Information about free photo resources !

Words
206
Reading
1 min
Listen
Play
8y

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ

ကိုယ်ပိုင်ဖန်တီးတဲ့ ဓာတ်ပုံများကို သုံးစွဲဖို့ စတီးမစ်က အားပေးတယ်ဆိုပေမယ့် တခြားဓာတ်ပုံတွေကို မူရင်း source နဲ့အတူ သုံးစွဲလို့ရတယ်ဆိုတာ အားလုံးသိကြမှာပါ ... ဒါဟာ မူပိုင်ခွင့်ကို ထိန်းသိမ်းတာလည်း ဖြစ်ပါတယ် ... ဓာတ်ပုံတွေမှာ အဲဒီလို မူရင်း source ကို တစ်ပုံချင်းစီ မဖော်ပြချင်ဘူးဆိုရင်တော့ ဓာတ်ပုံတွေကို free သုံးစွဲခွင့်ပေးတဲ့ website တွေကနေ ၀င်ရောက်ရယူရမှာ ဖြစ်ပါတယ် ... လက်ရှိမှာ မြန်မာစတီးမစ်မိသားစုဝင်များအနေနဲ့ pixabay က images တွေကို သုံးစွဲမှုတွေ များပြားလာပါပြီ ... ၄င်းလိုပဲ အလားသဏ္ဍန်တူတဲ့ website တွေလည်း ရှိနေပါသေးတယ် ... ဒါကြောင့် မိမိစာသားနဲ့ ကိုက်ညီတဲ့ ဓာတ်ပုံကို ရှာဖွေတာမှာ ပိုမိုလွယ်ကူသွားအောင် ဓာတ်ပုံတွေကို အလကားယူလို့ ရတဲ့ pixabay အပါအ၀င် တခြား website ၅ခုကို ဖော်ပြပေးပါရစေ ...


1.Pixabay

pixabay မှာ တင်ထားတဲ့ ဓာတ်ပုံတွေကို ခွင့်တောင်းစရာ မလိုအပ်ဘဲ ၊ မူရင်းတင်သူကို credit ပေးစရာ မလိုဘဲ ယူသုံးနိုင်ပါတယ်။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် တစ်ခုခုအမြတ်ထွက်အောင် ကြိုးစားတာပဲဖြစ်ဖြစ် ရပါတယ်။ ဒီအတိုင်း အသုံးပြုနိုင်သလို ပြုပြင်ပြီးလည်း သုံးစွဲနိုင်ပါတယ်။ Creative Common Zero CC0 လိုင်စင်အောက်မှာ သုံးစွဲခွင့်ပေးထားတာ ဖြစ်ပါတယ်။


2.Pexels

Pexels မှာ ရှိတဲ့ ဓာတ်ပုံကို ဥပဒေနဲ့ညီညွတ်တဲ့ ဘယ်လိုကိစ္စမျိုးမှာ မဆို ခွင့်တောင်းစရာမလိုဘဲ အလကားသုံးစွဲနိုင်ပါတယ်။ Creative Common Zero CC0 လိုင်စင်အောက်မှာ သုံးစွဲခွင့်ပေးထားတာပါ။ ဓာတ်ပုံအရည်အသွေးမြင့်မားတာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံတွေကို ရရှိနိုင်ပါတယ်။


3.Unsplash

Unsplash လိုင်စင်အောက်မှာ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ယူသုံးခွင့်ပေးထားပါတယ်။ စတင်တုန်းကတော့ ဓာတ်ပုံဖန်တီးသူတွေအတွက် tool တစ်ခုအနေနဲ့ ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ ဓာတ်ပုံကောင်းထောင်ပေါင်းများစွာကို လက်ဆောင်ပေးနိုင်နေပြီ ဖြစ်ပါတယ်။


4.freestocks.org

freeestocks.org ဟာ Creative Common Zero CCO လိုင်စင်အောက်မှာ ပုံတွေအားလုံးကို အလကားယူသုံးခွင့်ပေးထားပါတယ်။


5.Life of Pix

Life of Pix ကို LEEROY creative agency က ဖန်တီးထားတာ ဖြစ်ပြီး သူ့ဆီက ဓာတ်ပုံတွေမှာ copy right နဲ့ ပတ်သတ်တဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။


ဓာတ်ပုံတွေကို ယူသုံးလို့ ရတဲ့ တခြား website တွေလည်း ရှိပေမယ့် အဆင်ပြေနိုင်မယ့် ၅ခုကိုပဲ ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ Reference အနေနဲ့ ကိုးကားထားတဲ့ အောက်ပါ linkမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


စာဖတ်သူအပေါင်းကို ကျေးဇူးတင်ရှိပါတယ် ...


Author - sawlwin@sawlwin

MSC - 176

Images credit - https://pixabay.com , https://www.pexels.com , https://unsplash.com , https://freestocks.org , https://www.lifeofpix.com

Information about free photo resources ! | Ecency