Steemit Newbies' Guide (How to write a post in Steemit - Part 1 ) _ Myanmar

Words
381
Reading
2 min
9y
Listen to this post
~3 min

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ

စတီးမစ်မှာ စာရေးသောအခါ အားလုံးက ကိုယ့်ပုံစံနှင့်ကိုယ် ရေးကြပါသည်။ အကြောင်းအရာစုံလင်သလို စာရေးသားဟန်ကလည်း ကွဲပြားပါသည်။ post များကို စီစဉ်ပုံကလည်း တစ်မျိုးတစ်ဘာသာစီ ဖြစ်နေပါသည်။ ဇာတ်လမ်းကို လိုက်ပြီး post ပြင်ဆင်ပုံက အံဝင်ဂွင်ကျဖြစ်သလို တစ်ခါတစ်လေမှာ အရေးအသားနဲ့ အပြင်အဆင်က color blind ဖြစ်နေသူတစ်ဦး အ၀တ်အစားဝတ်ဆင်လာပုံအတိုင်း ဖြစ်နေပါသည်။ ထို့အပြင် ယခုမှ စတီးမစ်လောကထဲကို စတင်ဝင်ရောက်လာသူများအနေဖြင့်လည်း စာတော့ ရေးချင်ပါသည် ... ဘယ်ပုံဘယ်နည်း တင်ရမလဲ မသိ ဖြစ်နေသည်များ မနည်းမနောပါ။ ထို့ကြောင့် စတီးမစ်က ပေးထားတဲ့ Guide လမ်းညွှန် ကိုအခြေခံပြီး ယခုစာကို ရေးသားလိုက်ရပါသည်။


စာရေးသားမည်ဆိုရင် အရင်ဆုံး အကြောင်းအရာကို စဉ်းစားပါမည်။ ယခု post တွင် အပြင်အဆင်ပိုင်းကို အဓိကထားပြီး ရေးသားလိုသော်လည်း အကြောင်းအရာမရှိဘဲ ရောက်တတ်ရာရာရေးသားပါကလည်း ဆားမပါဘဲ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားသည့် ဟင်းတစ်ခွက်ပမာ ဖြစ်နေပါမည်။ ထို့ကြောင့် အကြောင်းအရာရေးပုံရေးနည်းကို မိမိ တတ်သမျှ ရေးသားထားသည့် အောက်ပါ post များတွင် လေ့လာနိုင်ကြောင်း လမ်းညွှန်ပေးပါရစေ ...


တစ်ဖန် မိမိတွင် ရေးသားမည့် အကြောင်းအရာများ ရှိပြီး စတီးမစ်တွင် ရေးချလိုက်ပြီ ထားပါတော့ ... စာကို ဖတ်ချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ရပါတော့မည်။


စာ၏ခေါင်းစဉ်အပြင်အဆင် (Header)

ပထမဆုံး အပြင်အဆင်ကတော့ စာ၏ခေါင်းစဉ်ဖြစ်ပါသည်။ ခေါင်းစဉ်ဆိုသည့်အတိုင်း စာပိုဒ်များနှင့်ယှဉ်လျှင် font size က ကြီးမားနေရပါမည်။ ထို့ကြောင့် မိမိခေါင်းစဉ်အဖြစ် ရွေးချယ်ထားသည့် ၀ါကျ၏အရှေ့တွင် # သင်္ကေတကို ခံပေးရပါမည်။ တစ်လုံးတည်း ထည့်ပေးလျှင် အကြီးဆုံးစာလုံးပုံစံဖြစ်သွားပြီး # သင်္ကေတ ပေါင်းထည့်တာ များလေ ... စာလုံးကလည်း သေးငယ်သွားလေ ဖြစ်ပါသည်။ ထည့်သည့်သင်္ကေတအပေါ်မူတည်ပြီး စာလုံးအရွယ်အစားပြောင်းလဲပုံကို အောက်ပါအတိုင်း နှိုင်းယှဉ်လေ့လာနိုင်ပါသည်။

သင်္ကေတ ထည့်သွင်းထားသည့် ပုံစံ= စတီးမစ်တွင် မြင်ရသည့်ပုံစံ


စာလုံးအထူ (Bold )

စာလုံးများကို စာပိုဒ်များကို ထူထဲအောင် လုပ်ပြီး တခြားစာများထက် ပိုလေးနက်ထင်ရှားစေလိုပါက bold function ကို အသုံးပြုနိုင်ပါသည်။ ** သင်္ကေတကို မိမိထူထဲလိုသည့် စာလုံး၏ အရှေ့နှင့် အနောက်တွင် ကပ်လျှက် ရေးသားပေးရပါမည်။

စာလုံးထူထဲစေမည့် သင်္ကေတကို ထည့်သွင်းပုံ = စတီးမစ်တွင် တွေ့မြင်ရသည့် အနေအထား

စာလုံးထူထဲစေရန် လုပ်နည်း နောက်တစ်နည်းရှိသေးသော်လည်း ယခုအတိုင်းလည်း အဆင်ပြေသောကြောင့် ဒွဟမများစေရန် ထပ်မံ မပြောတော့ပါ။


စာလုံးအစောင်း ( Italic)

စာလုံးများကို မူလပုံစံအတိုင်း ရေးသားရာမှ ပိုမိုထင်ရှားရန် ပိုမိုထင်ပေါ်စေရန် ၀ါကျ၏အရှေ့နှင့်အနောက်တွင် * သင်္ကေတကို ကပ်လျှက်ရေးသားခြင်းဖြင့် တစ်စောင်းအနေအထားအဖြစ်လည်း ပြောင်းလဲနိုင်ပါသည်။ စာဖတ်သူများအတွက် နမူနာပုံစံကို အောက်တွင် လေ့လာနိုင်ပါသည်။

စာလုံးစောင်းစေမည့် သင်္ကေတကို ထည့်သွင်းပုံ = စတီးမစ်တွင် တွေ့မြင်ရသည့် အနေအထား

စာလုံးစောင်းပုံ နောက်တစ်နည်း ရှိသော်လည်း စာဖတ်သူများ အမြင်မရှုပ်ရန် ထပ်မံ မထည့်သွင်းတော့ပါ။


မှတ်ချက် ။ ။ စာတစ်ကြောင်းတည်းတွင် စာလုံးအထူ နှင့် စာလုံးအစောင်းကို တွဲဖက် ရေးသားနိုင်ပါသည်။

စာလုံးအထူနဲ့ စာလုံးအစောင်းကို တွဲဖက်ရေးသားထားပုံ = စတီးမစ်တွင် တွေ့မြင်ရသည့် အနေအထား


စာကြောင်းကို link ဖြင့် တွဲစပ်နည်း ( Linking )

စာတစ်ပုဒ်ကို ရေးသားရာတွင် ထိုစာမှ တစ်ဆင့် နောက်ထပ် စာတစ်ပုဒ်ကို ရောက်စေချင်သောအခါ link ထည့်ပြီး ရေးသားနိုင်ပါသည်။ link ကို အမြင်အတိုင်း ချရေးနိုင်သလို ၄င်း Link ကို ဖျောက်ပြီး စာလုံးတစ်ခုခုကို နှိပ်မှ ၀င်ရအောင်လည်း ပြုလုပ်နိုင်ပါသည်။ Link ကိုတော့ မိမိချိတ်ဆက်လိုသော post ဖွင့်ထားသည့် browser ၏ Address Bar မှ တစ်ဆင့် အောက်ပါအတိုင်း ကူးယူနိုင်ပါသည်။


link ကို ဖော်ပြီး ရေးသားနည်း

အောက်ပါပုံသည် Link ကို အမြင်အတိုင်း ချရေးထားခြင်း ဖြစ်ပါသည်။

link ပါဝင်ပြီး ရေးသားသည့်ပုံစံ = စတီးမစ်တွင် တွေ့မြင်ရသည့် အနေအထား


Link ကို ဖျောက်ပြီး ရေးသားနည်း

link ကို ဖျောက်ပြီး ရေးသားရာတွင် လေးထောင့်ကွင်းအဖွင့်အပိတ်ကြားတွင် မိမိlinkချိတ်လိုသော စာသားကို ရေးထားရပြီး link ကိုတော့ လက်သည်းကွင်းကြားတွင် နေရာချရသည်။ လေးထောင့်ကွင်းနှင့် လက်သည်းကွင်းကို ကပ်လျှက် ရေးသားရပါမည်။

Link ဖျောက်ပြီး ရေးသားသည့်ပုံစံ = စတီးမစ်တွင် တွေ့မြင်ရသည့် အနေအထား

မှတ်ချက် ။ ။

  • စတီးမစ်တွင် link ရှိသည့် စာကြောင်းသည် အစိမ်းရောင်ဖြစ်နေပြီး busy.org တွင်တော့ အပြာရောင်ဖြစ်နေသည်ကို တွေ့မြင်နိုင်ပါသည်။

  • ၄င်းကဲ့သို့ အရောင်ပြောင်းနေသော စာကြောင်းများကို နှိပ်ပြီး အခြားချိတ်ဆက်ထားသည့် Link များသို့ ရောက်အောင် သွားနိုင်ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)


Author - sawlwin@sawlwin

MSC - 176

Reference : Markdown Styling Guide

Images credit - https://pixabay.com


Steemit Newbies' Guide (How to write a post in Steemit - Part 1 ) ... | Ecency