Modern numerology

Words
283
Reading
2 min
Listen
Play
5y

atoz.png

လူတဦး၏ ဘဝနေထိုင်မှု၌ သင်္ချာဗေဒ၏ ပတ်သက်ဆက်နွယ်မှုသည် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာဟု ဆိုနိုင်သည်။ လူတဦး၏ မွေးဖွားစဉ် ရက်၊ လ၊ နှစ် ကိန်းဂဏန်းများသည် သူ၏ဘဝ၌ ထူးခြားစွာ တိုက်ဆိုင်ပတ်သက်နေခြင်းကို ဆိုလိုပါသည်။

ထူးခြားသည့် ဖြစ်စဉ်များ ပေါ်ပေါက်သည့် အသက်အပိုင်းအခြားများ၊ အိမ်နံပါတ်များ၊ ကားနံပါတ်များ၊ အသက်မွေးဝန်းကျောင်းမှု နှင့် အလုပ်အကိုင် နေရာဌာနများ စသည်တို့သည် လူတဦး၏ ဘဝဖြစ်စဉ်တွင် ဆက်သွယ်မှု ရှိနေသည်ဟု သင်္ချာဗေဒ ပညာရှင်တို့က ယုံကြည်ထားကြပါသည်။

သင်္ချာဗေဒ သို့မဟုတ် ဂဏန်းဗေဒင်သည် မတူကွဲပြားသော နည်းစနစ်တို့ဖြင့် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒ ခေါ် ပိုက်သာဂိုးရပ်စ် နည်းစနစ်သည် သင်ကြားတတ်မြောက်ရန် လွယ်ကူသောကြောင့် အနောက်နိုင်ငံများတွင် အသုံးပြုသူ များသည်။

ပိုက်သာဂိုးရပ်စ်သည် စကြာဝဠာအတွင်းရှိ အရာဝတ္ထုအားလုံးသည် ကိန်းဂဏန်း သင်္ကေတများဖြင့်သာ ဖွဲ့စည်းထားသည်။ လူသားတို့၏ စိတ်ဝိဉာဏ်ရေးရာကိုလည်း ကိန်းဂဏန်းများဖြင့် ဖော်ထုတ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားသူ ဖြစ်ပါသည်။

မော်ဒန် သင်္ချာဗေဒ ခေါ် ပိုက်သာဂိုးရပ်စ် နည်းစနစ်သည် ၁ အစ ၉ အဆုံး၊ ကိန်းဂဏန်း ၉ ခုဖြင့် တည်ဆောက်ထားပါသည်။ မော်ဒန် သင်္ချာဗေဒသည် သင်ကြားတတ်မြောက်ရန် လွယ်ကူခြင်းနှင့် အပြုသဘောဆောင်သောကြောင့် လူကြိုက်များသည်ဟု ဆိုနိုင်သည်။

မော်ဒန် သင်္ချာဗေဒ၏ အခြေခံ တွက်ချက်နည်း ၂ ခုမှာ - လူတဦး၏ မွေးနေ့ကို တွက်ချက်ခြင်း နှင့် လူတဦး၏ အမည်နာမကို တွက်ချက်ခြင်း ဖြစ်ပါသည်။ ဤအခြေခံ တွက်ချက်နည်းမှတဆင့် ပို၍ အသေးစိတ်သော တွက်ချက်နည်း နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ သိရှိနိုင်ပါသည်။

မော်ဒန် သင်္ချာဗေဒတွင် နိုင်ငံတကာသုံး English အက္ခရာ ၂၆ ကို ကိန်းဂဏန်း ၉ လုံးဖြင့် အစားထိုးဖလှယ်၍ အသုံးပြုပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဂဏန်းတလုံးစီသည် သက်ဆိုင်ရာ အက္ခရာများကို လွှမ်းမိုးမှု ရှိပါသည်။

1 - 2 - 3 - 4 - 5 - 6 - 7 - 8 - 9
A- B - C - D - E - F - G - H - I
J - K - L - M- N - O - P -Q- R
S -T - U - V - W - X - Y - Z

ဥပမာ - ၁၉.၀၆.၁၉၄၅ ခုနှစ်တွင် မွေးဖွားခဲ့သော ပြည်သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် ဘဝကံကြမ္မာဂဏန်း နှင့် အမည်နာမဂဏန်းကို ဤသို့ တွက်ချက်၍ ဖော်ထုတ်နိုင်ပါသည်။

DD+MM+YYYY
(1+9)+(0+6)+(1+9+4+5) = 35 = 8
(ဂဏန်းအားလုံးကို တလုံးတည်းဖြစ်အောင် ပေါင်းပါသည်။)

AUNG SAN SUU KYI
(1+3+5+7)+(1+1+5)+(1+3+3)+(2+7+9) = 48 = 3
(ဂဏန်းအားလုံးကို တလုံးတည်းဖြစ်အောင် ပေါင်းပါသည်။)

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဘဝကံကြမ္မာဂဏန်း ၈ နှင့် အမည်နာမဂဏန်း ၃ ရရှိသူ ဖြစ်ပါသည်။

မော်ဒန် သင်္ချာဗေဒပညာကို အသုံးပြုခြင်းဖြင့် သင်၏ ပင်ကိုယ်ပါရမီဗီဇကို ဖော်ထုတ်နိုင်ပြီး သင်၏ ဘဝရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်မည်။ ထို့အတူ သင်၏ အောင်မြင်တိုးတက်မှုကို အဟန့်အတားပြုမည့် ပုန်းကွယ်နေသောအချက်များကို ရှောင်ရှားနိုင်မည်ဟု ဆိုပါသည်။

မော်ဒန် သင်္ချာဗေဒပညာသည် လူတဦး၏ ကံကောင်းခြင်း၊ ကံဆိုးခြင်းကို ဟောကြားသည့် ဗေဒင်ပညာမဟုတ်၊ လူတဦး၏ အားနည်းချက်နှင့်အားသာချက်ကို ဖော်ထုတ်၍ ဘဝအောင်မြင်ရေးအတွက် အသုံးချကိရိယာ သဘောသာ ဖြစ်သည်ဟု မိမိအနေဖြင့် သုံးသပ်လိုပါသည်။

မော်ဒန် သင်္ချာဗေဒပညာကို စိတ်ဝင်စားပါက မိတ်ဆွေတို့၏ မွေးနေ့နှင့် အမည်နာမများကို ကိုယ်တိုင်တွက်ချက်ကြည့်နိုင်ပါသည်။ မော်ဒန် သင်္ချာဗေဒသည် ပို့စ်တခုတည်းအနေဖြင့် အပြီးအပြတ် ရေးသားနိုင်သော အခြေအနေ မရှိခြင်းကြောင့် ဆက်လက်၍ စောင့်မျှော်ဖတ်ရှုကြပါရန် ပန်ကြားအပ်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

sayalu@sayalu
22.12.2021

Modern numerology | Ecency