Dear Friends,
ဒီပိုစ့်ကတော့ Hive အသုံးပြုခဲ့တဲ့အချိန်မှာ မှတ်သားမိခဲ့တဲ့ websites လင့်တွေ နဲ့ အခြား အသုံးဝင်မယ့်အရာတွေကို တစ်နေရာထဲမှာ စုစည်းမှတ်သားထားဖို့ ရည်ရွယ်ပါတယ်။
မှတ်သားထားမိတဲ့ websites တွေကတော့
https://wallet.hive.blog/market
- ဒီဆိုက်ကတော့ တော်တော်များများ သိပြီးကြပါပြီ။ ကျွန်တော်တို့ ရလာတဲ့ HBD (Hive-Backed Dollars) တွေကို Hive နဲ့ လဲလှယ်တဲ့ ဆိုက်ပါ။ HBD ကတော့ အမေရိကန် တစ်ဒေါ်လာနဲ့ ညီမျှတဲ့ Hive နဲ့ တန်းညှိထားတဲ့ ငွေကြေးလို့ ဆိုပါတယ်။ စာမျက်နှာကို ဝင်ရင် အောက်ပါပုံအတိုင်းတွေ့ရမှာပါ။
- ပုံကိုတော့ depth chart နဲ့ ဖော်ပြထားတာပါ။ ဘယ်ဘက် အစိမ်းရောင်တစ်ခြမ်းက အဝယ် orderတွေရဲ့ ဝယ်ယူမယ့်စျေးနဲ့ ဝယ်လိုအားကို ပြထားတာ ဖြစ်ပြီး ညာဘက်တစ်ခြမ်းကတော့ အရောင်း order တွေရဲ့ရောင်းမယ့်စျေးနဲ့ ပမာဏကို ပြပါတာ ဖြစ်ပါတယ်။
နောက်တစ်ခု အသုံးပြုသင့်တာက Hive keychain ပါ။ ကျွန်တော်တို့ Hive နဲ့ ဆိုင်တဲ့ web sites တွေကို ဝင်ရင် အဆင်ပြေအောင် သွင်းထားသင့်ပါတယ်။ သူက browser addon ဖြစ်ပြီး တော့ သူကိုသုံးခြင်းအားဖြင့် Hive ရဲ့ web sites နဲ့ ဂိမ်းဆိုက်တွေ ဝင်တံ့အခါ ကီးအရှည်ကြီးတွေ ရိုက်ထည့်စရာမလို တော့ပဲ addon အတွက် စကားဝှက် တစ်ခု သာ လိုပါတယ်။ သက်ဆိုင်ရာ computer browser အလိုက် အောက်က လင့်တွေကနေ ရယူနိုင်ပါတယ်။
Chrome / Opera / Brave installation : https://chrome.google.com/webstore/detail/hive-keychain/jcacnejopjdphbnjgfaaobbfafkihpep?hl=en
Firefox installation : https://addons.mozilla.org/en-US/firefox/addon/hive-keychain/
အောက်မှာတော့ Firefox browser မှာ Hive Keychain ထည့်သွင်းအသုံးပြုပုံပါ။ အပေါ်ကလင့်ကို Firefox browser ဖွင့်ရင် အောက်ကပုံအတိုင်းတွေ့ရပါမယ်။ အဲမှာ "Add to Firefox"ကို နိုပ်ရပါမယ်။
အောက်ကပုံမှာ add ကို ရွေးနိုင်ပါတယ်။
"Allow..." ကို ရွေးပြီး "Okay" နိုပ်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ browser အပေါ်ညာဘက်က keychain addon icon ကို နိုပ်ပြီး၊ password နှစ်ခု ကို တူအောင် ထည့်ရပါမယ်။ ကို့ကွန်ပျူတာစဖွင့်လို့ browser မှာ Hive Keychain သုံးမယ်ဆိုရင် ဒီစကားဝှက် ထည့်ရမှာပါ။
အဲဒီနောက် ကီးကို အသုံးပြုဖို့ အပေါ်ဆုံး တစ်ခုကို နိုပ်ရပါမယ်။
နောက်တစ်ဆင့် အနေနဲ့ မိမိ Hive username နဲ့ private key ထည့်ပြီး ကျန်တဲ့ကီးတွေကို import လုပ်ရပါတယ်။
နောက်ဆုံးအဆင့် အနေနဲ့ "Save" ကို နိုပ်ပြီးရင် Hive Keychain ကို setup လုပ်တာ ပြီးဆုံးပါပြီ။ စတင်အသုံးပြုနိုင်ပါပြီ။
ဒီလ ၂၂ ရက်နေ့ စာရင်းအရ Hive Keychain ကို PeakD ဆိုက်မှာ အပါတ်စဉ်အသုံးပြုသူ တစ်သိန်း တစ်သောင်းကျော်ရှိတယ်လို့ဆိုပါတယ်။
Hive Keychain နဲ့ အလား သဏ္ဍန်တူ အလုပ်လုပ်ပေးတာကတော့ Hivesigner ဖြစ်ပါတယ်။ ဒီနေရာမှာ နှစ်ခုထဲ က တစ်ခု အသုံးပြုရင် အဆင်ပြေပြီမို့ Hivesigner ကို မဖော်ပြတော့ပါဘူး။ မိုဘိုင်းဖုန်း သုံးတဲ့ သူတွေဆို Hivesigner က အဆင်ပြေမယ် ထင်ပါတယ်။ မိုဘိုင်းဖုန်း browser app တွေမှာ addon ထည့်တာ အဆင်မပြေလို့ပါ။
နောက်တစ်ဆိုက် ကတော့ အားလုံးသိပြီးဖြစ်တဲ့ Hive Engine တိုကင် wallet ဆိုက်ပါ။ တိုကင်တွေကို claim တာ၊ ဝယ်ရောင်းတာ၊ stake နဲ့ unstake လုပ်တာ တွေလုပ်နိုင်ပါတယ်။ မနေ့ကစပြီး တိုကင် claimတာကို Hive Engine အပြင် Ecency ဆိုက်ကနေ လဲ claim လို့ ရပြီ။ ဒီဆိုက်မှာ တိုကင်တွေေ ဝယ်ရောင်းကို SWAP.HIVE နဲ့ လုပ်တာပါ။ Hive wallet ကနေ Hive Engine wallet ဘက် Hive အလွဲ အပြောင်းကို "Deposit", "Withdrawal" နဲ့လုပ်ရတာပါ။ Transaction fee ကတော့ 1% ပါ။
အဲဒီလို မလွဲချင်ရင် https://beeswap.dcity.io/convert ဆိုက်ကို သုံးနိုင်ပါတယ်။ သူကတော့ လွဲခကို 0.25 % ဆိုတော့ ပိုသက်သာပါတယ်။
Hive Engine လိုပဲ တိုကင်တွေကို ဝယ်ရောင်း လုပ်နိုင်တဲ့ နေရာကတော့ https://tribaldex.com/ ဆိုက်ပါ။ ဒီဆိုက်ကတော့ Hive engine ထက်စာရင် သုံးရတာ ပိုမြန်တာ တွေ့ရပါတယ်။
- တိုကင် ဝယ်ရောင်း နဲ့ တခြား binance တို့လို ဆိုက်တွေမှာ ငွေကြေးဆိုင်ရာ ဝယ်ရောင်းလုပ်မယ်ဆိုရင် တော့ candle stick graph ကို သိထားသင့်ပါတယ်။ အောက်က တေ့ tribaldex က sim တိုကင် ဝယ်ရောင်းဆိုက်က candle stick graph ပါ။
- candle stick graph ဖတ်တာလွယ်ကူပါတယ်။
- candle stick မှာ life span ရှိပါတယ်။ အပေါ်က graph မှာတော့ candle တစ်ခုချင်းထောက်ကြည့်ရင် သက်တမ်းက တစ်ရက်ဖြစ်တယ်ဆိုတာ သိရပါတယ်။ candle တွေရဲ့ သက်တမ်းကိုတော့ ဒီမှာ ရွေးလို့မရပါဘူး။
- အနီရောင် candle တွေက ကျစျေးနဲ့ အဆုံး သတ်ပြီး အစိမ်းရောင် candle တွေကတော့ တက်စျေးနဲ့ အဆုံးသတ်တာပါ။
- တစ်ရက်အတွင်း ဘယ်လောက်ထိ ကျလဲ တက်လဲ ဆိုတာကို ဖယောင်းတိုင် အဆံနဲ့ အမြီးကို ကြည့်ရတာပါ။
- နေ့တစ်နေ့ရဲ့ အဖွင့်စျေး ကြည့်ဖို့ ဖယောင်းတိုင် အောင်ခြေ (အစိမ်းအတွက်) နဲ့ ဖယောင်းတိုင်ိပ် (အနီအတွက်) ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ Binance တို့လို ငွေကြေး ရောင်းဝယ်တဲ့ ဆိုက်တွေမှာ candle ပြောင်းပုံကို live ကြည့်ကြည့်လိုက်ရင် ပိုသဘောပေါက်လွယ်ပါတယ်။
- ဒီမှာတော့ နေ့စဉ် curation reward၊ author reward ဘယ်လောက် ရတယ် ဆိုတာတွေနဲ့ တခြား အချက်အလက်လေးတွေကို ဖော်ပြပေးပါတယ်။
- ဒီမှာတော့ စသုံးခါစတုန်းက ကိုယ့်နာမည်ရိုက်ထည့်ပြီး resource credit ဘယ်လောက်ရှိလဲ သွားစစ်ဖြစ်တဲ့နေရာပါ။ စသုံးတုန်းက RC နဲရင် ပိုစ့်တင်မရ comment ပေးမရတဲ့ အနေအထားမို့ RC ဘယ်လောက်ရှိလဲ ကြည့်ရပါတယ်။ နောက်ပိုင်း Hive Power များလာတော့ RC ကို လှည့်ကြည့်ဖို့ မလိုတော့ပါဘူး။
- Hive blog ကတော့ ကျွန်တော်တို့ blog တွေရဲ့ အရင်းအမြစ် လို့ ထင်ပါတယ်။ ကျွန်တော်တို့ သုံးတဲ့ Ecency နဲ PeakD တို့က frontend ဆိုက်တွေပါ။
Binance သို့ Hive လွဲပို့ခြင်း
ကျွန်တော်တို့ ရလာတဲ့ Hive တွေကို ကိုယ့် Binance wallet ဆီ Binance wallet address နဲ့ memo နဲ့ လွဲလို့ရပါတယ်။ အသေးစိတ်ကို တော့ အောက်က သူများတင်ထားတဲ့ Youtube ဗီဒီယိုမှာကြည့်နိုင်ပါတယ်။
Binance ကနေ Hive wallet ကို လွဲရင်လဲ Hive username တစ်ခုနဲ့ တင်လွဲလို့ရပါတယ်။ အောက်က ဗီဒီယိုကို ကြည့်ပါ။
Disclaimer: ကျွန်တော် ဗီဒီယိုထဲ ကအတိုင်း လုပ်ကြည့်တာ အဆင်ပြေတယ်ဆိုပေမယ့် ကိုယ်လုပ်လို့ တစ်ခုခု လွဲခြော်တာရှိခဲ့ရင် မိမိ တာဝန်ပဲ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ discord group link တစ်ချို့ကို မျှဝေချင်ပါတယ်။
Ecency - https://discord.gg/G8hRXqNM
တစ်ခါတစ်လေ ကိုယ့်ပိုစ့်ကို boost တင်ထားတာ လာ မvote ဘူးဆိုရင် Ecency group မှာ သွားမေးနိုင်ပါတယ်။ ကိုယ်တော့ မမေးဖူးပေမယ့် တခြားသူတွေ မေးတာ တွေ့ဖူးလို့ပါ။
တခြား group link တွေကို တော့ မမျှဝေတော့ပါဘူး။ Ecency discord group မှာ လိုတာရှိရင် ဝင်ပြီး မေးမြန်း အကူအညီတောင်နိုင်တယ်လို့ ထင်လို့ပါ။ Discord app ကို မိမိကွန်ပျူတာနဲ့ ဖုန်းမှာ download ဆွဲပြီး သွင်းထားနိုင်ပါတယ်။
ကျွန်တော် မှတ်သားထားတာထဲ က လွဲမှားတာ လိုအပ်တာ ရှိခဲ့ရင်လဲ ပြန်ပြောပေးကြပါ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ပိုစ့်က Hive Keychain နဲ့ ပြည့်သွားသလိုဖြစ်နေပါတယ်။ စတင်သုံးတဲ့ သူ အဆင်ပြေအောင်လို့ ရည့်ရွယ်လို့ပါ။ ကျန်းမာ ချမ်းသာကြပါစေ။
@princekham
26th Nov 2021
Ref: