သူမ နဲ့ ကျွန်​​တော်

Words
121
Reading
1 min
Listen
Play
9y

image

သူမသည် ကျွန်တော့်အတွက် နေမင်းကြီးဖြစ်သည်။

သူမသည် ကျွန်တော့်အတွက် လမင်းကြီးဖြစ်သည်။

သူမသည် ကျွန်တော်ရဲ့ ရင်ခုန်သံစည်းချက်ဖြစ်သည်။

သူမသည် ကျွန်တော့်အတွက် အောက်စီဂျင်ဖြစ်သည်။

သူမသည် ကျွန်တော်အတွက် သူရဲကောင်းဖြစ်သည်။

သူမသည်..................
သူမလောက်ချစ်တတ်သောနှလုံးသားပိုင်ရှင်ကို ကျွန်တော် မမြင်ဘူးပေ။
သူမလောက်စိတ်ရင်းဖြူသော မိန်းကလေးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်ဖြစ်သည်။
စိတ်လည်းမကောက် ရစ်လည်းမရစ်တတ်သည့် ကမ္ဘာပေါ်တွင် တစ်ယောက်တည်းသာရှိမည့် ကျွန်တော့်မိန်းကလေးပင်။
သူမနှင့်ကျွန်တော် စတွေ့ကတည်းကတခြားမိန်းကလေးများနှင့်မတူ ထူခြားနေခဲ့သည်။
ဖွင့်ပြောတော့လည်း သုံးမိနစ်မခြား အဖြေပြန်ရခဲ့သည်။ သူကလည်းမြင်ကတည်းက ကျွန်တော့်ကို စိတ်ဝင်စားမိနေသည်ဟုပင် ပြောသေးသည်။ အစကတော့ သူမကို အထင်သေးမိသလိုလို ဖြစ်သွားပေမယ့် နောက်ပိုင်းကျမှ သိလိုက်ရတာကတော့ သူလူမှန်းသိတတ်စအရွယ်ကတည်းက ဘယ်သူ့ကိုမှ မလိမ်ဖူးချင်ပင်ဖြစ်သည်။
သနပ်ခါးပါးကွက်ထူထူကြီးကွက်တတ်သည်။
ဆံပင်ရှည်ကြီးကို ဖြန့်ချထားခြင်းတစ်မျိုးပဲ သူတတ်သည်။
ကျွန်တော်နဲ့ချစ်သူစဖြစ်တဲ့နေ့ကနေ စပြီး တစ်ပတ်တစ်ခါ ဟင်းအမယ်ပေါင်းများစွာလုပ်ပေးဘူးသည်။
သူမကမီးပူတိုက်လည်းတော်သည်။ ကျွန်တော်အကျီတော်တော်များများတွင် မောင် ဟု စာလုံးထိုးပေးထားသည်။ မျက်နှာသုတ်စောင်မှအစ ခေါင်းအုံးစွပ်အဆုံး စာလုံးထိုးပေးထားသည်။
ချစ်သူသက်တမ်းတစ်နှစ်ပြည့်ချိန်းထားသည့်နေရာသို့ ကျွန်တော် မရောက်လာဖြစ်ပါ။ အကြောင်းပြချက်မရှိ မေ့သွားခြင်းပင်။ ချိန်းထားသည့်အချိန်မနက်၈နာရီမှစ၍ညနေ ၆နာရီအထိသူမစောင့်သည်။ ဖုန်းလည်းမဆက်ပါ။
ကျွန်တော်မလာရခြင်းအကြောင်းသိသွားတော့ ​မောင့်ကိုသက်ကချစ်နေတော့ ခွင့်လွှတ်ပေးရမှာပေါ့ သက်သည်းခံနိုင်သေးတယ် သည်းမခံနိုင်တော့ရင် ပြောမယ်နော် တဲ့ဗျာ။ ကဲ ဘယ်လောက်ချစ်ဖို့ကောင်းလဲ။ သူမနဲ့ပဲ လက်ထပ်ခဲ့သည်။ လက်ထပ်ပြီးမှ အချိုးတွေပြောင်းသွားမလားဟုစိုးရိမ်ခဲ့သော်လည်း သူမကတော့ သူမပါပဲ။ ကျွန်တော့်အတွက် ချစ်ဖို့ကောင်းတဲ့သားကလေးတစ်ယောက်မွေးပေးထားပြီး အခုအချိန်အထိ ကျွန်တော့်အပေါ် မပြောင်းလဲသော ချစ်ခြင်းတရားတွေနဲ့ အနားမှာ အမြဲအတူရှိနေပေးမယ့် သူမ။ပူညံပူညံ ဆူပုတ်ကောက်ချိတ် ရစ်လုံး မဟာ ထိုသို့သော အရာများနှင့်လားလားမှ မဆိုင် သော သူမကို ရထားသည်မှာ အလွန်အင်မတန်ပင် ကျွန်တော် ပျော်ရွှင်မိပါသည်။ ထိုစဉ် ကျွန်တော့်နားထဲတွင် အမေ၏ခေါ်သံကြားရသည်။ ဟဲ့ကောင် ထတော့ ဘယ်နှနာရီရှိပြီလဲ ဟူသော အိမ်မက်နှိုးသံပါတည်း.......
image

Written by pyaesone101@pyaesone101
MSC No - 023

သူမ နဲ့ ကျွန်​​တော်​ | Ecency