အစားထိုးခြင်း

Words
73
Reading
1 min
Listen
Play
9y

အစားထိုးတယ်ဆိုတာနဲ့စပြီလို့ ဆိုလိုက်ကထဲက ကိုယ်ဟာ ဘယ်လိုအနေအထားဆိုတာ အစားထိုးခံရတဲ့သူက နားလည်ရင်တော့ကောင်းပါတယ်

အစားထိုးတာဟာ တကယ့်အစစ်ကိုခနလေး မေ့ဘို့အတွက်သာဆိုတာ အစားထိုးတဲ့လူကလဲ နားလည်ရင်တော့ကောင်းပါတယ်

လောကကြီးမှာ တကယ်အစားထိုးမရတဲ့အရာတွေအများကြီးရှိတတ်တာ ဆိုတာကိုတော့ နှစ်ဦးလုံးက နားလည်ရင်တော့ကောင်းပါတယ် ……

ခံစားချက်မတူ ရည်ရွယ်ချက်မတူ အကျင့်မတူ ပတ်ဝန်းကျင်မတူလို့  လမ်းခွဲသွားကြသလိုပါဘဲ
ခံစားချက် ရည်ရွယ်ချက် တူပြီး အကျင့်မတူ ပတ်ဝန်းကျင်မတူတော့လဲ ခွဲကြရသူတွေတပုံကြီးပါ

ဒါဆို ခံစားချက် ရည်ရွယ်ချက် အကျင့် ပတ်ဝန်းကျင် အားလုံးတူကြသူတွေဟာ ဘာကြောင့်ခွဲကြရသလဲ ?

ဘာမှမသေချာမရေရာတဲ့ အကြောင်းတရားဖြစ်စဉ်တွေက ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေကို အဓိကက ရင်ဆိုင်နိုင်အောင် ဘာလုပ်သင့်သလဲ ?

ဘာလုပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီး အကောင်အထည်ဖော်နိုင်ဘို့ သာ ပထမဦးစွာ ကြိုးစားနေထိုင်ကြရုံမှတပါး ဘာများရှိလေအုံးမလဲ ?

အကောင်အထည်မဖော်နိုင်သရွေ့တော့ အစားထိုးခံရတဲ့သူအဖို့ က အနဲအများ ကိုယ့်အစား သူတပါးကိုအစားထိုးခံရတယ်ဆိုတဲ့စိတ်ဟာ တဖက်ကအစားထိုးထားသူရဲ့လုပ်ရပ်တွေ ဆက်ဆံမှုတွေကြောင့် စိတ်ကတော့ ညစ်နေရအုံးမှာ အသေအချာပါဘဲ ။

FB_IMG_1519303891389.jpg

photo credit # facebook

pyaesonekhinkhin@pyaesonekhinkhin

MSC 021

အစားထိုးခြင်း | Ecency