ဘာလီသို့ အလည် တစ်ခေါက် (၂)

Words
106
Reading
1 min
Listen
Play
2y

အားလုံး မင်္ဂလာပါ။

နောက်က မြင်ရတဲ့ တောင်ကတော့ ဘူတာ မီးတောင်ပါ။ မီးတောင်ရှင်ဖြစ်ပါတယ်။ အဲဒီမှာ အမဲရောင်တွေက တိမ်အရိပ်ကျနေတာ မဟုတ်ပါဘူး။ မီးတောင်ချော်ရည်ကျလာတဲ့ လမ်းကြောင်းမှာ ကျန်ခဲ့တဲ့ ချော်ကျောက်အမဲတွေဖြစ်ပါတယ်။ နောက်ဆုံ: ပေါက်ကွဲခဲ့ တဲ့ ခုနှစ်က ၁၉၇၀ ခုနှစ်ကဖြစ်ပြီး နောက်ဆုံး အပြင်းထန်ဆုံး ပေါက်ကွဲခဲ့ချိန်ကတော့ ၁၉၆၃ ခုနှစ်ကလို ဆိုပါတယ်။ ချော်ရည်စီးဆင်းလာခဲ့တဲ့ နေရာမှာဆိုရင် ချော်ကျောက် အမဲ တွေကို တွေ့နေရပါသေးတယ်။

  • အင််ဒိုနီးရှားနိုင်ငံက မီးတောင်ရှင်ပေါင်း ၁၂၇ ခု ရှိတာကြောင့်မို မီးပေါ်မှာ ရှိနေတဲ့ နိုင်ငံလို့ပြောပါတယ်။ ဒါပြီးရင် မီးတောင်အောက်ခြေနား က ရေကန်ကြီးဆီသွားမှာဖြစ်ပါတယ်။

  • မီးတောင်အောက်ခြေနားမှာတော့ ရေကန်ကြီးရှိပါတယ်။ ဘာလီမှာက ရေကန်ကြီး နှစ်ကန်ရှိတယ်ဆိုပါတယ်။ ဒီဝန်းကျင်မှာတော့ ကြက်သွန် ဖြူ နီ အများဆုံးစိုက်တယ်ဆိုပါတယ်။ မီးတောင်ချော်ရည်ကြောင့်မြေသြဇာကောင်းတယ်။

  • ဒီနေရာကတော့ ရေကန်ကြီးဘေးက ရေပူစမ်းနေရာလေးပါ။ ရေကူးကန်လေးတွေနဲ့ နားနေရာ water park လေး ဖန်တီးထားတာဖြစ်ပါတယ်။ ရေပူစမ်းက ရေနွေးကို သွယ်ပြီးတော့ ဒီရေကူးကန်တွေထဲကို ထည့်ထားတာဖြစ်ပါတယ်။ ရေနွေးစိမ်ပြီး အနားယူ အပန်းဖြေဖို့ကောင်းတဲ့ နေရာလေးပါ။ ဒီက အဆောက်အဦ တိုင်လေးတွေကို ဝါးနဲ့ဆောက်ထားတာ သဘောကျမိပါတယ်။

  • ဘာလီမှာက ရာသီဥတု နှစ်မျိုးပဲ ရှိပါတယ်။ Dry နဲ့ Wet အစိုနဲ့ အခြောက် ရာသီဥတု နှစ်ခု ပဲ ရှိတယ်ဆိုပါတယ်။ လည်ပတ်ဖို့ အကောင်းဆုံး အချိန်ကတော့ ဇွန် ဇွန်လှိုင်လလို့ ပြောပါတယ်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

princekham@princekham
2nd May 2024
Myanmar

ဘာလီသို့ အလည် တစ်ခေါက် (၂) | Ecency