Learn, unlearn and relearn (လေ့လာခြင်း၊ မေ့ပစ်ခြင်း၊ ထပ်မံလေ့လာခြင်း) လုပ်ဖို့ ဘာကြောင့်လိုလဲ
- အိုင်တီ၊ ပညာရေး၊ စက်မှုနည်းပညာ၊ ထုတ်လုပ်မှု နဲ့ စျေးကွက်ရှာဖွေရေး ပညာရပ်တွေဟာ အမြဲတိုးတက်ပြောင်းလဲနေပါတယ်။ ဒီပြောင်းလဲမှုကို အမှီလိုက်ဖို့ တစ်ခုထဲသော နည်းလမ်းက လေ့လာသင်ယူနေဖို့ (learn)၊ မလိုတာတွေ မေ့ပစ်ဖို့(unlearn)နဲ့ ထပ်မံလေ့လာနေဖို့(relearn) ပဲဖြစ်ပါတယ်။
- ကျွန်တော်တို့ အလုပ်တစ်ခု (သို့) ပညာသင်ကြားမှု အစပိုင်းမှာ စိတ်လှုပ်ရှား လေ့ရှိပေမယ့် နောက်ပိုင်းမှာ စိတ်ဝင်စားမှုလျော့နည်းလာတတ်ပါတယ်။ အချိန် ကြာလာတဲ့အခါ ကိုယ် တတ်သိသလောက်နဲ့ပဲ လုပ်ကိုင်ရင်း မလိုတဲ့အရာတွေကို မေ့ပစ်ဖို့ (unlearn) နဲ့ ထပ်မံလေ့လာသင်ယူ(relearn)ဖို့ လိုအပ်ချက်ကို ဂရုမပြုမိတော့ပါဘူး။
- လွန်ခဲ့တဲ့ နှစ် ၂၀ က လိုအပ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်တွေဟာ အခုချိန်မှာ အသုံးမလိုတော့ဘူး။ ဒီလိုပဲ လာမယ့် အနှစ် ၂၀ မှာဆိုရင်လဲ နောက်ထပ်အလုပ်တွေ ပျောက်ကွယ်ဦးမယ်လို့ ဆိုပါတယ်။
As American writer Alvin Toffler said, “The illiterate of the 21st century will not be those who cannot read and write, but those who cannot learn, unlearn and relearn.”
အမေရိကန် စာရေးဆရာ အယ်ဗင် တော်ဖလာက ၂၁ ရာစုရဲ့ စာမတတ် သူတွေဆိုတာ စာ မရေးတတ်၊ မဖတ်တတ်တဲ့သူတွေ မဟုတ်တော့ပဲ၊ မသင်ယူနိုင်သူ၊ မလိုအပ်တာကို မမေ့ဖျောက်နိုင်သူ နဲ့ ထပ်မံမသင်ယူသူ တွေဖြစ်တယ်လို့ဆိုပါတယ်။
- ကျွန်တော်တို့ လေ့လာသင်ယူမှုတွေက ကလေးဘဝ ကတည်းက စခဲ့တာပါ။ ဒါပေမယ့် ကလေးတွေမှာ လူကြီးတွေလို ကနဦး သင်ယူမှတ်သားထားတာ မရှိပါဘူး။ ဒီအချက်က သူတို့ကို အပြည့်အဝသင်ယူလက်ခံနိုင်စေတာပါ။
"Empty your cup so that it may be filled; become devoid to gain totality.” Bruce Lee
“In order to taste my cup of water, you must first empty your cup. My friend, drop all of your preconceived and fixed ideas and be neutral. Do you know why this cup is useful? Because it is empty.” ~ Bruce Lee
- လက်ခံရယူနိုင်ဖို့အတွက် အရင်ဆုံး မိမိတို့ရဲ့ခွက်ကို ရှင်းထားဖို့ Bruce Lee က ပြောထားတာပါ။
How to unlearn
- ကျွန်တော်တို့ငယ်စဥ်ကတည်းက လေ့လာသင်ယူခဲ့လို့ learn, relearn နဲ့ရင်းနှီးပေမယ့်၊ unlearn ဆိုတဲ့ စကားလုံးနဲ့မရင်းနှီးခဲ့ပါဘူး။ လေ့လာသိမှတ်ထားတာကို unlearn လုပ်နိုင်သလို၊ အလေ့အကျင့် တစ်ခုကို လဲ unlearn လုပ်နိုင်ပါတယ်။ တစ်စုံတစ်ခုကို မေ့ဖျောက်ဖို့ ဖြတ်လမ်း နည်းကတော့ တစ်စုံတစ်ခုနဲ့ အစားထိုးခြင်းပဲလို့ဆိုပါတယ်။ ဥပမာ ကော်ဖီသောက်လေ့ရှိတဲ့ အကျင့်ကို လက်ဖက်ရည်သောက်တဲ့အကျင့်နဲ့ အစားထိုးတာမျိုးပါ။ အစားထိုးခြင်းရဲ့ ရည်ရွယ်ချက်က အလေ့အကျင့်ဟောင်း၊ အတွေးအခေါ် အဟောင်း အပေါ်မှာ အာရုံ မရောက်အောင်လုပ်တာပါ။ ဒီလို အစားထိုး လေ့ကျင့်ဖန်များလာရင်း အလေ့အကျင့် ဟောင်းက တဖြည်းဖြည်းပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ်။
- အတွေးအခေါ်တစ်ခုကို လဲ အသစ်တစ်ခုနဲ့ အစားထိုးနိုင်ပါတယ်။ လူတွေဟာ သတင်းမှား တစ်ခုကို ကြားဖန်များလာရင် အမှန်လို့ ထင်လာကြတယ် လို့ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်နာဇီ နိုင်ငံရေးသမား Joseph Goebbels က ဒီအချက်ကိုအသုံးချပြီး သူ့တို့ရဲ့ မဟာ လူမျိုးကြီးဝါဒကို ဝါဒဖြန့်ခဲ့တာပါ။ (ref no 3 မှာ ဖတ်ရှုနိုင်ပါတယ်။)
- နောက်ဆုံး အဆုံးသတ်အနေနဲ့ ''ကိုယ့်ရဲ့ချစ်သူကို ကိုယ်အရင်ချစ်နေကျပုံစံကို မေ့လိုက်ပြီး ပုံစံသစ်နဲ့ ချစ်ဖို့ သင်ယူတော့မယ်" ဆိုတဲ့ စာသားပေးပါတဲ့ 'unlearn' ဆိုတဲ့သီချင်းနဲ့ အဆုံးသတ်ပါရစေ။ သီချင်းစာသားလေးကိုပါ ဖော်ပြထား ပါတယ်။
Excuse my French
But every time you turn your phone around
I'm just kind of lose my, lose my shit
Thinkin' it's another me, hangin' on the other line
I'm fine
I keep bringin' all my problems to a pillow fight
I'm just trying to get to you
But it's not your fault
No, it's not your fault
No, it's not your fault
No, no
'Cause if I'm gonna learn how to love you
I need to unlearn how to love too
Need to unlearn how to run when it feels right
Oh my God, I'm tryin'
If I'm gonna learn how to choose you
I need to unlearn what I'm used to
Need to unlearn how to run when it feels right
Oh my God, I'm tryin'
Excuse my mouth
But every time you run a little late
Hanging with your friends, I
Freak the fuck out
Then you come home and your kiss tastes like wine
I'm fine
I keep bringing all my problems to a pillow fight
I'm just trying to get to you
But it's not your fault
No, it's not your fault
No, it's not your fault
No, no
'Cause if I'm gonna learn how to love you
I need to unlearn how to love too
Need to unlearn how to run when it feels right
Oh my God, I'm tryin'
If I'm gonna learn how to choose you
I need to unlearn what I'm used to
Need to unlearn how to run when it feels right
Oh my God, I'm tryin'
အားလုံးကျန်းမာချမ်းသာကြပါစေ။
@princekham
27thSep 2021
Ref:
- https://harappa.education/harappa-diaries/process-of-learn-and-unlearn/
- https://www.forbes.com/sites/forbescoachescouncil/2018/08/02/why-learning-to-unlearn-is-so-important/?sh=5a7eb1ed2444
- https://www.bbc.com/future/article/20161026-how-liars-create-the-illusion-of-truth
- https://ourjourneytocorporatesanity.com/its-time-for-each-of-us-to-empty-our-cup-so-we-can-fill-it-with-good-4cb2227c97e4