Introduce Myself

Words
143
Reading
1 min
Listen
Play
9y

မင်္ဂလာပါရှင်. . .

               ကျွန်မ၏  Steemit  name  လေးသည်  @rattioo  ဖြစ်ပါတယ်ရှင် ။  Steemit  လုပ်ငန်းလေးထဲသို့  ယခုအချိန်မှ  စတင်၍  ဝင်ရောက်လာသော  New  Member  လေးဖြစ်သောကြောင့်  ရှေ့ကလျောက်နှင့်ပြီးသော  အစ်ကိုအစ်မတို့၏  အတွေ့အကြုံများနှင့်အတူ  ကျွန်မအား  လက်တွဲခေါ်ဆောင်သွားပါရန်  ယခုမိတ်ဆက်စာလေးတွင်  ပထမဦးစွာ  ပြောဆိုပါရစေ ။

               ကျွန်မ၏  မွေးရပ်ဇာတိလေးဖြစ်သော  မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့လေးရဲ့ အနီးရှိ  ကျေးရွာလေးတစ်ရွာတွင်  1989  ခုနှစ်တွင်  မိဘများ၏  ကျေးဇူးတရားများဖြင့်  သည်လူ့လောကလေး၏  အတွင်းသို့  ရောက်ရှိလာခဲ့သည်မှာ  ယခုဆိုလျှင်  ၂၉  နှစ်အရွယ်သို့  ရောက်ရှိလာပြီဖြစ်ပါသည် ။  ကျွန်မသည်  စက်ချုပ်လုပ်ငန်းလေဖြင့်  အသက်မွေးဝမ်းကြောင်းပြုလျှက်  မိဘများအား  ဘဝဝမ်းစာရေးအတွက်  လုပ်ကိုင်ကြိုးစားလျှက်ရှိပါသည် ။ 

               ကျွန်မသည်  အားလပ်သည့်  အချိန်အခါများတွင်  စာဖတ်ခြင်း  အိမ်မှုကိစ္စရပ်များဖြင့်  အချိန်ကုန်တတ်ပါသည် ။ ဂီတဝါသနာပါခြင်း ၊  စာအုပ်ဖတ်ခြင်း ၊ ကဗျာဝတ္ထုတိုများရေးခြင်း ၊  Fashion ဒီဇိုင်းများကို လေ့လာခြင်း  စသော  ဝါသနာပါသော  ကဏ္ဍရပ်များကို  အချိန်ရလျှင်ရသောအခါများ၌  အချိန်ကို  အကျိုးရှိစွာဖြင့်  အကောင်းဆုံးအသုံချ၍  အသုံးပြုတတ်ပါသည် ။

              ကျွန်မသည်  ယခုအချိန်ထိ  မိဘများ၏  အေးမြသော  အရိပ်ကလေးအောက်တွင်  အေးချမ်းစွာ  ခိုလှုံလျက်  ညီကိုမောင်နှမများနှင်အတူ  ပျော်ပျော်ရွှင်ရွှင်  သိုက်သိုက်ဝန်းဝန်းနှင့်  မိသားစု၏  အိမ်ကလေးသည်  အေးချမ်းစွာဖြင့်  သာယာလျှက်တည်ရှိနေပါသည် ။ ထို့အတူ  အိမ်တွင်ချစ်စရာ  အရောင်လေးများဖြင့်  ကျွန်မအားတွေ့လျှင်  အပြေးချွဲနွဲ့တတ်သော  ကြောင်လေးနှစ်ကောင်အား  ဂရုစိုက်၍ချစ်ရသည်မှာလည်း  အချိန်ကိုအလုအယက်ပင်  ဖြစ်ပါသည် ။

             ကျွန်မသည်  Online  Money  ရှာဖွေခြင်း  ကဏ္ဍရပ်များကို  ကျွန်မ၏သူငယ်ချင်းတစ်ဦးမှ  လုပ်ရန်နှိုးဆော်ပေးသဖြင့်  ကျွန်မလုပ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ် ။ ကျွန်မသည်  စာပေရေးသားသော  ကဏ္ဍရပ်များကို  စိတ်ပါဝင်စားသဖြင့်  ယခုလို  Strrmit  ကဏ္ဍများကို  အကောင်းဆုံးလုပ်ဆောင်ရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ် ။ ထို့ကြောင့်  ရှေ့မှကြိုတင်၍  လျောက်လှမ်းနေသော  ဆရာဆရာမများအပါအဝင်  ညီအစ်ကိုမောင်နှမများအားလုံးတို့သည်  ကျွန်မ  @rattioo  အားလက်တွဲခေါ်ဆောင်သွားပေးပါလို့  သည်မိတ်ဆက်စာလေးနှင့်အတူ  မေတ္တာရပ်ခံ  ရေးသားလိုက်ရပါတယ်ရှင်. . .

Happy New Year 2018 တွင် အားလုံးပျော်ရွှင်ကြပါစေလို့ဆုတောင်းလျှက်. . .
image
MSC-206

Introduce Myself | Ecency