ဂူဂဲလ်ရဲ့ အသုံးများတဲ့ app များ

Words
138
Reading
1 min
Listen
Play
8y

စာမရေးတာလည်း ကြာပြီဆိုတော့ တစ်ခုခုတော့ ရေးတင်ဦးမှပဲလို့ စိတ်ကူးမိတယ်။ ရေးစရာတစ်ခုခု ရဖို့ အတွက် ဖတ်ထားတာလည်း ရှိထားဦးမှ ... အရင်တုန်းက နည်းပညာအကြောင်း ရေးသားမိတာတွေ ပြန်တမ်းတမိတယ်။ အဲဒီတုန်းကတော့ စတီးမစ်အကြောင်းတွေပေါ့။ အခုက Google နည်းပညာအကြောင်း အဓိကထားပြီး ရေးပါဦးမယ်။


source


Google လို့ ဆိုတာနဲ့ မျက်စိထဲမှာ ပြေးမြင်ကြတာကတော့ Gmail ပါပဲ။ ဖွင့်ရတာ လွယ်ကူပြီး အသုံးဝင်တာကြောင့် Google ရဲ့ အီးမေးလ်စနစ် Gmail ကို အသုံးပြုကြတာ များပါတယ်။ ဘယ်သူမဆို ဖွင့်လှစ်သုံးစွဲနိုင်တာကြောင့် gmail အကောင့်တွေ အသုံးပြုကြတာ များလာပါတယ်။


source


နောက်တစ်ခါ အသုံးများတာကတော့ Google drive ပါ။ ကျွန်တော်တို့ရဲ့ file တွေ၊ folder တွေကို အဲဒီမှာ သိမ်းဆည်းလို့ ရပါတယ်။ ဒါပေမဲ့ free အကောင့်အတွက်ကတော့ disk space သိပ်မပေးပါဘူး။ ဒါကြောင့် တစ်ချို့က team drive တွေ အသုံးပြုကြတယ်။ သူ့အထဲမှာကတော့ ကိုယ့် data ကို ကိုယ်ကြိုက်သလောက် ထည့်လို့ ရပေမယ့် မိမိရဲ့ Gmail အကောင့်က free အကောင့်ဆိုရင်တော့ အဲဒီအထဲမှာ disk space အနည်းငယ်ရှိနေဖို့ လိုအပ်ပါတယ်။


source


နောက်တစ်ခါ အသုံးမများပေမယ့် အသုံးဝင်နေတာကတော့ google hangout ပါ။ အရင်တုန်းကတော့ Gtalk အနေနဲ့ အသုံးများပေမယ့် အခုအခါမှာ messenger လို application တွေ အများကြီး ပေါ်လာတာကြောင့် အဲဒါကို အသုံးပြုသူက နည်းပါးနေပါသေးတယ်။ ဒါပေမဲ့လည်း data ကုန်ကျတာ နည်းပါးပြီး ကြည်လင်ပြတ်သားတဲ့အသံနဲ့ အပြန်အလှန် chatting ထိုင်တာ video call ခေါ်တာတွေ လုပ်ချင်ရင်တော့ hangout ကို ရွေးချယ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။


my_picture.jpg


sawlwin@sawlwin
MSC - 176

ဂူဂဲလ်ရဲ့ အသုံးများတဲ့ app များ | Ecency