Last night feeling ……

Words
121
Reading
1 min
8y
Listen to this post
~1 min

တခါတလေမှာ ဖြစ်တတ်ကြတဲ့ ဖြစ်လေ့ရှိတဲ့ အဖြစ်အပျက်အတွေကို လူကြီးတွေက မကြာခနဆိုသလို ညည်းတွားနေတတ်ကြတာကို B Pyae ကြားခဲ့ရပါတယ် ။

ဘာစကားလဲဆိုတော့ အဆင်မပြေချင်းဆိုတဲ့ စကားပါဘဲ ။

  • စီးပွားရေး အဆင်မပြေဖြစ်ခြင်း

  • အိမ်ထောင်ရေး အဆင်မပြေခြင်း နဲ့

  • မိတ်ဆွေအပေါင်းအသင်း စတဲ့ ချစ်သူရီးစား ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်းတွေကိုပေါ့ ။

သူတို့ ညည်းတွားစဉ်တုန်းက နားထောင်ရုံ ကြားမိရုံကလွဲပြီး ဘာမှထွေထွေထူးထူး နားမလည်ခဲ့ပါဘူး ။

ကိုယ်တိုင်ကြုံဘူးမှ သူတို့ တွေပြောတဲ့စကားကို တလုံးချင်း နားထဲမှာ ပြန်ကြားလာမိပါတော့တယ် ။
B Pyae ကြုံဘူးသွားတာက ပေါင်းသင်းဆက်ဆံရေး အဆင်မပြေချင်းဆိုတဲ့ အရာပါဘဲ ။

ကိုယ့်တယောက်ထဲနေန်ုင်လို့ ကတော့ ဒီအဆင်မပြေခြင်းမျိုးကို ကြုံမှာမဟုတ်ပေမယ့် တဦးတယောက်ထဲ ခွဲထွက်နေလို့ မဖြစ်တဲ့အရာမျိုးတွေကလည်း အများကြီးရှိတာလေ ။

အများကြီးနဲ့ပေါင်းသင်းဆက်ဆံရေးကို မဆိုထားနဲ့ ၂ဦးထဲပြောဆိုဆက်ဆံရေးမှာတောင် အဆင်ပြေအောင် ပြောဆိုဆက်ဆံဘို့ က ခက်ခဲနေတတ်တာ B Pyae လက်တွေ့ကြုံခဲ့ရလို့ ပါဘဲ ။

သူ့ ဘက်က အဆင်ပြေအောင် ကောင်းအောင် ပြောနေပေမယ့် တခါတရံမှာ ကိုယ်က အကောင်းမမြင်တတ်သလို ကိုယ့်ဘက်ကလည်း အဆင်ပြေအောင် ပြောတဲ့အခါမှာ သူ့ ဘက်က အကောင်းမမြင်တဲ့ လွှဲမှားတဲ့ အဆင်မပြေခြင်းကို ကြုံခဲ့ရပါပြီ ။

ဒီတော့ လူကြီးတွေမကြာခနပြောလေ့ရှိတဲ့ အဆင်မပြေခြင်းရဲ့ တချို့ကိစ္စတွေကို ဟုတ်ရှာမှာပါလို့  ကိုယ်ချင်းစာတဲ့စိတ်လေး B Pyae မှာ ဖြည့်တွေးဖြစ်လာတော့တာပေါ့ ။

1fab2192f1f0656008f0cb3011d28bb6.jpg

crd org source

MSC မှ အကိုအမများအားလုံး မင်္ဂလာပါရှင် ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ။ လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ အောင်မြင်မှုများစွာနဲ့ ပျော်မြူးနိုင်ကြပါစေလို့  ဆုတောင်းမေတ္တာ ပို့ သလိုက်ပါတယ်ရှင် ။

pyaesonekhinkhin@pyaesonekhinkhin

MSC 021

Last night feeling …… | Ecency