ခေတ် ………

Words
130
Reading
1 min
8y
Listen to this post
~1 min

ပုဂံသွားဘို့ စကားနဲ့ အကိုတယောက်နဲ့B Pyae စပ်မိစပ်ရာလေးတွေပြောဖြစ်ခဲ့ကြပါတယ် ။

B Pyae ကျူရှင်တက်တဲ့အကြောင်းတွေထည့်ပြောကြရင်း အကုန်ကြုံရသမျှလေးတွေပါ ပြောဖြစ်သွားတော့ ခုလိုပိုစ့်လေး တပုဒ်အဖြစ် B Pyae က ဖန်တီးလိုက်ပါတယ် ။

အဲ့ဒီအကိုရဲ့စကားတွေကို ကောက်နှုတ်ရင်း Steemit Post အဖြစ် ဖြည့်စွက်လိုက်တာကတော့ ……

တကယ်​​တော့ ..
အ​သုံးမကျတဲ့ သူတ​ယောက်​အဖြစ်
ရပ်​တည်​နိုင်​ဖို့ ​မလွယ်​ပါဘူး။
သူတို့​တွေမှာလဲ ဖြတ်​သန်းခဲ့ရတဲ့
ခေတ်​ဆိုတာရှိတယ်​။
အဲဒါ​တွေကို နားလည်​သွားရင်
အသုံးမကျသူ​တွေကို
ကိုယ်​ချင်းစာတတ်​သွားလိမ့်​မယ်​။
သင်​ကိုယ်​တိုင်​ ဖြတ်​သန်းဖူးရင်​​တော့
သင်​အသုံးမကျဘူးဆိုတာ
ဝန်​ခံမိပါလိမ့်​မယ်​။
................
သိတတ်​စအရွယ်​မှာ မိဘလူကြီး​တွေက
သားကြီးရင်​ သမီးကြီးရင်​ ဘာလုပ်​မှာလဲ?
ဆရာဝန်​ကြီးလား စစ်​ဗိုလ်​ကြီးလား
အင်​ဂျင်​နီယာကြီးလား ဆိုပြီး လမ်း​ကြောင်း​ပေးတဲ့
အ​မေး​တွေ​ မေးတတ်​ကြတဲ့ ​ခေတ်​ ……

အတန်းထဲမှာ စာဘယ်​​လောက်​ညံ့ညံ့ 
ကျောင်း​ခေါ်ချိန်​မပြည့်​ရင်​​တောင်​ ကျုရှင်​မှန်​မှန်​တက်​ထားရင်​ Aခန်းမှာအမြဲ​နေရပီး အတန်းတိုင်း​အောင်​​တဲ့ ခေတ်​ ……

ဆယ်​တန်းကျမှာကို ​သေမ​လောက်​ ​ကြောက်​တတ်​ကြပြီး နတ်​ကြီးတယ်​လို့ ​ပြောတတ်​ကြတဲ့ ဆယ်​တန်းကို လမ်း​ကြောင်းမှန်​မှန်​နဲ့ ပူ​ဇော်​ပသတတ်​ရင်
အောဒီနဲ့​တောင်​ ​အောင်​လို့ရတဲ့ ​ခေတ်​ ……

တက္ကသိုလ်​မှာ ​မေဂျာ​ရွေးတဲ့အခါ အမှတ်​နဲ့မဆိုင်​ ဝါသနာနဲ့တလွဲ ​ခေါင်းပန်းလှန်​သလို ကျချင်​ရာကျ​​ရွေးတတ်​ကြပီး တက်​ရပီး​ရောဆိုတဲ့ ​ခေတ်​ ……

တက္ကသိုလ်​​ကျောင်းတက်​ရခြင်းရဲ့ အဓိကရည်​ရွယ်​ချက်​မှာ ဘွဲ့တစ်​ခုခုရဖို့ဖြစ်​ပြီး ကျောင်းပြီးဘွဲ့ရတဲ့တ​နေ့​နေ့ ဘွဲ့ဓာတ်​ပုံကို အိမ်​တိုင်​မှာချိတ်​ဆွဲနိုင်​ရမည်​ဟု ကြုံးဝါးကာ ဘွဲ့ရမှ လူရာဝင်​မယ်​ဆိုတဲ့အသိတစ်​ခုက အရိုးစွဲ​နေကြခြင်း​ကြောင့်​ ​ဘွဲ့တခုခုရဖို့ အသဲအသန်
လုံးပန်းကြရတဲ့ ​ခေတ်​ ……

ကျောင်းပြီးဘွဲ့ရ​တော့ ဘွဲ့​တော်​လက်​မှတ်​ကို ကိုင်​ဆွဲကာ ပညာမာန်​တခွဲသားနဲ့ အလုပ်​ထဲဝင်​ကာမှ
ရခဲ့တဲ့ဘွဲ့​တော်​ကြီးဟာ ​သုံးစားလို့မရ​မှန်းသိသွားပြီး သောက်​တလွဲ ဖြစ်​​နေပါကလားးရယ်​လို့ အချိန်​လွန်​​နောင်​တရတတ်​ကြတဲ့ ​ခေတ်​ ……

ဒီခေတ်ကြီးကို တွန်းလှန်ရင်း အသုံးကျတဲ့သူတယောက်ဖြစ်ဖို့  B Pyae ကြိုးစားရတော့မယ်လို့  ဆုံးဖြတ်လိုက်မိတယ် ။

3325483_S.jpg

image credit source

pyaesonekhinkhin@pyaesonekhinkhin

MSC 021

ခေတ် ……… | Ecency