ရာသီဉတု သုံးခုထဲမှ နွေဦးရာသီသို့ ရောက်ခဲ့ပေသည်။
နွေရာသီလို့ ဆိုလိုက်သည်နှင့် ပူလောင်မှု ရသသို့ ပေါ်လွင်သွားစေသည်။နွေရာသီသည် အလွန်ပင် ပူပြင်းလှပေသည်။ နွေရဲ့ ဒဏ်ကို ခံနိုင်သည့်အရာကား မရှိပေ...ပူလောင်လွန်းလှသည့် အပူရှိန်ကြောင့် သစ်ပင်၊ ပန်းပင်၊ စသည့် အပင်အမျိုးမျိုးတို့၏ သစ်ရွက်များသည် အပူဒဏ်ကြောင့် ခြောက်သွေ့ကာ မြေခခဲ့ရပေသည်...ဒါအပြင် မြစ်ချောင်း၊ အင်းအိုင် စသည့်တို့၌ ရေများလည်း ခန်းခြောက်ကုန်ကြပေသည်...တိရစ္ဆာန် များလည်း ပူလောင်လွန်းလှသဖြင့် နေစရာ မရှိဖြစ်ကုန်ကြသည်....
ပူပြင်းလှသည့်အတွက် စားဝတ်နေရေးဝမ်းစာအတွက် လုံးပန်းနေကြသော အလုပ်သမားများကို ကြည့်၍ စိတ်မကောင်းဖြစ်နေမိသည်...ထိုသူတို့သည် တနေ့စာ ထမင်းတစ်လုတ်အတွက် ပူပြင်းလှသည့် နေရောင်အောက်မှာ ချွေးတစီးစီးကျကာ ကြိုးစားပမ်းစား လုပ်ကိုင်နေကြရသည်...ဘယ်တတ်နိုင်ပါ့မလဲ....ဘဝအကျိုးပေးပေါ့ဗျာ၊စိတ်မကောင်းရုံမှတပါး မတတ်နိုင်ပေ........
နွေ၏ အပူဒဏ်ကား အလွန်ပင်ကြောက်ဖို့ကောင်းသည်။နေပူဒဏ် ခံထားရသော အသားရည်များသည် မည်းညစ်နေကာ အတော်ပင်ပျက်စီးပေသည်......အပူဒဏ် မကြာခဏ ခံနေရသော သူတို့သည် ရောဂါများစွာ ရတတ်ကြသည်။ အပူရှပ်ခြင်း၊ ချွေးထွက်လွန်ခြင်း ၊ ချွေးငုပ်သွားခြင်း၊ စသည့် ရောက်ဂါအမျိုးမျိုး ကြုံရသည်......
ထို့အပြင် နွေရာသီ၏ အကြောက်ရဆုံးသော၊ အလွန်ပင် ဂရုစိုက်သင့်သော အရာကား မီးဘေးအန္တရာယ်ပင် ဖြစ်ပေသည်...မီးဘေးသည် အလွန်ကြောက်စရာကောင်းပေသည်၊ မီးလောင်မှုဖြစ်လျှင် အလွန်ပင် ထိန်းရခက်သည်။ "အမှိုက်ကစ ပြသဒ်မီးလောင် "ဆိုသလို သေးသေးမွှားမွှား အမှိုက်လေးကစ ရှိသမျှ အရာ အကုန်လုံး ပြောင်နိုင်သည်...ထို့ကြောင့် "မီးဘေးရှောင် မလောင်ခင်တား၊ သင့်ကြောင့် မီးမလောင်ပါစေနဲ့" ။ စသည့် စကားပုံများလည်း ပေါ်ထွန်းစေခဲ့သည်။ မီးဘေးအန္တရာယ်ကို အလွန်ပင် အထူးဂရုစိုက်သင့်ကြောင်း တင်ပြလိုက်ပါသည်...
ထို့ကြောင့် နွေရာသီမှာ ဖြစ်လေ့ဖြစ်ထ ရှိသော အရာများကို အထူးပင် ဂရုစိုက်သင့်ကြောင်း။ နေရောင်ခြည်ဒဏ်ကိုလည်း တတ်နိုင်သမျှ ရှောင်သင့်ကြောင်း ၊ အထူးပင် မှာကြားလိုက်ပါသည်..
ချွင်းချက်။ ။ နွေဦးမှာ ကျနော်အကြိုက်ဆုံးအရာကား ထန်းပင်ကျရည်...ထန်းပင်ကျရည်...ချိုသမျှမျှ...ခါးသလေလေ.....😁😁😁
MSC - 023
Author>>>>>@pyaesone101
Credit : Google Photo