ဝန်​ထမ်း ( ၄ )မျိုး

Words
114
Reading
1 min
Listen
Play
8y

image
Steemit မိသားစုများ အားလုံး မင်္ဂလာပါခင်​မျာ
ကျွန်​​တော့်​ဘဝမှာ ​​တွေ့​နေရသည့်​ အ​တွေ့ကြုံ​လေး​တွေကို ပြန်​လည်​​ဝေမျှချင်​ပါတယ်​....လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေဆိုသလို အလုပ်​သမား ၀န်​ထမ်းအမျိုးမျိုးလည်း ရှိကြ​ပေသည်​။ ​ကောင်းမွန်​​သော အလုပ်ကြိုးစား​သော ၀န်​ထမ်းရှိသလို ​ရေသာခို အ​ချောင်​​နေတတ်​​သော ၀န်​ထမ်းများလည်း ရှိကြ​ပေသည်​။ ​ကောင်းမွန်​ကြိုးစား​သော ဝန်​ထမ်းများသည်​ အလုပ်​ကြိုးစား​သော​ကြောင့်​ ထိုက်​သင့်​​သော ​နေရာများ၌ အသီသီ​နေရာရတတ်​ကြသည်​။ ထိုသို့ရကြသည်​မှာ သူတို့၏ ကြိုးစားမှု လုံ့လ၀ရိယရှိမှု​ကြောင့်​ဖြစ်​သည်​။ ထိုသို့​သော ၀န်​ထမ်းများကို ​လေ့လာအတုယူသင့်​သည်​......
ဝန်​ထမ်း ( ၄ ) မျိုး
၁။ တာဝန်​​ရှောင်​ ဝန်​ထမ်း
လူ​ရှေ့မှာ လုပ်​တတ်​ပြီး
လူကွယ်​လျှင်​ မလုပ်​ပဲ ​နေထိုင်​တတ်​ပြီး
လုပ်​တတ်​ကိုင်​တတ်​ဖြစ်​​အောင်​ ​လေ့လာမှု မရှိသည့်
လူမျိုးများ ဖြစ်​သည်​။

၂။ တာဝန်​​ကျေ ၀န်​ထမ်း
ပေးထားတဲ့ တာဝန်​ဘဲလုပ်​တယ်
အပိုဘာမှ မလုပ်​ဘူး။
ပြီးရင်​ ​နေထိုင်​တတ်​သည့်​ သူမျိုးးများ ဖြစ်​သည်​။

၃။ တာဝန်​သိ ၀န်​ထမ်း
တာဝန်​လည်း ​ကျေတယ်
လုပ်​တတ်​တယ်​လို့ ထင်တာကို ​စေတနာပါပါနဲ့ လုပ်
တတ်​ပြီး...
တတ်​​အောင်​သိ​အောင်​ ​လေ့လာတတ်​သည့်​ သူမျိုး
များ ဖြစ်​သည်​။

၎။ ​ခေါင်း​ဆောင်​စိတ်​၀န်​ထမ်း
ဝန်​ထမ်းအချင်းချင်းကိုလည်း
လုပ်​တတ်​​အောင်​ လက်​တွဲ​ခေါ်တယ်​...
အရာအားလုံး ကိုလည်း သိ​အောင်​တတ်​​အောင်​ ​လေ့
လာတယ်​....
ပျက်​စီးယိုယွင်းမှု မရှိ​အောင်​ စိုးရိမ်​​ကြောင့်​ကြ လုံးလထားပီး မိမိစီးပွားကဲ့သို့ ထိန်းသိမ်း​စောင့်​​ရှောက်​တတ်​သည့်​ သူမျိုးများ ဖြစ်ြ​က​ပေသည်​......
ဤအချက်​များထဲမှ မိမိတို့ကိုယ်​တို​င်​ မည်​သည့်​ဝန်​ထမ်းဖြစ်​​နေသည်​ကို ခွဲခြားသိထားရမည်​။ ​ပြီးပြည့်​စုံ​သော ၀န်​ထမ်းသည်​ကား မရှိ​ပေ.... အ​ကောင်းဆုံးဝန်​ထမ်း​ကောင်းတစ်​​ယောက်​ဖြစ်​​အောင်​ ကြိုးစားကြရမည်​။ ​အောင်​မြင်​​သော ၀န်​ထမ်း​ကောင်းတစ်​​ယောက်​ဖြစ်​ပါ​စေလို့ ဆန္ဒပြုလျက်​.......

Written by Pyae Sone Aung
MSC - 023

ဝန်​ထမ်း ( ၄ )မျိုး | Ecency