လိုင်းပေါ်မှာ ငွေပေးချေမူ့ပြုလုပ်တဲ့အခါမှာ လိမ်ခံရပါတယ်။ ငွေလွဲလိုက်တာ ပစ္စည်းပို့မလာလို့ လွဲသွားတဲ့ ငွေဆုံးပြီဆိုပြီး ပိုစ့်တွေကိုခဏခဏဖတ်နေရပါတယ်။ အများဆုံးတွေ့နေရတာကတော့ wave money နဲ့လွဲတဲ့အခါမှာပါ။ ကျန်တော်ကတော့ wave money ကိုသိပ်နားမလည်လို့ ဖုန်းဘေဖြည့်တာကလွဲရင် ငွေလွဲဖို့ကိုမသုံးသေးပါဖူး။ ဒီပိုစ့်လေးထဲမှာ ကျန်တော် ငွေလွဲမယ့်သူက ယုံကြည်ရလား မယုံကြည်လားဆိုတာ ဘယ်လိုစစ်မလဲဆိုတာလေးပြောပြပါမယ်။ နောက်ပြီးတော့ ငွေလွဲသွားပြီးလို့မှ ပစ္စည်းမရောက်လို့ သဘောတူညီချက်အတိုင်းမလုပ်ပေးလို့ဆိုရင် ဘယ်လိုပြန်လိုက်ရမလည်းဆိုတာကိုပြောပြပေးပါမယ်။
ကျန်တော်တို့လိုင်းပေါ်ကနေတစ်ခုခုဝယ်တော့မယ်ဆိုရင် ငွေလွဲဖို့ကို ဘဏ်ကနေ လူကိုယ်တိုင်သွားလွဲကျမလား ဒါမှမဟုတ် ဖုန်းကောင်းကောင်းဆော့တတ်သူတစ်ယောက်ဆိုရင် online banking ကနေငွေလွဲဖို့လိုပါတယ်။ online shop နဲ့ ဆိုင်တော်တော်များများက ငွေလက်ခံရရှိမှသာလျှင် order confirmed (မှာယူမူ့ အတည်) ဖြစ်တယ်ပေါ့နော်။ ဒီနေရာမှာ စပါပြီ။ ကျန်တော်တော့ ပစ္စည်းတစ်ခုကို လိုင်းပေါ်ကနေတွေ့လို့ လိုချင်သွားတယ်ပေါ့နော်။ ဟုတ်ပြီ၊ ဆိုင်ပိုင်ရှင်ကိုလည်း လိုင်းပေါ် ချက်ဘောက်ကနေ အချက်အလက်တွေအကုန်မေးပြီး စိတ်ကြိုက်ဖြစ်ပြီပေါ့။ ဒါဆိုရင် ကျန်တော်ငွေလွဲဖို့လိုအပ်လာပါပြီ။ ငွေလွဲဖို့ ဆိုင်ပိုင်ရှင်ဆီကို ဘဏ်အကောင့်လှမ်းတောင်းရပါပြီ။ ဘဏ်အကောင့်နံပါတ်ရလာပြီဆိုရင် သူပေးတဲ့ ဘဏ်အကောင့်ကိုငွေလွဲဖို့လုပ်ပါမယ်။ ဒီနေရာမှာ ကျန်တော်အသေးစိတ်လေးပြောချင်ပါတယ်။ ကျန်တော် KBZ Bank နဲ့ပဲ ဥပမာလေးပေးပြီးရေးချင်ပါတယ်။ မိမိ KBZ online bank account ကို ဖုန်းကနေ log in လုပ်ပါ။ အကောင့်ထဲရောက်ပြီဆိုမှ beneficial maintenance ဆိုပြီးတွေ့ပါမယ်။ ကိုယ်က ပထမဆုံးဝယ်မယ့်ဆိုင်ဆိုရင်တော့ ဒီကနေ အကောင့်စာရင်းအရင်သွင်းရပါတယ်။ beneficial maintenance ကိုနိပ်လိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါမယ်။ အဲ့ဒီလိုပေါ်လာပြီဆိုမှ internal ကိုထပ်နိပ်ပါမယ်။ အကောင့်စာရင်းအသစ်ထည့်မှာဖြစ်တဲ့အတွက် လူပုံ အပေါင်းလေးကိုနိပ်လိုက်ပါ။ ဒါဆိုရင် အကောင့်စာရင်းသွင်းဖို့ ဖောင်ကျလာပါပြီ။ ဒီအခါမှ ခုနက ဆိုင်ပိုင်ရှင်ပေးတဲ့ အကောင့်နံပါတ်ကို copy/paste သုံးပြီး ကျန်တော်ပြတဲ့နေရာမှာထည့်လိုက်ပါ။ ထည့်ပြီးသွားပြီဆိုမှ ဘေးက လူပုံအမှန်ခြစ်လေး ကိုနိပ်လိုက်ပါ။ ဒါဆိုရင် အကောင့်ပိုင်ရှင်နာမည် အော်တိုမစ်တစ် ထွက်လာပါလိမ့်မယ်။ အဲ့ဒီလိုထွက်လာပြီဆိုရင် အောက်ဆုံးက submit ခလုတ်ကိုနိပ်လိုက်ရင် ကိုယ်ဖြည့်ထားတဲ့ အချက်အလက်တွေ ပြန်ပြတဲ့ ဖောင်တစ်ခုကျလာပါလိမ့်မယ်။ အဲ့လိုကျလာတဲ့အခါ အချက်အလက်တွေ မှန်မမှန်ကို စစ်ဆေးပြီး အောက်ဆုံးညာဘက်နားက confirm ကိုနိပ်လိုက်ရင် OTP နံပါတ် ကိုယ့်ဖုန်းထဲကို စာတစ်စောင်ရောက်လာပါလိမ့်မယ်။ အဲ့လိုရောက်လာတဲ့နံပါတ်ကို ထည့်ပြီး submit ထပ်နိပ်မှ အကောင့်စာရင်းအသစ်ထည့်တာ ပြီးဆုံးပါတယ်။
ဟုတ်ပါပြီ။ အကောင့်စာရင်းသစ်ထည့်တာလေးတော့ ပြီးသွားပြီပေါ့။ ဒီနေရာမှာ ကျန်တော်ပြောချင်တာ မပြောရသေးပါဖူး။ ခုနက အကောင့်နံပါတ်ထည့်တဲ့အချိန်မှာ အကောင့်ပိုင်ရှင်နာမည်ပေါ်လာတာလေးမှတ်မိမယ်ထင်တယ်။
အကောင့်နံပါတ်နဲ့ နာမည်ကိုမှတ်ထားပြီးတော့ တစ်ခုခုဖြစ်လာတဲ့အခါ အဲ့ဒီ ဘဏ့်အကောင့်နဲ့ ပြန်ပြီးတော့ လိုက်လို့ရပါတယ်။ အကောင့်နံပါတ်နဲ့ နေရပ်လိပ်စာတွေကို လိုက်ပြီး လူကိုတွေ့မှ ကျန်တဲ့ကိစ္စကတော့ ကိုယ့်သဘောအတိုင်းပေါ့။ ဟုတ်ပါပြီ ဒီလိုဆိုရင် လွဲတဲ့သူအကောင့်နဲ့ နံပါတ်ကိုသုံးပြီး လိုက်ရတာကိုသိပြီပေါ့နော့်။ နောက်ထပ်တစ်ခုပြောပြချင်တာက အွန်လိုင်းမှာ ရေရှည်လုပ်စားတဲ့သူက သူ့အကောင့်ကို နာမည်အရင်းနဲ့ပဲသုံးပါတယ်။ ပြီးတော့ ပြသနာတစ်ခုခုရှိလာပြီဆိုရင် အရင်ဆုံး ဖောက်သည်ကို အကြောင်းကြားပါတယ်။ ပစ္စည်းမရောက်တာ ပစ္စည်းအဆင်မပြေတာတွေအားလုံးကို ဖောက်သည်ကိုလှမ်းအကြောင်းကြားလေ့ရှိပါတယ်။ တကယ်လို့ငွေကလွဲထားပြီ၊ ပစ္စည်းကပြောတဲ့နေ့လည်းရောက်မလာဖူး အကြောင်းလည်းမကြားဖူးဆိုရင်တော့ မိမိပစ္စည်းမှာတဲ့ အွန်လိုင်း ဖေ့ဘုတ်အကောင့် wechat အကောင့်တွေကို လှမ်းမေးပြီး အခြေအနေသိအောင်အရင်လုပ်ပါ။ ပြန်လည်းပြောမလာ မိမိအကောင့်ကိုလည်း ဘလောက်ထားတယ်ဆိုရင်တော့ ကိုယ့်ငွေတွေကို အလှူလုပ်လိုက်တယ်ပဲ မှတ်လိုက်ပါတော့။
ကျန်တော်ဒီပိုစ့်လေးမှာပြောချင်တာကတော့ အွန်လိုင်းဆိုင်တွေမှာ ပစ္စည်းဝယ်တဲ့အခါ ယုံကြည်ရတဲ့နေရာနဲ့ မယုံကြည်ရတဲ့နေရာကို အကြမ်းဖျင်းခွဲတဲ့ နည်းလေးပဲပြောပြတာပါ။ တတ်ပြီးသားသူတွေတော့ ကျော်သွားပြီး ခုမှ လိုင်းပေါ်စမှာမယ့်သူတွေအတွက် အကျိုးရှိသွားမယ်ဆိုရင် ကျန်တော်ရေးရကျိုးနပ်ပါပြီ။
Author by @saipanpha
Msc-186