လောဘစိတ်

Words
137
Reading
1 min
Listen
Play
8y

image
လူသားတို့သည်​ ​လောဘ၊ ​ဒေါသ ၊ ​မောဟ စသည့်​ခံစားချက်​ သုံးချက်​ဖြင့်​ ဖွဲ့စည်းထားသည်​။ စိတ်​၏ ခံစားမှုသည်​ လူတစ်​​ယောက်​အတွက်​ အလွန်​ပင်​ အ​ရေးပါသည်​။လူတစ်​​ယောက်​ကို ခံစားချက်​အမျိုးမျိုး​ပေါ်​အောင်​ ထိန်းချုပ်​နိုင်​စွမ်းရှိသည်​။ ​ပျော်​​စေချင်​ရင်​ ​ပျော်​သ​ယောင်​၊ ​ဒေါသထွက်​သ​ယောင်​၊ ​လောဘကြီးသ​ယောင်​ စသည်​ဖြင့်​ အမျိုးမျိုးဖြစ်​​ပေါ်​​စေသည်​...ထို့အပြင်​ လူတစ်​​ယောက်​လုံးကို ဘ၀ပျက်​သွားနိုင်​​အောင်​​လောက်​ထိ ကျရှုံးသွားနိုင်​​အောင်​​လောက်​ထိ ပြုလုပ်​နိုင်​သည့်​ အရားကား ​လောဘပင်​ဖြစ်​​ပေသည်​......

လောဘကြီးပီး စိတ်​မထိန်းနိုင်​သည့်​ အတွက်​ မိမိမှာ ရှိသမျှ အရားအားလုံးပင်​ ဆုံးရှုံးနိုင်​သည်​။ ​လောဘကို မထိန်းသိမ်းနိုင်​သည့်​ လူအချို့အတွက်​ကား ​လောင်းကစား၊သုံးလုံး ၊ နှစ်လုံး စသည်​တို့ မလုပ်​သင့်​​ပေ...ဘ၀တစ်​ခုလုံးကို အမြစ်​ပါမကျန်​ ပျက်​စီးသွား​အောင်​ လုပ်​နိုင်​သည်​။ ဥပမာ​ပြောရမည်​ဆိုလျှင်​ ကျ​နော်​မှာ အရမ်းခင်​ရသည့်​ သူငယ်​ချင်းတစ်​​ယောက်​ရှိတယ်​။ သူဟာ ​လောင်းကစားဆို အလွန်​ပင်​ ဝါသနာပါသူ တစ်​​ယောက်​ဖြစ်​သည်​။ ​ဘောလုံးပွဲ ​လောင်းတာ အလွန်​အကျွံ ​လောင်းတယ်​။ နိုင်​သည့်​​နေ့ နိုင်​​ပေါ့။ ရှုံသည့်​​နေ့ ငို​ပေါ့ဗျာ။ နိုင်တဲ့အခါကြ​တော့ နိုင်​တာ​လေးနဲ့ ​သောက်​စားပလိုက်​​ပေါ့။ ဒီလိုနဲ့ အ​လောင်းစားကို ပြင်းပြင်းထန်​ထန်​ လုပ်​​နေရာမှာ သူ့မှာ ရှိသမျှ ပစ္စည်းအားလုံး အ​ပေါင်​ဆို​င်​​ရောက်​ကုန်​၊ ပြန်​လည်းမ​ရွေးနိုင်​​တော့ဘူး​လေ....ကျ​နော်​လည်း သူ့အတွက်​ စိတ်​မ​ကောင်းဖြစ်​ရုံမှတစ်​ပါး မတတ်​နိင်​​ပေ....အခု​တော့ ​နောင်​တရပီး ဘယ်​​တော့မှ ​လောင်းကစားမလုပ်​​တော့ပါဘူးကတိ​ပေးပြီး အလုပ်​ကြိုးစား​နေသူတစ်​​ယောက်​ အဖြစ်​ ရပ်​တည်​သွားနိင်​ခဲ့​လေသည်​....
image
ဒါအပြင်​ ကျ​နော်​လည်း အွန်​လိုင်းက အန်​စာတုံးတစ်​ခုကို​လေ့လာ​နေရင်း စိတ်​၀င်​စားကာ ​ဆော့ကြည့်​မိတယ်​...မကြာပါဘူးဗျာ ကျ​နော်​လိုင်း​ပေါ်ကရတဲ့ ပိုက်​ပိုက်​​လေး​တွေ ​ပြောင်​ကုန်​ပါ​ရောဗျာ ....​ပြောရင်းဆိုရင်း နှ​မြောမိလို့ ငို​တောင်​ငိုချင်​လာပီဗျာ....ဗြဲ....အခု​တော့ ကျ​နော်​လည်း တတ်​နိုင်​သ​လောက်​မလုပ်​ဖြစ်​ဖို့ ဆုံးဖြတ်​ထားလိုက်​ပါပီ..ရတာထက်​ ကုန်​တာပဲများ​နေတဲ့​လောင်းကစားတွကို အမှန်​တကယ်​ စိတ်​ကုန်​​နေပါပီ.....လွယ်​လွယ်​ရသည့်​အရာကား တန်ဖိုးမရှိသလို မြဲလည်းမမြဲ​ပေ..​လောဘကို ထိန်းသိမ်းနိုင်​သည့်​လူကား အလွန်​ပင်​ ရှား​ပေသည်​။ ​လောဘ​ကြောင့်​ ဘ၀ပျက်​ ပျက်​ဆီး​နေသူအများပြားရှိရာ ထိုသူများထဲ၌ မိမိတို့၊ သူယ်​ချင်းတို့၊ စာဖတ်​သူတို့လည်း မပါဖြစ်​​အောင်​ကြိုးစားကြပါ။ ရိုးရိုးသားသား ရှာ​ဖွေစု​ဆောင်းတတ်​​အောင်​ ကျင့်​ကြံကြပါ။ အလွယ်​လမ်းကို မလိုက်​မိ​အောင်​ ကြိုးစားကြပါဗျာ။ လွယ်​လွယ်​ရသာ အရာကား အလွယ်​ရသလို အလွယ်​ပင်​ ပျက်​ဆီးသွားတတ်​သည်​။ ​လောဘစိတ်​ကို တည်​ငြိမ်​​အောင်​ ကြိုးစားနိုင်​ပါ​စေလို့ ဆန္ဒပြုလိုက်​ပါတယ်​ဗျာ.......

Author>>>>>pyaesone101@pyaesone101

MSC - 023

Credit Photo from Google

လောဘစိတ် | Ecency