Red fish များအတွက်

Words
234
Reading
2 min
Listen
Play
8y

ကျန်တော်တို့ငါးသေးသေးလေး(အခုမှစတီးမစ်စတင်ရေးသားသူ)တွေဘ၀က စတီးမစ်မှာ ရင်းနှီးမြုပ်နှံမှု့မပါပဲ ရှင်သန်ကြီးထွားဖို့ဆိုတာ တော်တော်ကိုခက်တဲ့အရာပါ။ စတီးမစ်ကိုစတင်လုပ်ဆောင်တဲ့သူ အများစုက follower တွေ၊ upvote အကြီးကြီးတွေ နဲ့ ငွေထုတ်ရဖို့ဆို တာမဖြစ်နိုင်ဖူးလို့ တွေးကျပါတယ်။ မတွေးထားမိတာတစ်ခုကတော့ ကိုယ်က အခုမှစတာဖြစ်တဲ့အတွက် ကိုယ့်ကိုသူများမသိသေးတော့ အရင်သူများသိအောင် ကိုယ့်ဘက်က သူများထက်ပိုပြိးကြိုးစားပြရပါမယ်။ အရင်စောလုပ်တဲ့သူတွေက ၀င်ငွေကောင်းကောင်း၊ upvote တွေကအားရစရာဖြစ်နေတာကို အားကျနေဖို့ပဲမလိုပါဖူး။ သူတို့ကြိုးစားခဲ့တာတွေကြောင့်လည်း သူတို့နဲ့ ထိုက်တန်တဲ့ ခံစားခွင့်ကိုရနေတာပါ။
သင်လည်း သင်အကောင်းဆုံးကြိုးစားပြီး whale တွေ ငါးအကြီးအပိုင်းတွေ ကိုယ့်ကိုသတိထားမိလာအောင် ကြိုးစားလို့ဖြစ်နိုင်ပါတယ်။ လုံးဝမဖြစ်နိုင်ပါဖူးလို့တွေးနေမိပြီဆိုရင်တော့ မိမိကိုယ်မိမိ ပြန်ဆွဲချနေတာ မိမိဘာသာပဲဆိုတာကို နားလည်စေချင်ပါတယ်။
သင်လည်းခုမှစတယ်ဆိုပေမဲ့ ရင်းနှီးမြုပ်နှံမှု့မပါ၊ bot တွေမသုံးပဲလည်း တန်ဖိုးရှိတဲ့ပိုစ့်တွေရေးပြီး ငွေရရှိနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံမှု့မထည့်ပဲနဲ့ တစ်ခါတည်း စတီးမစ်လုပ်တာကြာတဲ့သူတွေလိုမျိုး ကိုယ့်ပိုစ့်က $ အများကြီးတော့တက်မှာတော့မဟုတ်ပါဖူး။ တစ်ချို့ပိုစ့်တွေဆိုရင် ဘာမှမရတာတောင်ရှိပေမဲ့ အဲ့ဒါကြောင့်ဆက်လုပ်ချင်စိတ်ပျောက်ပြီး မရေးပဲတော့မနေပါနဲ့။ ကိုယ်ရလာတဲ့ upvote နဲ့follower တွေကိုကြည့်ပြီး ဆက်လျှောက်ပါ။ အရှံးမပေးလိုက်ပါနဲ့။ whale တွေဆိုတာလည်း ဒီလိုပဲ အသေးလေးတွေကနေတက်လာတယ်ဆိုတာ မမေ့ပါနဲ့။ များသောအားဖြင့် စတီးမစ်အသစ်ဝင်ကျတဲ့သူတွေဟာ လက်ခံနိုင်လောက်တဲ့ ပိုစ့်အနေအထားကိုမရောက်ခင်မှာပဲထွက်သွားကျတာများပါတယ်။ အနူတ်သဘောဆန်တဲ့ အတွေးတွေက မိမိကိုဆက်လုပ်ချင်စိတ်ပျောက်အောင်လုပ်နိုင်ပါတယ်။ အဲ့ဒီလိုတွေးနေမယ့်အစား ကိုယ့်ရဲ့ပိုစ့်ကို တန်ဖိုးရှိတဲ့ပိုစ့်ဖြစ်အောင်ဘယ်လိုရေးမလဲဆိုတာကို ပိုပြီးအာရုံစိုက်သင့်ပါတယ်။ ပြီးခဲ့တဲ့လတွေက ကျန်တော်လူသစ်တွေအများကြီးကို စတီးမစ်ရောက်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီထဲက အနဲငယ်သာလျှင် စတီးမစ်ကို အချိန်ပေးလေ့လာပြီး သေချာလုပ်ကျပါတယ်။ လူအများစုကတော့ $ ဆိုင်းလေးကိုသာမြင်ပြီး အမြန်လိုချင်ဇောနဲ့ ၀င်လာကျတာကြောင့် သူများပိုစ့်တွေကို ကူးယူ၊ ကိုယ်ရေးကိုယ်ပြုလုပ်ထားတဲ့ပုံစံနဲ့ ပြန်တင်ကျတယ်။ အဲ့ဒီလိုပြန်တင်တဲ့အခါမှာလည်း ဘာ credit မှမပေး၊ ခွင့်လည်းမတောင်းတော့ အဲ့လိုပိုစ့်တွေက $ အများကြီးရဖို့အကြောင်းမရှိပါဖူး။ ဟုတ်ပြီ တန်ဖိုးနဲတဲ့ပိုစ့်တော့ပြောနေတယ်။ တန်ဖိုးရှိတဲ့ပိုစ့်က ဘယ်လိုမျိုးလည်းဆိုတာ ပြောစရာရှိလာပြီ။ တန်ဖိုးရှိတဲ့ပိုစ့်ဆိုတာ စာလုံးရေများရမယ်( တစ်ချို့တွေက စာအနဲငယ်ပဲရေးလို့) ပုံတွေပါရမယ်(သူများပုံယူသုံးရင်လည်း မူရင်းလင့်ကို credit ပေးရမယ်)၊ ကိုယ်က ကိုးကားရေးတယ်ဆိုရင်လည်း ကိုးကားရေးတဲ့ လင့်ကိုထည့်ပေးရမယ်။ ဒါတွေပြည့်စုံမှပဲ တန်ဖိုးရှိတဲ့ပိုစ့်တစ်ခုဖြစ်မှာပါ။
ကျန်တော်ကတော့အချိန်ကောင်းကိုမီခဲ့ပါတယ်။ ဒါပေမဲ့ ခုမှစလုပ်တဲ့သူတွေကိုပြောချင်တာက စတီးမစ်ကိုအချိန်ယူပြီးလေ့လာပါ၊ ခုမှစလုပ်လို့ ပိုစ့်ရေးကောင်းတာတောင် ဘာမှမရဖူးဆိုပြီး စိတ်ဓါတ်မကျပါနဲ့။ ဘယ်သူမှမမြင်လို့ဆိုပြီးလည်း စိတ်ဓါတ်ကျမနေပါနဲ့။ မိုးစက်ပေါက်လေးတွေအများကြီးက ကျောက်တုံးကျောက်ဆောင်တွေကိုတိုက်စားသွားတာ ချက်ခြင်းကြီးမဟုတ်ပါဖူး။ ဖြေးဖြေးခြင်းတိုက်စားသွားတာပါ။ ဒါကြောင့် ကိုယ်ရသလောက်နဲ့ပဲပျော်ပျော်ကြီးဆက်လုပ်ပါ။ အရှေ့မှာ အနာဂတ်က ကြိုဆိုနေပြီးသားပါ။ လျှောက်မယ့်သူတွေသာ အဲ့ဒီပန်းတိုင်ကိုရောက်မှာပါ။
ကြီးထွားချင်ရင် တန်ဖိုးရှိတဲ့ပိုစ့်တွေသာ နေ့စဉ်တင်ပါ။ သင့်ဖက်က အကောင်းဆုံးတွေပေးမှ စနစ်တွေကလည်း တဖြေးဖြေး ပိုပမာဏ ကြီးတဲ့ upvote တွေရောက်လာမှာပါ။ ဘာပိုစ့်မှမတင်ရင်တော့ ဘာမှရမှာမဟုတ်ပါဖူး။ အကောင်းမြင်ပါ၊ ထိုးနှက်ချက်တွေကိုခံနိုင်ရည်ရှိပါ။ တန်ဖိုးရှိတဲ့ပိုစ့်တွေကိုရေးသားပါ၊ စတီးမစ်ကို လေ့လာပြီးရင်းလေ့လာပါ။ ဘာလို့ဒီလိုပြောလည်းဆိုတော့ စတီးမစ်မှာက လေ့လာစရာတွေတကယ်ကိုအများကြီးရှိနေလို့ပါ။
ပြီးတော့နောက်တစ်ခုထပ်ပြောပြချင်တာက အကောင့် level အမျိုးအစားတွေပါ။ သူ့မှာက ငါးမျိုးရှိထားပါတယ်။

  1. Red Fish (Plankton)
  2. Minnow
  3. Dolphin
  4. Orca
  5. Whale ဆိုပြီး ငါးမျိုးရှိတာပါ။

DQmXGKtbivC7kW76nR174BPh9pGWd7EUK1v6Htmtq3nJ64x.png

Original Image link
သူတို့တွေကို vest ပမာဏနဲ့ပဲ level တက်တာဖြစ်ပါတယ်။

  1. Red Fish (Plankton) = 0 – 999,999 vest
  2. Minnow = 1,000,000 – 9,999,999 vest
  3. Dolphin = 10,000,000 – 99,999,999 vest
  4. Orca = 100,000,000 – 999,999,999 vest
  5. Whale = 1,000,000,000 – 9,999,999,999 vest
    ကျန်တော်တို့ပထမဆုံးလုပ်တယ်ဆိုရင် red fish(Plankton) အဆင့်မှာပဲရှိပါသေးတယ်။

Screenshot_20180502_134720.png

Translated by saipanpha@saipanpha

Original Link1
Original Link2
Msc-186

Red fish များအတွက် | Ecency