်ကယ်အိန်ဂျယ်လို ဖြစ်သည်။
image
တစ်ခါက မိုက်ကယ်အိန်ဂျယ်လိုသည် ခရစ်ယာန် ပုပ်ရဟန်းမင်းကြီး၏ ဗက်တီကင်နန်းမြို့ရှိဆစ္စတင်းဘုရားရှိခိုးကျောင်း မျက်နှာကြက်တွင် ဓမ္မဟောင်းကျမ်းလာ ဖြစ်စဉ်များကို သရုပ်ဖော်သည့်နံရံဆေးရေး ပန်းချီကားကြီးတစ်ခုရေးဆွဲရသည်။ဆရာကြီးသည် မျက်နှာကြက်နားတွင် ကပ်၍ဆင်ထားသည့်ငြမ်းပေါ်၌ပက်လက်လှန်ကာ ပန်းချီရေးဆွဲရသည်ဖြစ်ရာ ကာယဒုက္ခ အလွန်ကြီးမားလှသည်။
image
ပန်းချီကားမှာ ထာဝရဘုရားသခင် လောကကိုဖန်ဆင်းပုံ၊အာဒမ်နှင့်ဧဝပုံ စသည်ဖြင့်အဓိကရုပ်ပုံပေါင်း ၃၄၃ပုံပါဝင်သည့် ဧရာမကားကြီးဖြစ်၍တစ်ပုံချင်းကိုစိတ်တိုင်းကျ ရေးခြယ်သည်ဖြစ်ရာ ငြမ်းစင်ထက်၌ပက်လက်ပလက်နှင့်စုစုပေါင်း လေးနှစ်ကြာ၏။
image
တစ်နေ့တွင် မျက်နှာကြက်ထောင့်တစ်နေရာ၌ကတ်ကတ်သတ်သတ်ရေးဆွဲရသည့်ရုပ်ပုံတစ်ပုံကို အနုစိတ်ခြယ်မှုန်းနေစဉ် အနီး၌လာရောက်ကြည့်ရှုနေသူ မိတ်ဆွေတစ်ဦးက သူဒုက္ခခံနေပုံကို မကြည့်နိုင်ဖြစ်လာကာ ကရုဏာနှင့်ပြောသည်။
"ဒီလောက် ထောင့်ကြားထဲမှာဗျာ အောက်ကကြည့်မယ့်သူနဲ့လဲ အဝေးကြီးပဲ ဘာလို့ဒါလောက်ဒုက္ခခံပြီး အသေးစိတ်လုပ်နေရတာလဲ ပြီးတော့ဗျာတကယ် လက်ရာပီပြင်တယ် မပီပြင်ဘူးဆိုတာကော ဘယ်သူသိမှာမှတ်လို့''ဟုမိတ်ဆွေက ဆိုသည့်အခါ မိုက်ကယ်အိန်ဂျယ်လိုက တစ်ခွန်းပဲပန်ပြောသည်။
"ငါသိတာပေါ့ကွ''ဟူ၍။
မှန်သည်။မိုက်ကယ်အိန်ဂျယ်လိုသည် မိမိအနုပညာကိုလေးစားသူ မိမိအလုပ်ပေါ် သစ္စာရှိသူ အနုပညာလုပ်ငန်းအရ မိမိနှင့် ပတ်သက်လာသူများအပေါ် အစဉ်ဖြောင့်ဖတ်တည်ကြည်သူဖြစ်သည်။
image
သူတစ်ပါးသိသည်ဖြစ်စေ မသိသည်ဖြစ်စေ မိမိအလုပ်ကို မိမိဘာသာ သိထားသည့်စံချိန်စံညွှန်းထက် မလျော့ပါးစေရဘူးဟူသောစိတ်ဓာတ်မျိုးသူ့မှာအမြဲရှိသည်။
ထို့ကြောင့်လဲနှစ်ပေါင်း၅၀၀နီးပါး ကြာပြီးသည့်ယနေ့တိုင် ကမ္ဘာက လေးဟားနေရသည့်အနုပညာ ပါရမီရှင်ကြီးအဖြစ်ရရှိခဲ့ခြင်း ဖြစ်သည်။

Michelangelo | Ecency