ဝေဒနာအပိုင်းစများ(293)

Words
30
Reading
1 min
Listen
Play
8y

ဝေဒနာအပိုင်းစများ(293)

 သိပ်ရက်စက်တယ်နွေဆိုးရယ်

မိုးစက်လေးတွေမြေပေါ်ကြွေခနေတော့
စိတ်တွေအတိတ်မြေပြန်တူးဆွနေပေါ့လေ
တို့အတူလျောက်ဖူးတဲ့မြေနီလမ်းလေးလဲ
ဟိုအရင့်အရင်အတိုင်းလေးပဲမပြောင်းလဲ

အရာရာတွေအသစ်အသစ်မွေးဖွားပေးတဲ့
ကျောင်းတော်ပရဝုဏ်ရောင်စုံလေးပြန့်ကျဲ
တက္ကသိုလ်ရင်ခွင်တခုအထဲအမှတ်တမဲ့ပဲ
နင်ရယ်ငါရယ်ချစ်ကမ္ဘာတည်ခဲ့မိကြတယ်

ကန့်ကော်တန်းခုံပြာတန်းအင်းလျားလမ်း
တနံတလျားမှာခြေရာတွေပွသယောင်းထ
ရင်ခုန်သံအခန်းဆက်ညနေတွေဖန်ဆင်း
ဆန်းပြားတဲ့အချစ်ရဲ့ရနံ့လေးများမွေးဖွားပြီ

သစ်ပုပ်ပင်ချစ်တလင်းပေါ်အကြင်နာချခင်း
ရင်ခုန်သံတေးကဗျာဖွဲ့ချစ်စီးချင်းထိုးရင်းနဲ့
ရင်သိမ့်တုန်စေမဲ့ခမ်းနားတဲ့အနမ်းစက်များ
တမေ့တမောလေးဖွဲ့ပြီးသိမ်းထားဖြစ်တယ်

သက္ကရာဇ်လေးတွေတဖြေးဖြေးပဲ့ကြွေနေ
ယော်ဝါရွက်လေးတွေမြေမှာကြဲပြန့်နေတဲ့
မလိုချင်တဲ့နွေရက်တွေရောက်ခဲ့ပေါ့လေ
ခေါင်းလောင်းသံလေးတွေတိတ်ဆိတ်ပြီ

နွေးထွေးဖူးတွဲလက်တွေခုတော့ကွဲထွက်
ကျောခိုင်းနုတ်ဆက်နွေရယ်မင်းရက်စက်
ကန်ရေပြင်အင်းလျားနဲ့ဂျက်ဆင်အိုငိုနေခဲ့
အရာရာဟာတိတ်ဆိတ်အေးစက်ခဲ့ပြီပေါ့

နွေဆိုးနွေးဆိုးရယ်တကယ်လုပ်ရက်တယ်
ငါ့တိုတွေတနယ်စီခြားအောင်ပြုစားခဲ့တယ်
ချစ်လိပ်ပြာလေးတောင်ပံလေးဖြန့်ကျက်ပြီး
ငါတိုပြန်ဆုံမဲ့ညနေကိုမျှော်နေတာနင်သိနော်

ဝေဒနာအပိုင်းစများ(293) | Ecency