Rising Star Game နဲ့ ကျွန်တော်

Words
197
Reading
1 min
Listen
Play
4y

အားလုံးပဲ မင်္ဂလာပါ။

screenshot_20220528_053643.png

ဒီနေ့ ကျွန်တော် RS game ကို ဆော့ကစားတာ ရက်ပေါင်း ၂၄ ရက်ရှိပြီဖြစ်ပါတယ်။ ဒီဂိမ်းကို ဆော့ ကစားဖြစ်တဲ့ အကြောင်းကတော့ Starbits millionaire ဖြစ်ချင်လို့ပါပဲ။ စတားဗစ် မီလျံနာဖြစ်ဖို့ ပထမဆုံး level 50 ကျော်အောင် ဆော့ကစားထားရမှာ ဖြစ်ပြီးတော့ ကိုယ့်ရဲ့ HE မှာ လဲ စတားဗစ် တစ်သန်းကို မရောင်းပဲ ကိုင်ထားရမှာဖြစ်ပါတယ်။ ဒီလို မီလျံနာ ဖြစ်ခဲ့ရင်တစ်ရက်တစ်ကြိမ် စတားဗစ် မီလျံနာ မစ်ရှင်လုပ်တိုင်း စတားဗစ် တစ်သောင်းရပါမယ်။

ဒီကနေ့မှာပဲ ကျွန်တော် level 38 ရောက်ခဲ့ပါပြီ။ ဒီဂိမ်းက levelတစ်ဆင့် မြင့်လာတိုင်း နောက်တစ်ဆင့်တက်ဖို့ experience က ၅၀ စီ ပိုလာပါတယ်။ လက်ရှိ level 38 ပြီးဖို့ experience ၁၉၀၀ လိုမှာ ဖြစ်ပါတယ်။ ဒီ experience ကို မစ်ရှင်တွေလုပ်ရင်း ဂီတ သင်တန်းတွေတက်ရင်း စုရပါတယ်။ မစ်ရှင်တိုင်းမှာ မစ်ရှင် အကြီးအသေး (ကြာချိန်) အလိုက် စတားဗစ် အနည်းအများ ကွာပါတယ်။ မစ်ရှင်က လိုအပ်တဲ့ ပရိတ်သတ်အရေအတွက်ကို ကပ်လေး တွေဝယ်ပြီး စုရပါတယ်။ မစ်ရှင် ကြီးလေ ပရိတ်သတ်ပိုလိုလေအချိန်ပိုကြာလေပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကျွန်တော် ကပ်စုစုပေါင်း ၂၉ကပ်ဝယ်ထားပြီးဖြစ်ပါတယ်။ ဒီကပ်တွေအတွက် ၆၆.၅ ဟိုက် သုံးစွဲထားရပါတယ်။ ဒီကပ်တွေနဲ့ပဲ level 50 ထိရောက်အောင်ဆော့ကစားနိုင်ပါတယ်။

နေ့စဥ်စုမိတဲ့ စတားဗစ်တွေပြန်နုတ်ရင် ကျွန်တော် ရင်းကြေမှတ်ရောက်ဖို့ ၄၄ ဟိုက်လိုသေးပါတယ်။ အခု ကျွန်တော် တစ်ရက်ကို စတားဗစ် ၆၀၀၀ ကျော် (၁.၈ ဟိုက်) ရတာတွေ့ရပါတယ် (တစ်ရက် ကစားချိန် - ၁၆နာရီ ဖြစ်ပါတယ်) ။ တစ်ရက် ရတဲ့ ဆုလဒ် ၁.၈ ဟိုက်နဲ့ တွက်မယ်ဆိုရင်၊ နောက် အနည်းဆုံး နောက်ထပ်၂၄ ရက်ကျော်ရင် ရင်းကြေမှတ်ရောက်မှာ ဖြစ်ပါတယ်။

လက်ရှိ ကျွန်တော်တို့ အဖွဲ့ထဲက စတားဗစ်မီလျံနာတွေကတော့ တစ်ရက်ကို ၅ ဟိုက်လောက် ရတယ် ပြောပါတယ်။ ဒီဂိမ်းဆော့ဖြစ်တဲ့ တခြားအကြောင်းအရင်းကတော့ စတားဗစ်က စျေးငြိမ်တာကြောင့်မို့ပါ။ မဆော့သေးတဲ့မိတ်ဆွေတွေလဲ စိတ်ဝင်စားရင် ကျွန်တော့် refer link ကဝင်ပြီးဆော့ကစားနိုင်ပါတယ်။

https://www.risingstargame.com?referrer=princekham

ဒီဂိမ်းမှာ မစ်ရှင်တွေလုပ်ရတာက satoshi mining လုပ်သလို ကိုယ့်ဆီမှာ energy မကုန်ချိန်အထိ missions လေးတွေကိုဝင် နိုပ်ရုံပါပဲ။ energy ပြန်ဖြည့်ဖို့တော့ ဇာလေးတွေ ဝယ်ထားရပါတယ်။ မစ်ရှင် တစ်ခုကတော့ အနည်းဆုံး ၅ မိနစ်၊ အများဆုံး ၃ နာရီထိကြာမြင့်တာကို ပဲ တွေ့ရပါသေးတယ်။ နောက်ပိုင်း level မြင့်လာရင်တော့ ဒီထက်ကြာမယ်ထင်ပါတယ်။

ဒီဂိမ်းကစားတဲ့ မိတ်ဆွေတွေလဲ ကျွန်တော့်ပိုစ့်မှာ လိုအပ်တာ လွဲချော်တာရှိခဲ့ရင်လဲ comment မှာ ရေးထားခဲ့စေလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

princekham@princekham
28th May 2022
Myanmar

Rising Star Game နဲ့ ကျွန်တော် | Ecency