ကျွန်တော်နဲ့ အပင် ကုသရေး

Words
133
Reading
1 min
Listen
Play
4y

အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့မှာတော့ ပိုးထိထားတဲ့ အိမ်ကအပင်တွေကို ကယ်ဆယ်ရေး လုပ်ရပါတယ်။ အိမ်က ပိန်းပန်းပင်တွေရဲ့ အရွက်အချို့ဟာ တွန့်ပြီး ကျုံလီ နေတာပါ။ အင်တာနက်မှာ ရှာကြည့်တော့ ရေကနေကူးစက်တတ်တဲ့ပိုးဖြစ်တယ်လို့ ဆိုပါတယ်။ ကုထုံးကိုတော့ မယ်မယ်ရရမတွေ့ရပဲ ဒီလို ကူးစက်ခံရရင် အရွက်ကို ဖြတ်ပြီး အခြားတစ်နေရာမှာ လွင့်ပစ်ဖို့ပဲ ရေးထားတာကိုတွေ့ရပါတယ်။ အဲဒါနဲ့ ခြံထဲက ပိန်းပန်းပင်တွေထဲက ပိုးထိတဲ့ ဒီလိုအရွက်တွေကို ညှပ်ပြီး တစ်နေရာမှာ ပစ်ရပါတယ်။ မီးရှို့ပစ်နိုင်ရင်တော့ အကောင်းဆုံးပါ။

img_20220625_163433.jpg

img_20220625_162510.jpg

img_20220625_163804.jpg

ခြံထဲအပင်တွေပိုးထိတာက ပိန်းပန်းပင်နဲ့ မပြီးသေးပါ။ စိုက်ထားတဲ့ စတော်ဘယ်ရီပင်တွေဆိုရင် အရွက်တွေမှာ အစက် အပြောက်တွေနဲ့ပါ။ အစကတော့ ကြာရင်ပျောက်သွားမယ် ထင်ပေမယ့်၊ နောက်ပိုင်း ပိုများလာပါတယ်။ ဘာလုပ်ဘာကိုင်ရမှန်းမသိပဲ ကြာသွားတာက နှစ်ပါတ်ကျော်မည် ထင်ပါသည်။ နောက်ဆုံး သတိရမှ အင်တာနက်မှာ ရှာကြည့်တော့ မှိုကျလို့ဖြစ်တာဆိုပြီးရေးထားတာကိုတွေ့ရပါတယ်။ အဲဒါနဲ့ အကြံပေးထားတဲ့အတိုင်း မှိုသတ်ဆေးဖျန်းရမယ်ဆိုတာနဲ့ မှိုသတ်ဆေးရှာဝယ်ရသည်။

img_20220625_162623.jpg

img_20220625_162528.jpg

img_20220625_162940.jpg

ဆေးကိုတော့ မနေ့က ဖျန်းထားပါတယ်။ နောက် ၄ ရက်ကျမှ နောက်တစ်ခါ ထပ်ဖျန်းပါမယ်။ အဆင်ပြေမယ် ထင်ပါတယ်။ နောက်ပြီး စတော်ဘယ်ရီ အရွက်တွေက ငှက်ကိုက်သလား ပိုးကိုက်သလားမသိ။ အစောပိုင်း အသီးသီးချိန်က ကျီးကန်းနဲ့ အခြားငှက်တွေတော့ အပင်နားမှာ မကြာမကြာတွေ့မိသည်။ အသီးကို လာစားသည် ထင်သည်။ စတော်ဘယ်ရီ ပင်တွေမှာဆို စာခြောက်ရုပ်ထားရသည် လို့လဲ ဖတ်ဖူးမိတာနဲ့ စီဒီ နှစ်ချပ်ကို ကြိုးနဲ့ ချိတ်ဆွဲထားတော့ ငှက်အလာတော့ လျော့သွားသည်ဟု ထင်ပါသည်။

img_20220625_162855.jpg

နောက်ဆုံးပိတ်မှာတော့ မြေသြဇာ အနည်းငယ်ထည့် ရေလောင်းပြီး ကျွန်တော့်ရဲ့ အပင်ကယ်ဆယ်ရေး အလုပ်ကို ဒီနေ့ ဒီတင် ရပ်ထားပါတယ်။ နောက်ရက်လဲ စောင့်ကြည့်ပြီး လိုသလို ကုသမှုတွေလုပ်ရပါဦးမည်။ ဒီအချိန်က စတော်ဘယ်ရီတွေ runner တွေနဲ့ အပင် ပွားတဲ့ အချိန်ဖြစ်ပါတယ်။ အပင်လေးတွေစိမ်းလန်း ပြီး အရွက်လေးတွေ လှပနေတာကို မကြာခင် ပြန်မြင်ရမည် ထင်ပါသည်။

img_20220625_164143.jpg

img_20220625_165113.jpg

img_20220625_165105.jpg

img_20220625_162641.jpg

img_20220625_163106.jpg

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

princekham@princekham
25th June 2022

ကျွန်တော်နဲ့ အပင် ကုသရေး | Ecency