Four top tip to get better communication with your kid

Words
191
Reading
1 min
Listen
Play
7y

Untitled design.jpg

သင့်ကလေးနဲ့ ပေါင်းသင်းဆက်ဆံမှု့ ကောင်းရေးအတွက် နည်းစနစ် (၄) ခု

ဆက်ဆံကောင်းဖို့အတွက် သင့်ကလေးနဲ့ အတိုက်အခံလုပ်တာ၊ အော်ငေါက်တာ၊ အပြစ်ပေးတာတွေ မလုပ်သင့်ပါဖူး။ ပေါင်းသင်းဆက်ဆံရေးဆိုတာ လေ့လာသင်ကြားပေးရမယ့် ဖြစ်စဉ်တစ်ခုပါ။ အဲ့ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ဆိုတာကို သင်ကြားပေးပြီး ပျိုးထောင်ပေးရမှာပါ။

၁. သင့်ရဲ့ ကလေးကို ဒေါသတကြီး အော်ငေါက်ခဲ့မယ်ဆိုရင်
သူတို့လေးတွေက စကားကို ဘယ်လိုအော်ပြောရမယ်ဆိုတာကို သင့်ဆီကနေ သင်ကြားပြီး သင့်လိုပဲ သူ့ ပတ်ဝန်းကျင်မှာ ပြန်သုံးပါလိမ့်မယ်။ သင့်ကိုလည်း အလိုမကျတဲ့အခါ သင်ပြုမူခဲ့သလို သင့်ကိုပြန်ပြီး အော်ငေါက် ဦးမှာပါပဲ။ သူတို့ရဲ့ အနာဂတ်မှာလည်း အခြားသူတွေကို လွမ်းမိုးချင်တဲ့အခါမှာ သူ့ကိုလိုက်လျောစေချင်တဲ့ အခါတိုင်း အသံကျယ်လောင်စွာနဲ့ အော်လိုက်ပြီး သူ့ အစွမ်းကိုထုတ်ပြပါလိမ့်မယ်။ အားလုံးချုံပြီးပြောရမယ်ဆိုရင် သူတို့ အမြင်နဲ့ သင်ကြားခဲ့ရတာကို သူတို့လေးတွေ မှတ်သားထားတာပါ။

၂. တကယ်လို့ သင်က ကလေးကို စိတ်ဆိုးတဲ့လေသံနဲ့ “မလုပ်ရဖူး ရပ်လိုက်” လို့ ခဏခဏပြောခဲ့မယ်ဆိုရင်
ဒီအချိန်မှာ သူတို့လေးတွေက ဘယ်လိုပြန်ရင်ဆိုင်ရမယ်ဆိုတာကို သူတို့ မှတ်ဥာဏ်ထဲမှာ မှတ်သားထားပြီး လက်ခံထားမှာက သူတို့လိုချင်တာ မဟုတ်တဲ့အချိန် ဘယ်လိုပြောရမယ်ဆိုတာကိုပါပဲ။ တစ်နည်းပြောရရင် ဟန်ဆောင်အတုခိုးတာပေါ့ဗျာ။ အတုခိုးရုံတင်မဟုတ်ပါဖူး ပြန်လည်အသုံးချဦးမှာပါ။ သူတို့အလိုမကျလာတဲ့အခါ ဒီနည်းလမ်းနဲ့ ပြန်ဆက်ဆံမှာပါ။ ဒါကြောင့် စံပြဖြစ်တဲ့ ဖေဖေ မေမေ ဦးဦး ဒေါ်ဒေါ် အတူနေမိသားစုနဲ့ ဆရာ၊ ဆရာမ တွေဟာ ကလေးတွေရှေ့မှာ အရမ်းကို သတိထားဖို့ လိုတာပါ။

၃. သင့်ဟာ မလုပ်ရဖူး ဆိုတဲ့ စကားလုံးကိုပဲ အမြဲပြောနေခဲ့မယ်ဆိုရင်
မလုပ်ရဖူးဆိုတဲ့ စကားက သုံးစားမရတဲ့စကားလုံးဖြစ်သွားမှာပါ။ ဆက်တိုက် ငြင်းဆိုခြင်းဟာ ကလေးရဲ့ လုပ်နိုင်စွမ်းကို ကန့်သတ်ချက်ဖြစ်စေပါတယ်။ ဒါကြောင့် မလုပ်ရဖူးဆိုပြီးပိတ်ပင်တာထက် အခြားလုပ်ဆောင်ချက်တွေနဲ့ အပြုအမူတွေကို ပိုပြီးသုံးနူန်းပြောဆို လုပ်ဆောင်စေချင်ပါတယ်။ သူတို့လေးတွေရဲ့ မိမိကိုယ်ကိုယုံကြည်လေးစားမှု့ဟာ အကန့်အသတ်ရှိပါတယ်။ သူတို့လေးတွေရဲ့ စွမ်းရည်က ဘယ်ဟာကိုလုပ်နိုင်တယ်ဆိုတာကို လေ့လာဖို့ပါ။ တကယ်လို့သင်က မလုပ်ရဖူးပဲပြောနေမယ်ဆိုရင် သူတို့လေးတွေရဲ့ အတွေးအခေါ်တွေဘယ်လို မြင့်မားလာပါ့မလည်း။ ဒီတော့ မလုပ်ရဖူးဆိုတဲ့ စကားလုံးက ပေါင်းသင်းဆက်ဆံရေးသင်ကြားတဲ့အခါမှာ အတားအဆီးတစ်ခုပါပဲ။ ဒီလိုဆိုတော့ မပြောရတော့ဖူးဆိုလားဆိုတော့ တစ်ချို့ ဘေးဖြစ်နိုင်တဲ့အရာတွေကိုတော့ ပြောရမှာပါ။ မလုပ်ရဖူးဆိုတာထက် လုပ်ရင်ဘာဖြစ်နိုင်တယ်ဆိုတာကို အသေအချာရှင်းပြတာက ပိုကောင်းတဲ့နည်းလမ်းပါ။

၎. သင့်က အမြဲတမ်း အေးအေးဆေးဆေး နေဖို့ ကြီးပဲပြောနေမယ်ဆိုရင်
ကလေးက ဘာဖြစ်မလည်းဆိုတော့ သူတို့လေးတွေရဲ့ မျက်တောင်လေးကို မှိတ်တုတ်မှိတ်တုတ် လေးနဲ့ မဖြေချင်တဲ့ အမူအရာ သို့မဟုတ် ၀မ်းနည်းဟန်ဆောင်တာကိုပဲ သင်ပြန်ရရှိမှာပါ။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နာလေးနဲ့ စိတ်မချမ်းမြေ့ဖွယ် မျက်လုံးလေးက သူတို့ဖြစ်ချင်တာလေးကို ခွင့်ပြုဖို့ အသနား ခံနေတာကို သင်တွေ့ရဦးမှာပါ။ သင်ပြောတဲ့ စကားက လိုရင်းကိုမရောက်ပဲ လွဲနေတာကို သင်တွေ့ရဦးမှာပါ။ ကလေးဘ၀က ဆော့ကစားမှာ သူတို့လေးတွေရဲ့ ခန္ဓာကိုယ်နဲ့ ဦးနောက်ဖွံ့ဖြိုးမှာပါ။ ဒါကြောင့် ဘေးဖြစ်နိုင်တဲ့အရာတွေကို ဖေဖေ မေမေတို့က ကြိုတင်ဘေးမဖြစ်နိုင်အောင်စီစဉ်ပေးပြီး ပေးဆော့တာဟာ ပိုပြီးကောင်းတဲ့နည်းလမ်းဖြစ်မှာပါ။

Translated by saipanpha@saipanpha
msc 186

Four top tip to get better communication with your kid | Ecency